Connect with us

Hi, what are you looking for?

News

မဲမသမာရှိရင် လူထုရှေ့မှာပေါ်တင်မဲနဲ့ပြိုင်မလားလို့တုန့်ပြန်ခဲ့သူ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ကို ရွေးကောက်ပွဲမသမာမှုလုပ်တယ်ဆိုပြီးစစ်ကောင်စီထောင် ၃ နှစ် ထပ်ချ

ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ဟာ စစ်တပ်အာဏာသိမ်းတဲ့နေ့က ထိန်းသိမ်းခံလိုက်ရတဲ့ရသူပါ။ ထိန်းသိမ်းပြီး ပြန်လွှတ်ပေးလိုက်ပေမယ့် ရက်ပိုင်းအကြာမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။

ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို စုစုပေါင်း ထောင်ဒဏ် နှစ် ၈၀ ထိချထား

NLD ပါတီရဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အချို့ကို ရွေးကောက်ပွဲမသမာမှုလုပ်တယ်ဆိုပြီး စစ်ကောင်စီက အမှုထပ်တိုးကာ ဒီနေ့မှာ အဲဒီအမှုနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၃၀ နှစ်ချလိုက်ပါတယ်။

ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ဆူပူအောင်လှုံဆော်မှု ၊အဂတိမှုတွေနဲ့စွပ်စွဲကာ ထောင်ဒဏ် ၇၇ နှစ်ချထားပြီးဖြစ်ပေမယ့် ရွေးကောက်ပွဲမသမာမှုနဲ့ ထောင်ဒဏ် ၃ နှစ် ထပ်ချတာကြောင့် စုစုပေါင်း ထောင်ဒဏ် နှစ် ၈၀ ထိဖြစ်သွားပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲ မသမာမှုလုပ်တယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် တို့ကိုရွေးကောက်ပွဲမသမာမှု လုပ်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ စွဲဆိုထားတာပါ။

Public Service Announcement

Public Service Announcement

ဒီလိုစွဲဆိုထားသူတွေထဲက အရင်ဆုံးအနေနဲ့ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ကို အဲဒီပုဒ်မ နဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ဟာ စစ်တပ်အာဏာသိမ်းတဲ့နေ့က ထိန်းသိမ်းခံလိုက်ရတဲ့ရသူပါ။ ထိန်းသိမ်းပြီး ပြန်လွှတ်ပေးလိုက်ပေမယ့် ရက်ပိုင်းအကြာမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။

ထိန်းသိမ်းခံရချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိကြီးတစ်ဦးက NLD ပါတီဟာ ရွေးကောက်ပွဲမှာမဲမသမာမှုလုပ်ပြီး နိုင်ငံတော်အာဏာကိုရယူဖို့ ကြိုးပမ်းတာကြောင့်စစ်တပ်ကအာဏာသိမ်းရတဲ့အကြောင်းအသိပေးခဲ့ပါတယ်။

ဒီလို မဲမသမာမှုရှိတယ်လို့စွပ်စွဲရင် လျို့ဝှက်မဲမလုပ်ဘဲ နဲ့ လူထုရှေ့မှာ မဲပုံးထောင်ပြီး အချိန်မရွေးရွေးကောက်ပွဲ ဝင်လို့ရတဲ့အကြောင်း ပြန်လည် တုန့်ပြန်ရာမှာတော့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိကြီးဟာ တစ်စုံတစ်ရာပြန်မပြောခဲ့ဘူးလို့ ဝန်ကြီးချုပ်က မီဒီယာကို ဖြေကြားခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။