Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံးအထိမ်းအမှတ် လှုပ်ရှားမှု တောင်ကိုရီးယားနိုင်ငံ နေရာ ၁၂ ခုမှာ တပြိုင်နက် ပြုလုပ်

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - MFDMC

သြဂုတ် ၇၊၂၀၂၆။သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလူထုလှုပ်ရှားမှုကို ဆိုးလ်မြို့ရှိ အာဆီယံစင်တာနဲ့ အာဆီယံသံရုံးတွေ အပါအဝင် စုစုပေါင်း နေရာ ၁၂ ခုမှာ တပြိုင်နက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းတွေက ကမ္ဘောဒီးယား၊ အရှေ့တီမော၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်သံရုံးတွေရှေ့မှာ ဆန္ဒပြခဲ့ကြပြီး မြန်မာတော်လှန်ရေးအဖွဲ့အစည်းများက ဘရူနိုင်း၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း သံရုံးများနဲ့ ကိုရီးယား-အာဆီယံစင်တာ ရှေ့တို့မှာ တပြိုင်နက်တည်း ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လှုပ်ရှားမှုတွေကို မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံတဲ့ ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းတွေ၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)၊ ကလေးကဘော်ထောက်ပို့အဖွဲ့၊ ဂွမ်ဂျုးမြန်မာ လူမှုရေးအသင်းနဲ့ ဗိုလ်သံချောင်းထောက်ပို့အဖွဲ့တို့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဆိုးလ်မြို့ရှိ အာဆီယံစင်တာနဲ့ အာဆီယံသံရုံးတွေရှေ့မှာ တစ်ဦးချင်းဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီအား အသိအမှတ်မပြုဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို လိုက်နာဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံတွေအနေနဲ့ အာဆီယံချာတာပေါ်မှာ ခိုင်မာစွာရပ်တည်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ဖိအားပေးဆောင်ရွက်လာဖို့ ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း MFDMC အဖွဲ့က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။