Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ ပေါ်တာဆွဲတာသတိပြုဖို့ PDF ရဲဘော်တွေ လက်ကမ်းစာစောင်ဝေ

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - PDF

သြဂုတ် ၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ စစ်မှုထမ်းအမည်ခံ ပေါ်တာဆွဲအန္တရာယ်ကို ပြည်သူတွေ ပိုမိုသိရှိပြီး မိမိကိုယ်ကိုနဲ့ မိမိရဲ့ မိသားစုအား ကာကွယ်နိုင်ဖို့ ပြည်သူ့ရင်ခွင်-People’s Embrace နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့ ပူးပေါင်းပြီး ပညာပေး လက်ကမ်းစာစောင်တွေကို မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က မတရားသိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို လူငယ်လူရွယ်တွေ ပျောက်ဆုံးနေပြီး အများစုဟာ အဓမ္မ အနိုင်ကျင့် ပေါ်တာဆွဲခံရပြီးနိုင်ငံတဝှမ်းရှိ ရှေ့တန်းစစ်မျက်နှာတွေကို ပို့ဆောင်ကာ အတုံးအရုံး ကျဆုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့စစ်မှုထမ်းဥပဒေအမည်ခံ ပေါ်တာဆွဲမှုတွေဟာ ရပ်ကျေးယန္တရားအထိ လူကုန်ကူး ဈေးကွက်သဖွယ်ဖြစ်ပေါ်နေပြီး အခြေခံလူတန်းစားမိသားစုတွေနဲ့ လူလတ်တန်းစားမိသားစုတွေရဲ့ နေ့စဉ်လူမှုဘဝကို အကြီးအကျယ် ခြိမ်းခြောက်လာနေပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က ထပ်မံအသိပေးပါတယ်။

ပေါ်တာဆွဲခံရသူ ပစတွေဟာ စစ်မျက်နှာ အသီးသီးမှာအထိအခိုက်အကျအဆုံး များနေပြီး နေ့စဉ် PDF/ပကဖ/ERO တွေထံ အလင်းဝင်မှုတွေ၊ လက်နက်ချမှုတွေရှိနေတယ်လို့ သိရပါတယ်။

တိုင်းပြည်ကို ကြက်ဥတောင် ဝယ်မစားနိုင်လောက်အောင် ဆင်းရဲတွင်းနက်စေကာ လူတစုကို ကျိကျိတက်ချမ်းသာစေတဲ့ စစ်အာဏာရှင်စနစ်ကိုသာ တော်လှန်ရေးအင်အားစုတွေက ဦးတည် တိုက်ခိုက်နေ​တာဖြစ်ပြီး အတင်းအကြပ်အနိုင်ကျင့်ဖိအားပေးတာကြောင့် စစ်မှုထမ်းနေရတဲ့ ပြည်သူတွေ(ပစ) တွေကို နားလည်စာနာပြီး အလင်းဝင်မှုတွေကို နွေးထွေးစွာ ကြိုဆိုနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFက အသိပေးထုတ်ပြန်ပါတယ်။

စစ်တပ်ထံကနေ ပြည်သူ့ရင်ခွင်ခိုလှုံလိုသူ သန္ဓေ/ပသစ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အောက်ပါ
Telegram: https://t.me/MyanmarPeople Telegram (သို့) @MyanmarPeople
Signal: +66968847969
Viber: +66968847969
Facebook Page/ Messenger: ပြည်သူ့ရင်ခွင် – People’s Embrace တို့ကနေ ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။