Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို ပူတင် ချီးကျူးထား

နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ချီးကျူးခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ချီးကျူးခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဂျပန် ကိုလိုနီ အုပ်စိုးမှု အောက်ကနေ ကိုရီးယားကျွန်းဆွယ် လွတ်မြောက်ခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဆီ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အဲဒီ သဝဏ်လွှာထဲမှာတော့ နှစ်နိုင်ငံကြားမှာ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေး အပါအဝင် ကဏ္ဍပေါင်းစုံက ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုတွေကို ထည့်သွင်း ချီးကျူးထားခဲ့တာလို့ KCNA သတင်းဌာနက ဆိုပါတယ်။

ဒါ့အပြင် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြောက်ကိုရီးယားနဲ့အတူ ရှေ့ဆက် လုပ်ဆောင်သွားနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားကြောင်းလည်း ပူတင်က သဝဏ်လွှာထဲမှာ ရေးသားထားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သိသိသာသာ ပိုမို နီးကပ်မှုတွေ ရှိလာသလို ယူကရိန်း စစ်ပွဲမှာလည်း ရုရှားကို ကူဖို့ မြောက်ကိုရီးယားက တပ်ကူတွေ၊ ခဲယမ်းမီးကျောက်တွေ ပေးပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၅ ရက်နေ့မှာတော့ ကင်မ်ဟာ ပြုံယမ်းမြို့တော်မှာရှိတဲ့ လွတ်မြောက်ရေး မျှော်စင်ဆီ သွားရောက်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်တုန်းက ကိုရီးယားတွေနဲ့အတူ လက်တွဲပြီး ဂျပန်ကို တိုက်ခိုက်ခဲ့တဲ့ ကျဆုံး ဆိုဗီယက် စစ်သည်တွေကို အလေးပြုခဲ့ပါတယ်။

ကင်မ်ရဲ့ နာမည် ရေးထိုးပြီး ‘ဆိုဗီယက် စစ်တပ်ရဲ့ သူရဲကောင်းတွေ စွမ်းဆောင်ပေးဆပ်ခဲ့သမျှကို ကျွန်ုပ်တို့ ဘယ်တော့မှ မမေ့ပါ’လို့ ရေးသားထားတဲ့ ပန်းခွေကိုလည်း အဲဒီ အခမ်းအနားမှာ တွေ့ခဲ့ရပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလ ဆိုဗီယက် ပြည်ထောင်စုဟာ မျက်မှောက်ခေတ်မှာတော့ ရုရှားနိုင်ငံ ဖြစ်လာပါတယ်။

သမိုင်းကြောင်းမှာ ကတည်းက သွေးချင်းနီးပြီး အတူလက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဆက်ဆံရေးဟာ နှစ်နိုင်ငံကြား လက်ရှိ ချဲ့ထွင်လာတဲ့ ခင်မင်ရင်းနှီးမှုတွေအတွက် အခြေခံ အုတ်မြစ်ကောင်း ဖြစ်ခဲ့တယ်လို့ ကင်မ်က ပြောကြားခဲ့ပါတယ်။

ရုရှား သမ္မတဟောင်းဖြစ်ပြီး လက်ရှိ ရုရှား အစိုးရ နိုင်ငံတော် လုံခြုံရေးကောင်စီ ဒုတိယ အကြီးအကဲ တာဝန် ယူထားတဲ့ ဒီမစ်ထရီ မက်ဗီဒက်ဗ်ကလည်း ကင်မ်ဆီကို ဂုဏ်ပြု သဝဏ်လွှာ သီးခြား ပေးပို့ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေသတွင်းမှာ ပြိုင်ဘက်နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ့် အစီအစဉ် မတိုင်ခင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။