Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ကျွန်းတန်းတွေဆီ ပူတင်ရဲ့ လည်ပတ်မှုကို ဂျပန် ကန့်ကွက်

ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ ကျွန်းတန်းတွေဆီကို ရုရှား သမ္မတ ဗလာဒီမာ ပူတင် အလည်အပတ် သွားရောက်ခဲ့တဲ့အပေါ် ဂျပန် အစိုးရက ကန့်ကွက်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ ကျွန်းတန်းတွေဆီကို ရုရှား သမ္မတ ဗလာဒီမာ ပူတင် အလည်အပတ် သွားရောက်ခဲ့တဲ့အပေါ် ဂျပန် အစိုးရက ကန့်ကွက်ခဲ့ပါတယ်။

ဂျပန်က အိတိုရိုဖူလို့ခေါ်ပြီး ရုရှားက အစ်တူရပ်လို့ နာမည်ပေးထားတဲ့ ကျွန်းစုတွေဆီ ပူတင်က အလည်အပတ် သွားရောက်ခဲ့ကြောင်း ရုရှား အစိုးရ မီဒီယာက ဩဂုတ် ၁၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနေရာဟာ ကူရဲလ် ကျွန်းစုရဲ့ တောင်ပိုင်းက ဂျပန်နဲ့ ရုရှားတို့က ပိုင်နက်အဖြစ် အပြိုင်အဆိုင် ကြေညာထားတဲ့ ကျွန်းတန်းလေးခုထဲမှာ ပါဝင်ပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တိုရှီမစ်ဆူ မိုတက်ဂီက အဲဒီကျွန်းတွေဟာ သမိုင်းကြောင်း အရရော၊ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ အရပါ ဂျပန်ရဲ့ ပိုင်နက်အဖြစ် ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာကြောင့် အခု ခရီးစဉ်ကို အပြင်းအထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

ကူရဲလ်ကျွန်းစုဟာ ဂျပန်မြောက်ပိုင်းမှာရှိတဲ့ ဟော့ကိုင်းဒိုးကျွန်းနဲ့ ရုရှားပိုင် ကမ်ချတ်ကာ ဒေသတို့ကြားမှာ တည်ရှိပါတယ်။ အဲဒီ ကျွန်းစုရဲ့ တောင်ဖက်စွန်း အကျဆုံး ကျွန်းတန်းလေးခုကိုတော့ ဂျပန်က ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး မြောက်ပိုင်းနယ်မြေတွေလို့ ခေါ်ဆိုလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယ ကမ္ဘာစစ် အပြီးမှာ အဲဒီ နယ်မြေတွေကို ဆိုဗီယက် ပြည်ထောင်စု၊ မျက်မှောက်ခေတ် ရုရှားက ထိန်းချုပ်ခဲ့တယ်။ ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ် အပြီးမှာ ဆိုဗီယက်နဲ့ ငြိမ်းချမ်းရေးစာချုပ် မချုပ်ခဲ့တာဟာ အဲဒီကျွန်းစုတွေ ပိုင်ဆိုင်ခွင့် အငြင်းအခုံကြောင့် ဖြစ်ပါတယ်။ ဆိုဗီယက်ဟာ အဲဒီ ကျွန်းတန်းလေးခုကို သိမ်းယူပြီး ဂျပန်ဒေသခံ ၁၇၀၀၀ လောက်ကို နှင်ထုတ်ခဲ့ပါတယ်။

သူ့ရဲ့ ဩဂုတ် ၁၃ ရက် ခရီးစဉ် အတောအတွင်း ပူတင်ဟာ ဒေသခံတွေရဲ့ ငါးဥဟင်းလျာကို မြည်းစမ်းခဲ့ပြီး ဒေသခံလူထုနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ရုရှား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

အစ်တူရပ်ဟာ ရုရှားအတွက် စစ်ရေးအရလည်း ဗျူဟာမြောက် အရေးပါပြီး လေတပ်စခန်းတစ်ခု တည်ဆောက်ထားပါတယ်။ မနှစ်တုန်းကလည်း အဲဒီ ပိုင်နက် အငြင်းပွားရာ ရေပြင်နားမှာ ရုရှားက စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခဲ့ပြီး ဂျပန် အစိုးရက ရှုတ်ချခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဟာ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ ဒုံးကျည်တွေကို စစ်ပွဲမှာ အသုံးပြု တိုက်ခိုက်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ဘာသာပြန်ဆောင်းပါး

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။