Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံမှာ လေပြင်းကြောင့် ကြော်ငြာဆိုင်းဘုတ်တွေလဲကျ

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံလမ်းမပေါ်မှာရှိတဲ့ Snoopy Mobile ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်‌တွေ လဲကျခဲ့ပါတယ်။

Screenshot

ဩဂုတ်-၂၀၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံလမ်းမပေါ်မှာရှိတဲ့ Snoopy Mobile ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်‌တွေ လဲကျခဲ့ပါတယ်။

ဩဂုတ် ၁၉ ရက်မှာဖြစ်ခဲ့တာဖြစ်ပြီး ဆိုင်ပေါ်မှာထောင်ထားတဲ့ ဆိုင်းဘုတ်တွေက လမ်းမပေါ်က မီးကြိုးတွေပေါ်ကို လဲကျခဲ့တာပါ။

ဒါကြောင့် ကရိန်းကားနှစ်စီးနဲ့ မီးကြိုးတွေကို ထိန်းထားခဲ့ရတယ်လို့ မြင်တွေ့ကြသူတွေက ဗီဒီယိုဖိုင်တွေနဲ့ အတူ အသိပေးထားတာပါ။

Public Service Announcement

Public Service Announcement

ဒီဆိုင်က သူတို့ဆိုင်းဘုတ်အပေါ်မှာမှ ဖုန်းတံဆိပ်နာမည်တွေရဲ့ ကြော်ငြာတွေနဲ့ အထပ်ထပ် တင်ထားတာဖြစ်ပြီး လေတိုက်လို့လဲကျကုန်တာဖြစ်ပါတယ်။

ဆိုင်ဖွင့်ထားတဲ့နေရာက တစ်ထပ်ပျဉ်ထောင်အိမ်လေးသာဖြစ်တာကြောင့် အပေါ်ကဝိတ်ကို မခံနိုင်တာဖြစ်မယ်လို့ အခြေအနေကိုမြင်ကြရသူတွေက သုံးသပ်ပါတယ်။

“စည်ပင်က ဆိုဒ်အပေါ်မူတည်ပြီး ဆိုင်းဘုတ်အခွန်ရတယ်လေ။ ဆိုင်အနေအထားနဲ့ဆိုင်းဘုတ်ဆိုဒ် ဖြစ်သင့်မဖြစ်သင့် အရင် ထည့်စဉ်းစားလက်ခံရမှာ။ အခန့်မသင့်ရင် လူထိခိုက်နိုင်သလို မီးကြိုးထိ ပျက်စီးလဲ ပတ်ဝန်းကျင်က မီးပျက်ဒုက္ခခံရဦးမယ်” လို့ ပြည်သူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

ဒီဖြစ်စဉ်မှာ ဆိုင်းဘုတ်တွေကိုထောင်ဖို့ ခွင့်ပြုပေးတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆိုင်ကို အရေးယူမှုတွေလုပ်ဆောင်ဖို့ ပြည်သူတွေက တောင်းဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်၊ (၄၂) ရပ်ကွက် ၊ဦးဝိစာရလမ်းပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်မှာဒီနေ့ မွန်းလွဲပိုင်းကအမျိုးသားသုံးဦးဝင်ရောက်ပြီးဓားနဲ့ခုတ်တာကြောင့်ဆိုင်ရှင်အမျိုးသား​သေဆုံးသွားတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ အသက်(၃၁) နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး နေအိမ်ရှေ့တင် ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Trending

Facebook