Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုင်နက်အငြင်းပွားရာ ကျွန်းတွေနားမှာ ရုရှား ဒုံးကျည်စမ်းသပ်မှုကို ဂျပန်ကန့်ကွက်

ပိုင်နက် အငြင်းပွားရာ ကျွန်းစုတွေနားမှာ ဒုံးကျည် စမ်းသပ်ခဲ့တဲ့ လုပ်ရပ်ကို ဂျပန်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ပိုင်နက် အငြင်းပွားရာ ကျွန်းစုတွေနားမှာ ဒုံးကျည် စမ်းသပ်ခဲ့တဲ့ လုပ်ရပ်ကို ဂျပန်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

လဆန်းပိုင်းတုန်းက ရုရှားသမ္မတ ဗလာဒီမာပူတင် အလည်အပတ် သွားရောက်ခဲ့ရာ ကျွန်းစုတွေနားမှာ ရုရှားက ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီး အဲဒီကိစ္စကို ဂျပန်ဆီ ကြိုတင် အသိပေး အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။

ရုရှားနဲ့ ဂျပန်ကြားမှာ တည်ရှိတဲ့ ကူရဲလ် ကျွန်းစုရဲ့ တောင်ဖက်စွန်း အပိုင်းတွေကို နှစ်နိုင်ငံ ပိုင်ဆိုင်ခွင့် အငြင်းပွားနေတာပါ။ ဂျပန်က မြောက်ပိုင်းနယ်မြေလို့ ခေါ်ဝေါ်တဲ့ အဲဒီ ကျွန်းတွေကို ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုက သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင် ကျွန်းတွေပေါ်မှာ နေထိုင်တဲ့ ဂျပန်ဒေသခံတွေကိုပါ နှင်ထုတ်ခဲ့ပါတယ်။

အဲဒီနယ်မြေ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုတွေကြောင့်လည်း ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်မှာ ဆိုဗီယက်နဲ့ စစ်ပြေငြိမ်းရေး စာချုပ်ကို မချုပ်ဆိုခဲ့တာပါ။ မကြာသေးခင်က အဲဒီ ကျွန်းတွေဆီ ပူတင်က အလည်အတပ် သွားရောက်ပြီး အခြေချ နေထိုင်တဲ့ ရုရှား ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဂျပန်အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၁ ရက်မှာတော့ ဂျပန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဂျပန်ဟာ ရုရှားရဲ့ ဒုံးကျည်စမ်းသပ်မယ့်ကိစ္စ အသိပေး အကြောင်းကြားမှုကို တရားဝင် ကန့်ကွက်ခဲ့တယ်လို့ AFP သတင်းဌာနဆီကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားရဲ့ ပစိဖိတ် ရေတပ်ဖွဲ့ကတော့ ဒုံးကျည် စမ်းသပ်မှု တစ်ခုကိုတောင် လုပ်ဆောင်ထားပြီးပြီလို့ ဩဂုတ် ၂၀ မှာ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဘယ်နေ့မှာ စမ်းသပ်မှု လုပ်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မကြေညာခဲ့ပါဘူး။

Varyag စစ်သင်္ဘောဟာ Vulkan အမျိုးအစား သင်္ဘောဖျက် ဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့သလို နျူကလီးယား ရေငုပ်သင်္ဘော Omskကလည်း Granit ခရုစ် ဒုံးကျည်တွေကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း၊ တပြိုင်တည်းမှာတင် ကူရဲလ်ကျွန်းပေါ်ကနေပြီးလည်း ကမ်းရိုးတန်း အခြေစိုက် Bastion ဒုံးကျည် စနစ်ကို အသုံးပြုပြီး Oniks ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့ကြောင်း ရုရှားက ထုတ်ပြန်ပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိရှီမစ်ဆူ မိုတီဂီကတော့ မြောက်ပိုင်းနယ်မြေမှာ ရုရှားစစ်တပ် အင်အားစုရုံးနေတာ၊ ဒုံးကျည် စမ်းသပ်မှုတွေ လုပ်နေတာ၊ ဂျပန်ရဲ့ မြောက်ပိုင်းနယ်မြေ ပိုင်ဆိုင်မှုကို ငြင်းဆိုတဲ့ အပြုအမူတွေ ပြသနေတာကို လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၁၃ ရက်နေ့က အဲဒီကျွန်းစုတွေဆီ ပူတင် သွားရောက်ခဲ့တဲ့နောက် ဂျပန်က ရုရှား သံအမတ်ကို ဆင့်ခေါ် ကန့်ကွက်ခဲ့ပြီး အဲဒီနောက် ရုရှားကလည်း တူညီတဲ့ နည်းလမ်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်းမှာ ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့ အဓိက စီးပွားရေးဇုန် စီမံကိန်း နေရာကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းမြန်မာစစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။