Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဆင့်မြင့် တိုက်လေယာဉ်တွေ မောင်းတတ်ဖို့ သင်တန်းတက်နေတဲ့ ထိုင်းဘုရင့် မိဖုရား

ထိုင်းဘုရင့် မိဖုရားဟာ လေတပ်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို မောင်းနှင်တတ်ဖို့ မွမ်းမံ သင်တန်း တက်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - The Nation

ထိုင်းဘုရင့် မိဖုရားဟာ လေတပ်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို မောင်းနှင်တတ်ဖို့ မွမ်းမံ သင်တန်း တက်နေကြောင်း သိရပါတယ်။

မိဖုရားကြီး သုဒိတာ ဖတ်ချရာ ဆုသာ လက္ခဏဟာ ဩဂုတ် ၂၀ ကနေ စက်တင်ဘာ ၄ ရက်ထိ ကြာအောင် ထိုင်းတော်ဝင် ဆူရတ်ဌာနီမှာ ရှိတဲ့ ထိုင်းလေတပ်ရဲ့ စခန်းတစ်ခုမှာ သင်တန်း တက်နေကြောင်း လေတပ်က ထုတ်ပြန်ပါတယ်။

လေတပ်ရဲ့ သင်တန်းမှူးတွေနဲ့ ပျံသန်းရေးဆိုင်ရာ ကျွမ်းကျင်သူတွေက မိဖုရားကြီး သုဒိတာ အနေနဲ့ ဆွီဒင်လုပ် Gripen တိုက်လေယာဉ်တွေကို တစ်ဦးတည်း ကိုင်တွယ် မောင်းနှင်နိုင်တဲ့ အဆင့်ထိ ကူညီလေ့ကျင့် သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

အဲဒီကနေ သင်တန်းဆင်းလာပြီးရင်တော့ သုဒိတာဟာ ထိုင်းနိုင်ငံ သမိုင်းမှာ တိုက်လေယာဉ် တက်မောင်းနိုင်တဲ့ ပထမဆုံး ဘုရင့်မိဖုရားအဖြစ် မှတ်တမ်းဝင်လာဖွယ် ရှိပါတယ်။ အသက် ၄၈ နှစ်အရွယ် သုဒိတာဟာ ထိုင်းဘုရင် မဟာ ဝဇီရာလောင်ကွန်းရဲ့ မိဖုရားခေါင်ကြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သုဒိတာမှာ လေယာဉ်မှူး လိုင်စင်ရှိသလို လေယာဉ်အမျိုးအစား တချို့ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်ပါတယ်။ ဆူရတ်ဌာနီမှာ သင်တန်း သွားမတက်ခင် သုဒိတာဟာ နက်ခွန်ပသွမ်က ထိုင်းတော်ဝင်လေတပ် လေ့ကျင့်ရေးကျောင်းမှာ L-39 အမျိုးအစား အပေါ့စား တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်ခဲ့ပါတယ်။ ပြီးတော့ ကွန်ပျူတာနဲ့ သရုပ်တူ လေ့ကျင့်ပျံသန်းမှု ၇ ကြိမ်ထိ အောင်အောင်မြင်မြင် စွမ်းဆောင်ပြထားပြီး ဖြစ်ပါတယ်။

ပြီးတော့ သင်တန်းစမတက်ခင် ကတည်းက မိဖုရားကြီးဟာ ဆူရတ်ဌာနီမှာရှိတဲ့ အမှတ် ၇ လေတပ်အုပ်ဆီ မကြာခဏ သွားရောက်ပြီး Gripen Cနဲ့ Gripen Dတိုက်လေယာဉ်တွေရဲ့ နည်းပညာဆိုင်ရာ ကိစ္စတွေကို မေးမြန်းမှတ်သားခဲ့သလို တိုက်လေယာဉ်မှူးတွေဆီကလည်း အတွေ့အကြုံတွေ အကြံဉာဏ် ယူခဲ့ပါတယ်။

သုဒိတာဟာ ထိုင်းလေတပ်နဲ့ ထိုင်းကြည်းတပ်တွေရဲ့ ပျံသန်းမှုဆိုင်ရာ သင်ရိုးတွေ အားလုံးကို ပြီးဆုံးအောင် သင်ယူခဲ့ပြီး ဂျာမနီမှာ အဆင့်မြင့် ပျံသန်းမှုဆိုင်ရာ သင်တန်းတွေ ထပ်တက်ခဲ့ပါတယ်။

မိဖုရားခေါင်ကြီးဟာ ထိုင်းတော်ဝင် မိသားစု စီးနင်းတဲ့ Boeing 737-400 လေယာဉ်ကြီးမှာလည်း တွဲဖက်လေယာဉ်မှူးအဖြစ် တာဝန်ယူလေ့ ရှိပါတယ်။ အခုတော့ သူဟာ အရပ်ဖက် ပျံသန်းမှု လေ့ကျင့်ရေး အစီအမံတွေအပြင် အဆင့်မြင့် တိုက်လေယာဉ်တွေကိုပါ ကိုင်တွယ်နိုင်မယ့် လေ့ကျင့်မှုမျိုးကို ခံယူနေတာ ဖြစ်ပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။