Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

ဩဂုတ်-၂၂၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းမ၊ ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်းမှာ အောင်လံမြို့နယ်ကနေ တောင်တွင်းကြီးမြို့နယ်ကို မောင်းလာတဲ့ စစ်ကား ၂ စီးကို တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်ကျေးရွာနဲ့ဆတ်သွားကျေးရွာကြား လမ်းပိုင်းတနေရာ ဩဂုတ် ၂၀ ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကားပေါ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများပြီး အရေအတွက်ကို စိစစ်ဆဲလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ကားတစ်စီးစီပေါ်မှာ က အင်အား ၂၅ ဦးစီလောက်ပါမယ်လို့တော့ ကျွန်တော်တို့ခန့်မှန်းတယ်”လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

တိုက်ခိုက်အပြီး ကျန်တဲ့စစ်ကားပေါ်ကနေ ပြန်လည်ပစ်ခတ်ခဲ့မှုတွေရှိပေမယ့် တော်လှန်ရေး ရဲဘော် တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို တောင်တွင်းကြီးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ )၊မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-မကွေး ပကဖ၊မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ နဲ့ တောင်တွင်းကြီး Rocket Fighter အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တောင်တွင်းကြီးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပုဏ္ဏဝတီ (LDF) ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်တွင်းကြီးမြို့နယ် ပကဖရဲ့ ကွပ်ကဲမှုအောက် ၀င်ရောက်ခဲ့ပြီး တောင်တွင်းကြီးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ)အဖြစ် ပြောင်းလဲထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှုးကား မိုင်းထိသွားတာကြောင့် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ မြို့ပြစစ်ဆင်ရေးစစ်ကြောင်း(U.O.C)က ဒီနေ့ မတ်လ ၈ရက်မှာ ထုတ်ပြန်ပါတယ်။