Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲလို့အမျိုးသမီးတစ်ဦးသေဆုံး

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သြဂုတ် – ၂၊ ၂၀၂၆ /People’s Spring

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

မိတ္ထီလာလေတပ်ကနေတက်လာတဲ့စက်တပ်လေထီးနှစ်စီးဟာ မိတ္ထီလာမြို့အနောက်ဘက်၊မလှိုင်မြို့ရဲ့တောင်ဘက်မှာရှိတဲ့ဒဟတ်တန်း(တောင်) ရွာကို ဗုံးကြဲတာပါ။

ဒဟတ်တန်း(တောင်)ရွာရဲ့နေအိမ်ဝိုင်းတစ်ခုထဲ ဗုံးကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသလို အမျိုးသားတစ်ဦးနဲ့ အခြားအမျိုးသမီးနှစ်ဦးလည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“နေအိမ်ပေါ် တည့်တည့်ကျလို့ အမျိုးသမီးတစ်ဦးနေရာမှာတင်သေဆုံးသွားပါတယ်”လို့န​ယ်ခံက ပြောပါတယ်။

အဲဒီလိုလေကြောင်းတိုက်ခိုက်ပြီးနောက်ရက် သြဂုတ်လ ၁ ရက် မနက်ပိုင်းမှာလည်း မိတ္ထီလာလေတပ်က စက်တပ်လေထီးတွေဟာ မလှိုင်မြို့နယ် အနောက်ပိုင်းကိုပျံသန်းတာတွေရှိလာတယ်လို့သိရပါတယ်။

မလှိုင်မြို့နယ်ကရွာတွေကိုအာဏာသိမ်းစစ်တပ်ကပြီးခဲ့တဲ့လပိုင်းတွေက စတင်ပြီးတိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်တဲ့အတွက် ပြည်သူတွေ စိုးရိမ်တကြီးနဲ့နေထိုင်ရတယ်လို့ နယ်ခံအချို့ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးအပတ်မှာဆိုရင်မလှိုင်မြို့နယ်မြောက်ဘက်ရှိ နှောကန်ရွာရဲစခန်းအတွင်းမှာတပ်စွဲထားတဲ့စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲတာကြောင့်သမန်းကန်ရွာခံအသက် ၇၀အရွယ်အမျိုးသားတစ်ဦးသေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။