Connect with us

Hi, what are you looking for?

News

ကော့နွဲ့ရွာတိုက်ပွဲမှာ စစ်​ကောင်စီတပ်က ၇ ဦး​သေဆုံး

အဲ့ဒီ ရင်ဆိုင်တိုက်ပွဲနှစ်ကြိမ်မှာ စစ်ကောင်စီဘက်က တပ်ခွဲမှူး ၂ ဦးအပါအဝင် ၇ ဦး သေဆုံးသွားခဲ့ပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်မဟာ ၆ လုံခြုံရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာမှာ မနေ့က KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်က တပ်ခွဲမှူးအဆင့်ရှိသူနှစ်ဦး အပါအဝင် ၇ ဦးသေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူသတင်းရင်းမြစ်ထံက
သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာထဲကို နယ်မြေကျော်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား ရင်ဆိုင်တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီ ရင်ဆိုင်တိုက်ပွဲနှစ်ကြိမ်မှာ စစ်ကောင်စီဘက်က တပ်ခွဲမှူး ၂ ဦးအပါအဝင် ၇ ဦး သေဆုံးသွားခဲ့ပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်မဟာ ၆ လုံခြုံရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဟာ ရွှေကြက်မင်းဘုရားကုန်းကနေ လက်နက်ကြီးနဲ့ အချက် ၃၀ ခန့် ပစ်ခတ်ခဲ့သေးတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာလည်း ကော့နွဲ့ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ခန့် ဝင်ရောက်လာတာကြောင့် ကော့နွဲ့၊ ရွာသစ်ကုန်း၊ အံကလောင် ကျေးရွာ ၃ ရွာက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီကိုကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။