Connect with us

Hi, what are you looking for?

သတင်း

ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းတရားစခန်း စစ်တပ် ဗုံးကြဲမှု သေဆုံးသူ ၂၀ကျော်လာ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တွေအပါအဝင် သေဆုံးသူ ၂၀ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

(ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-​ပေးပို့ )

သြဂုတ်-၂၁၊၂၀၂၆/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တွေအပါအဝင် သေဆုံးသူ ၂၀ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

” ဒီနေ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာက ဘုန်းကျောင်းကျောင်းတကျောင်းမှာ ပြည်သူတွေ ဥပုသ်နေ့ ဥပုသ်သီလဆောက်တည်နေကြတုန်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေဗုံးကြဲတာ သံဃာတော်တွေအပါအဝင် ပြည်သူတွေ (၂၀) ဦးကျော် သေဆုံးခဲ့ပါတယ်”လို့ ဦးနေဘုန်းလတ်က သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

ဒီကနေ့ ဩဂုတ် ၂၁ရက်ဟာ ဝါတွင်းကာလဖြစ်တဲ့ ဝါ​ခေါင်လဆန်း ၈ရက် ဥပုသ်နေ့ဖြစ်တာမို့ ဆွဲလဲအိုကျေးရွာဒေသခံတွေ တရားနာသီလယူနေကြစဉ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဓမ္မာရုံတည့်တည့်ကို ကြဲတာ။ ဘုရားခန်းကို ဒဲ့ ကျတာ။ဘုန်းကြီးလည်းပျံလွန်တယ်။ စုစုပေါင်း ဆယ်ဦးကျော် သေဆုံးတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သြဂုတ်၂၁ ရက် မနက်၉နာရီ ဝန်းကျင်က ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းဓမ္မာရုံက တရားစခန်းကိုစစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး​​လေးလုံးကြဲခဲ့တာလို့ သတင်းရရှိပါတယ်။သံဃာ​တော်​တွေ အပါအဝင် ဒေသခံဥပုသ်သည်တွေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook