Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝင်ရှုပ်လာရင် မဟာမိတ် အိုမန်ကိုပါ ဗုံးကြဲမယ်လို့ ထရမ့်သတိပေး

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်တယ်လို့ ခံစားမိရင် မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

ဓာတ်ပုံ - AP

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်တယ်လို့ ခံစားမိရင် မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်နဲ့ အိုမန် အစိုးရတွေဟာ ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးခြား ဆွေးနွေးနေကြပါတယ်။ ၆ လလောက် ကြာမြင့်လာတဲ့ အီရန်-အမေရိကန် စစ်ပွဲကာလတလျှောက် အချိန်အများစုမှာ အဲဒီ နိုင်ငံတကာ ရေနံတင်ပို့မှု အဓိက ရေလမ်းကြောင်းဟာ အီရန်ရဲ့ ပိတ်ဆို့ခြင်းကို ခံထားရပါတယ်။

ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာ အီရန်အစိုးရ တာဝန်ရှိသူတွေက အိုမန်နဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် တိုးတက်နေပြီး သဘောတူညီမှု တစ်ခုခု ရရှိနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်နဲ့ အီရန်ကြား အပစ်အခတ် ရပ်စဲရေးနဲ့ နောက်ဆက်တွဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ကနဦး သဘောတူထားတဲ့ နားလည်မှု စာချွန်လွှာ (MoU)ရဲ့ ရက်ပေါင်း ၆၀ သတ်မှတ်ကာလဟာ အဲဒီနေ့မှာ သက်တမ်းကုန်ခဲ့ပါတယ်။

ဩဂုတ် ၁၇ ရက်နေ့က အိမ်ဖြူတော်၊ ဘဲဥပုံ ရုံးခန်းထဲမှာ သတင်းထောက်တွေက ထရမ့်ကို MoU သက်တမ်းထပ်တိုးဖို့ ဆန္ဒရှိမရှိ မေးမြန်းခဲ့တဲ့အခါ သူက မရှိကြောင်း ခပ်ပြတ်ပြတ် ပြန်ဖြေခဲ့ပါတယ်။ နောက်တော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ထရမ့်က ပို့စ်တစ်ခု တင်ထားခဲ့ရာမှာ အမြဲတမ်း တူညီတဲ့ အရေးအကြီးဆုံး ရည်မှန်းချက်က အီရန်ဟာ နျူကလီးယား လက်နက်တစ်ခုကို ဖန်တီးတာ၊ ပိုင်ဆိုင်တာ လုံးဝ မရှိစေဖို့ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

Fox သတင်းဌာနရဲ့ အဆိုအရ ထရမ့်ဟာ အီရန်-အိုမန် ညှိနှိုင်းနေမှုတွေနဲ့ ပတ်သက်ပြီး ဖုန်းအင်တာဗျူး တစ်ခုမှာ သူ့သဘောထားကို မှတ်ချက်ပေးခဲ့ရာမှာ အိုမန်က ဝင်ရှုပ်လာရင် သူတို့ကိုပါ အပြင်းအထန် ဗုံးကြဲမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ အဲဒီစကားကို ပြောချိန်မှာ ထရမ့်ဟာ Sနဲ့စပြီး ဆဲရေးတိုင်းထွာတဲ့ ဝေါဟာရကိုပါ ထည့်သွင်းသုံးနှုန်းခဲ့ပါတယ်။

ဒီနေရာမှာ ထရမ့်ဟာ ‘ဝင်ရှုပ်တယ်’ဆိုတာကို ဘယ်လို အဓိပ္ပါယ် သတ်မှတ်သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Foxနဲ့ အင်တာဗျူးမှာတော့ ထရမ့်က အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်ပြီး နိုင်ငံရေးအရလည်း ဩဇာကြီးမားတဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ အမေရိကန်ကြားမှာ လျှို့ဝှက် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ရှိတယ်လို့လည်း ပြောသွားခဲ့ပါသေးတယ်။ ဒါပေမဲ့ IRGC ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ အဲဒီစကားကို ငြင်းဆိုခဲ့ပါတယ်။

အိုမန်ဟာ ဟောမုဇ် ရေလက်ကြားတောင်ပိုင်းရေပြင်နဲ့ ထိစပ်နေတဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတစ်ခုပါ။ အမေရိကန် မဟာမိတ်ဖြစ်တဲ့ အိုမန်ဟာ အီရန်စစ်ပွဲမှာတော့ ကြားနေဝါဒကို ကျင့်သုံးမယ်လို့ ကြေညာထားပေမယ့် အီရန်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကိုတော့ ခံစားခဲ့ရပါတယ်။ လက်ရှိမှာတော့ အိုမန်ဟာ ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်ရေး အီရန်နဲ့ ဆွေးနွေးမှုတွေမှာ တက်ကြွပြီး အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုကနေ ဦးဆောင်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ အဆက်အသွယ်တွေ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

WHO အကြီးအကဲက ထရမ့်အစိုးရ၏ ကွယ်ဆေးမူဝါဒအပြောင်းအလဲအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ဖြန့်ကျက် တာဝန်ပေးထားချိန် ကြာမြင့်လွန်းလို့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်က ရေတပ်သားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အလွန်အမင်း ဖိအားဝင်နေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook