Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုရီးယားကျွန်းဆွယ် စစ်ပွဲကို တရားဝင် အဆုံးသတ်နိုင်ဖို့ တောင်ကိုရီးယား သမ္မတ ကမ်းလှမ်း

ကိုရီးယားကျွန်းဆွယ် စစ်ပွဲကို တရားဝင် အဆုံးသတ်နိုင်ဖို့ တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယား အစိုးရဆီ တရားဝင် စကားကမ်းလှမ်းလိုက်ပါတယ်။

ဓာတ်ပုံ - EPA

ကိုရီးယားကျွန်းဆွယ် စစ်ပွဲကို တရားဝင် အဆုံးသတ်နိုင်ဖို့ တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယား အစိုးရဆီ တရားဝင် စကားကမ်းလှမ်းလိုက်ပါတယ်။

၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်ထိ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ ကိုရီးယားနှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံကြား တရားဝင် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုသေးတာကြောင့် သီအိုရီအရ လက်ရှိအချိန်ထိ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ဖြစ်နေဆဲလို့ သတ်မှတ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်နိုင်ငံအဖြစ် ပီပီပြင်ပြင် ရပ်တည်ဖို့ တစိုက်မတ်မတ် ကြိုးစားလာသလို ရုရှားနဲ့ စစ်မဟာမိတ် ဆက်ဆံရေးကိုလည်း မြှင့်တင်လာခဲ့ပါတယ်။

လီကတော့ တောင်ကိုရီးယား သမ္မတ ရာထူးကို လက်ခံချိန်ကစလို့ မြောက်ပိုင်းက ကွန်မြူနစ် နိုင်ငံနဲ့ ရင်ကြားစေ့ရေးမူကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်ကိုလိုနီ အုပ်စိုးမှုအောက်ကနေ ကိုရီးယားကျွန်းဆွယ် လွတ်မြောက်ခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဩဂုတ် ၁၅ ရက်နေ့ မိန့်ခွန်းမှာတော့ လီက ကိုရီးယားနှစ်နိုင်ငံကြားက စစ်ပွဲကို တရားဝင် အဆုံးသတ်ဖို့ ထည့်သွင်း ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား အပြန်အလှန် ခြိမ်းခြောက်နေမှုတွေ အားလုံးကို ဘေးဖယ်ပြီး ကာလရှည် ကြာမြင့်နေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်အောင် သက်ဆိုင်သူတွေ ဆွေးနွေးကြဖို့ တိုက်တွန်းကြောင်း လီက ပြောပါတယ်။

အဲဒီ အခြေအနေကနေတဆင့် မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းရည် ချဲ့ထွင်မှုကို ဟန့်တားနိုင်မယ့် ဆွေးနွေးမှု အခွင့်အလမ်းတွေ ရှိလာဖို့လည်း မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

လက်ရှိ အခြေအနေတွေ အရတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားအပေါ် ရန်သူနိုင်ငံအဖြစ် အတိအလင်း သတ်မှတ်ကြေညာထားပါတယ်။ ပြီးတော့ မကြာခင်မှာ ပြုလုပ်မယ့် အမေရိကန်-တောင်ကိုရီးယား နှစ်ပတ်လည် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချထားပါသေးတယ်။

ဇူလိုင်လတုန်းက တောင်ကိုရီးယား အစိုးရရဲ့ ကိုရီးယားနှစ်နိုင်ငံ ရင်ကြားစေ့ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စတွေကို တောင်းဆိုမယ့်အစား ရှိရင်းစွဲ လက်နက်အင်အားကို ထပ်မချဲ့ထွင်အောင် ပြောင်းလဲ အာရုံစိုက်ဖို့ ရည်ရွယ်ထားကြောင်း ကြေညာခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဟာမိတ် တောင်ကိုရီးယား နိုင်ငံနဲ့ နှစ်စဉ် ပူးပေါင်းပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှု အစီအမံတွေကို အခုနှစ်မှာ ပမာဏ သိသိသာသာ လျှော့ချမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ အင်ချွန်း နိုင်ငံတကာ လေဆိပ်ဟာ ကမ္ဘာပေါ်မှာ နိုင်ငံတကာ ခရီးသည် အဝင်အထွက် အများဆုံး၊ အလုပ်အများဆုံး လေဆိပ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်ခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဒေသတွင်းမှာ ပြိုင်ဘက်နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ့် အစီအစဉ် မတိုင်ခင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။