Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်က ရေဘေးသင့် စစ်ရှောင်တွေ တဲတွေမျောပါပြီးနောက် နေထိုင်စားသောက်ရေး အခက်အခဲတွေ ကြုံနေရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဧရာဝတီမြစ်​ဘေးက စစ်ရှောင်ပြည်သူတွေရဲ့ တဲတွေ ရေထဲမျောပါပြီးနောက် နေထိုင်စားသောက်ရေး အခက်အခဲတွေ ကြုံနေရပါတယ်။

Screenshot

သြဂုတ်-၂၂၊ ၂၀၂၆။ ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဧရာဝတီမြစ်​ဘေးက စစ်ရှောင်ပြည်သူတွေရဲ့ တဲတွေ ရေထဲမျောပါပြီးနောက် နေထိုင်စားသောက်ရေး အခက်အခဲတွေ ကြုံနေရပါတယ်။

သြဂုတ်လလယ်ပိုင်းက ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ငါန်းဇွန်မြို့နယ်၊ ဧရာဝတီမြစ်ဘေး၊ ဂျပန်ကျွန်း၊ အောက်ကျွန်းက စစ်ရှောင်တွေရဲ့တဲတွေ ရေထဲမျောပါသွားခဲ့ကြောင်း၊ ယခုအခါ ရေလွတ်ရာကုန်းတွေမှာ ယာယီတဲထိုးနေထိုင်နေရပြီး စစ်ရှောင် အိမ်ထောင်စုပေါင်း တစ်ရာကျော်က လူဦးရေ ၃၀၀ ကျော်ဟာ စားသောက်နေထိုင်ရေး အခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“စစ်ရှောင်ရတဲ့အပြင်ကို ရေဘေးပါထပ်ရှောင်ရတာ။ အိမ်တွေကျွတ်ပါတယ်။ အိမ်တွေအကုန် ကျွတ်ပါသွားတော့ ရှိတဲ့ကိုင်းပင်လေး ဆွဲနေရတယ်”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယခင်က ၎င်းစစ်ရှောင်တွေကို ထောက်ပံ့ကြေးလာပေးတာတွေ ရှိခဲ့ပေမယ့် ယခုအခါ ထောက်ပံ့ကြေးမရတာ တစ်နှစ်ကျော်နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ကြောင်း၊ ရေဘေးသင့်တဲ့အခါမှာလည်း ကူညီကယ်ဆယ်ရေးနဲ့ လှူဒါန်းတာတွေ ရောက်မလာခဲ့ကြောင်း စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

အဆိုပါ စစ်ရှောင်တွေဟာ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ၎င်းတို့ဒေသမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်တမံ၊ ရေလှောင်ကန်တွေကနေ ရေလွှတ်တာတွေကြောင့် လက်ရှိမှာ စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေဘေးကြောင့် စုစုပေါင်း လူဦးရေ ၆၁၉,၇၆၈ ဦးခန့် ထိခိုက်ခံစားနေရပြီး သေဆုံးသူ ၃၂ ဦးနဲ့ပျောက်ဆုံးသူ ၂ ဦး ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးမှုတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဆုံးအရှုံးတွေကြောင့် ပြည်ပကို ကြက်ဥ တင်ပို့မှုတွေ လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေက ကြက်မွေးမြူရေး ကုမ္ပဏီတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။

သတင်း

‌ရေဘေးနဲ့ မြေပြိုဘေးရင်ဆိုင်နေရတဲ့ သရက်ချောင်းမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

ဆောင်းပါး

“အလုပ်လုပ်ရင် မိသားစုကို ကျွေးနိုင်မယ်” ဒါဟာ အသက် ၃၄ နှစ်အရွယ် ကိုမင်းရဲ့ ဘဝတလျှောက် ယုံကြည်ခဲ့တဲ့ ရိုးရှင်းတဲ့အယူအဆတခု ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ စက်တင်ဘာ လလယ်ကစလို့ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာသလို အာဏာပိုင်တွေက နောက်ထပ်လည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်လာနိုင်သေးကြောင်း သတိပေးထားပါတယ်။

Facebook