Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းက ကာယကြံ့ခိုင်မှု ပြိုင်ပွဲတစ်ခုမှာ ဘန်ကောက် အခြေစိုက် ကာယ သင်တန်းဆရာ သေဆုံး

ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ ကာယကြံ့ခိုင်မှုဆိုင်ရာ ပြိုင်ပွဲတစ်ခုမှာ ဘန်ကောက်မြို့တော် အခြေစိုက် ကာယ သင်တန်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - @leroy.offline/Instagram

ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ ကာယကြံ့ခိုင်မှုဆိုင်ရာ ပြိုင်ပွဲတစ်ခုမှာ ဘန်ကောက်မြို့တော် အခြေစိုက် ကာယ သင်တန်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။

ဘန်ကောက်မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် တောင်အာဖရိက နိုင်ငံသား လီရွိုင် ဆွန်ဒါးစ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်၊ ဩဂုတ် ၁၃ ရက်နေ့တုန်းက ပြုလုပ်တဲ့ Hyrox Bangkok 2026 ပြိုင်ပွဲမှာ လဲကျသွားခဲ့တာကြောင့် ရှေးဦးသူနာပြု နည်းတွေနဲ့ ကုသမှု ခံယူခဲ့ရပါတယ်။

သူဟာ သတိပြန်လည်လာပြီးတဲ့နောက် ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း ပြိုင်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ ဩဂုတ် ၁၈ ရက်နေ့မှာတော့ သူ့မိသားစုက ဆွန်ဒါးစ် သေဆုံးသွားတဲ့ သတင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူသေဆုံးခဲ့တဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။

ဆွန်းဒါးစ်ဟာ ဘန်ကောက်မှာ လူသိများတဲ့ ကြံ့ခိုင်ရေး နည်းပြတစ်ဦးဖြစ်ပြီး IAOT CrossFit gymရဲ့ ပိုင်ရှင်နဲ့ နည်းပြချုပ်လည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မိဖုရားကြီး သီရိခေတ် ကွန်ဗန်းရှင်း စင်တာမှာ ပြုလုပ်တဲ့ ပြိုင်ပွဲ အစီအစဉ်အတွင်း ပြေးလမ်းပေါ်မှာ ဆွန်းဒါးစ် လဲကျခဲ့တာ ဖြစ်ပါတယ်။ Hyrox eventဟာ ကာယကြံ့ခိုင်မှုပိုင်းကို အမြင့်ဆုံး တောင်းဆိုတဲ့ ပြိုင်ပွဲ အစီအစဉ် တစ်ခုဖြစ်ပြီး ပြိုင်ပွဲဝင်တွေဟာ စုစုပေါင်း ၈ ကီလိုမီတာ ပြေးလွှားရသလို တခြား စိန်ခေါ်မှုတွေကိုပါ ဖြတ်သန်းကြရပါတယ်။

ဆွန်ဒါးစ်ဟာ သူ့ဘဝကို နောင်တမရှိဘဲ ဖြတ်သန်းနေထိုင်ခဲ့ပြီး နောက်ထပ် လူပေါင်းများစွာကိုလည်း အလားတူ အခြေအနေမျိုး ပိုင်ဆိုင်နိုင်အောင် ကူညီပေးခဲ့တယ် ဆိုတာကိုတော့ သေချာပြောနိုင်ကြောင်း သူ့ရဲ့ Instagram စာမျက်နှာမှာ မိသားစုက ရေးသားထားခဲ့ပါတယ်။

Hyrox eventတွေဟာ သေချာလေ့ကျင့် ပြင်ဆင်ထားသူတွေအတွက် အရမ်းအန္တရာယ်များတဲ့ ပြိုင်ပွဲမျိုးတော့ မဟုတ်ပေမယ့် နှလုံးရဲ့ လုပ်အားကို အမြင့်ဆုံး တောင်းဆိုတဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ ပါဝင်တာကြောင့် အထူးသတိထား စောင့်ကြည့်မှုတွေတော့ လိုအပ်ကြောင်း နှလုံးကျန်းမာရေး ပညာရှင်တွေက ထောက်ပြထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

တော်ဝင်မိသားစုရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရဘိန်းဘုရင်ခွန်ဆာရဲ့ ညာလက်ရုံးအဖြစ်သတ်မှတ်ခံရသူအခုအခါမှာ အသက် ၈၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မူးယစ်ရာဇာတစ်ဦးကို ထိုင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီးသွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက အခမ်းအနား တစ်ခုမှာ လက်ရှိ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်း ၃ ဦးတို့ တွေ့ဆုံခဲ့ကြပါတယ်။

Facebook