ဩဂုတ်-၁၄၊၂၀၂၆။ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်၊တရုတ်ဓါတ်ငွေ့ပိုက်လိုင်းစောင့် ဒုဗိုလ်တဦးကို အရှင်ဖမ်းဖို့ကြိုးစဉ် ခုခံတာ ကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တောင်သာ People Defense Forceက ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၃ ရက် ၊မနက်၇နာရီမှာ ဝဲလောင်စခန်းကို အေးရွာ ဓါတ်ငွေ့ပိုက်လိုင်းအထိုင်ဂိတ် က စစ်သား တွေ အရပ်ဝတ်နဲ့သွားလာ နေတယ်ဆိုတဲ့ သတင်း ကြောင့် တောင်သာ People Defense Force(TTA-PDF)တပ်သားတွေ ကင်းပုံးဝတ် စောင့်ဆိုင်းခဲ့ပါတယ်။

အဲဒီအချိန် အေးရွာဓါတ်ငွေ့ပိုက်လိုင်းက နေ ဆိုင်ကယ်နဲ့ပြန်လာတဲ့စစ်တပ်ရဲ့၇၈(ကြည်း)မှ ဒုဗိုလ်မောင်သိန်းကိုတားဆီးပြီး ဖမ်းဆီးဖို့ကြိုးစားပေမယ့်လက်ပစ်ဗုံးထုတ်ကာပြန်လည်ခုခံဖို့ကြိုးစားတာ ကြောင့် ပစ်ခတ်လိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
“ဒီကောင့်ကိုချော့ခေါ်တာပါ။မရလို့ ပစ်လိုက်ရတာ”လို့ ဖြစ်စဉ်ကိုသိတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။
ဒုဗိုလ်မောင်သိန်းဆီက နေလက်ပစ်ဗုံးတလုံး၊ဆိုင်ကယ်တစီး၊ငွေသားတချို့နဲ့ဗုံးတလုံးကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့ TTA-PDF ကထုတ်ပြန်ထားပါတယ်။
မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာဒေသတွေထဲက စစ်တပ်ထိန်းချုပ်ဒေသတွေမှာစစ်တပ်က စစ်သားတွေ ၊ရဲတွေကို ပိုက်လိုင်းစောင့်စခန်း ထားပြီးစောင့်ခိုင်းတာမှာ တောင်သာမှာလည်း ပိုက်လိုင်းစောင့်စခန်းရှိတာဖြစ်ပါတယ် ။ တရုတ်က ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံထိ သဘာဝဓါတ်ငွေ့ နဲ့ရေနံတွေကိုအဲဒီပိုက်လိုင်းနဲ့သွယ်တန်းရယူတာဖြစ်ပါတယ် ။


















































