Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါ-တိဘက် နယ်စပ် ကုန်းမြင့်ဒေသ ရေကြီးမှုကြောင့် သေဆုံးသူ ၁၆၀ ထက်မနည်းရှိလာ၊ ရာနဲ့ချီ ပျောက်ဆုံးနေ

တရုတ်ရဲ့ တိဘက်ကုန်းမြင့်နဲ့ နီပေါနိုင်ငံတို့ ထိစပ်ရာ နယ်စပ်ဒေသနားက ရုတ်တရက် ရေကြီးမှုမှာ သေဆုံးသူ ၁၆၀ ထက်မနည်း ရှိလာသလို နောက်ထပ် ရာနဲ့ချီ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်ရဲ့ တိဘက်ကုန်းမြင့်နဲ့ နီပေါနိုင်ငံတို့ ထိစပ်ရာ နယ်စပ်ဒေသနားက ရုတ်တရက် ရေကြီးမှုမှာ သေဆုံးသူ ၁၆၀ ထက်မနည်း ရှိလာသလို နောက်ထပ် ရာနဲ့ချီ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

ဩဂုတ် ၂၆ ရက်နေ့ မနက်ပိုင်းက တောင်ပေါ်ကနေ ရုတ်တရက် ရွှံ့ရေတွေ ထုထည် အများအပြား စီးကျလာတာကြောင့် နီပေါရဲ့ တိုင်မူရီ၊ ဆိုင်ရာဟူဘက်ဆီ၊ တိဘက်ရဲ့ ဂျီရောင်ခရိုင်ထဲက ဒေသတချို့မှာ ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဟိန္ဒူ ဘာသာရေး ပွဲတော်တစ်ခုနဲ့ တိုက်ဆိုင်နေတာ၊ ခြေလျင် တောင်တက်သမားတွေကြားမှာ ကျော်ကြားတဲ့ လန်တန်း အမျိုးသားဥယျာဉ် တောင်တက်ခရီးစဉ် ရှိနေတာတွေကြောင့် အဲဒီနယ်စပ်နားမှာ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ စည်ကားနေချိန်မှာ ရေကြီးမှု ပေါ်ပေါက်လာခဲ့တာပါ။ ဒါကြောင့်လည်း ပျောက်ဆုံးနေသူတွေထဲမှာ နိုင်ငံခြားသား ရာနဲ့ချီ ပါဝင်နေပါတယ်။

ဩဂုတ် ၂၆ ရက် ညပိုင်းထိ အခြေအနေအရ ရုပ်အလောင်း ၁၅၇ ခုကို ရွှံ့နွံတွေအောက်ကနေ ဆွဲထုတ်ထားခဲ့ပြီး ဒဏ်ရာရသူ ၄၀ ကျော်ကို ဆေးရုံပို့ပေးခဲ့ရကြောင်း နီပေါ ရဲတပ်ဖွဲ့က ပြောပါတယ်။ တိဘက်ပိုင်နက်ထဲမှာတော့ သေဆုံးသူ ၃ ဦးထက်မနည်း ရှိခဲ့ပြီး ၂၆၅ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မူလက ပျောက်ဆုံးသူ အရေအတွက်ကို ၃၈၄ ဦးလို့ ကြေညာထားရာကနေ အခုအခါ ၄၀၃ ဦးထိ စာရင်းရထားကြောင်း နီပေါ ကမ္ဘာလှည့် ခရီးသွား ဘုတ်အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီထဲက ၃၄၁ ဦးဟာ နိုင်ငံခြားသားတွေလို့ ဆိုပါတယ်။ ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသားတွေ စာရင်းဟာ အမျိုးသား ၂၀၃ ဦးနဲ့ အမျိုးသမီး ၂၀၀ တို့ ဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာတော့ အဆောက်အအုံတွေပေါ် ဧရာမ ရွှံ့ရေထုကြီး ဖုံးလွှမ်းသွားတာတွေ၊ တံတားတွေကို တိုက်စား ချိုးဖျက်သွားတာတွေကို တွေ့ခဲ့ရပါတယ်။

ရုတ်တရက် ရေကြီးရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက တိတိကျကျ မကြေညာသေးပေမယ့် နီပေါ ရှီဆာ ခါနဲလ်ကတော့ ဟိမဝန္တာ တောင်တန်းတွေမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တစ်ခုကြောင့် ဘိုတေးကောရှီမြစ်ရဲ့ ရေလမ်းကြောင်း ပိတ်ဆို့ပြီး အဲဒီကနေတဆင့် မြစ်ရေတွေက တောင်ကျရေအဖြစ် စီးဆင်းလာတာလို့ ယူဆရကြောင်း မှတ်ချက် ပေးထားပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်ပြီး စုံစမ်းနေဆဲပါ။

အခုရေကြီးမှုကြောင့် ဘိုတေးကောရှီ မြစ်ကြောင်းတလျှောက် ကျေးရွာတချို့ရဲ့ အခြေခံ အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။ လမ်းတွေပါ ရေတိုက်စား၊ မြေပြိုကျမှုတွေကြောင့် ပိတ်ဆို့ကုန်ပြီး ကယ်ဆယ်ရေးတွေ အတွက်လည်း အခက်ကြုံနေပါတယ်။ ရုတ်တရက် ရေကြီးပြီး ရေပြန်ကျသွားလို့ ရွှံ့နွံတွေ ဖုံးကျန်ခဲ့တဲ့ နီပေါဖက်ခြမ်း ကျေးရွာတွေမှာလည်း ရဟတ်ယာဉ် ဆင်းသက်လို့ မရဘဲ ဖြစ်နေပါတယ်။

နီပေါမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စစ်တပ်နဲ့ ရဲအင်အား အလုံးအရင်းပါ ပူးပေါင်း ကူညီပေးနေပါတယ်။ အာဏာပိုင်တွေက လတ်တလောမှာတော့ ဒေသခံတွေ အနေနဲ့ ဘိုတေးကောရှီ၊ ထရီရှူလီနဲ့ နာရာယာနီ မြစ်တွေနားကနေ ခပ်ဝေးဝေး နေကြဖို့လည်း နှိုးဆော်ထားပါတယ်။

တရုတ် အစိုးရ မီဒီယာတွေကတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ အန္တရာယ် ကြုံနေတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့၊ ဒဏ်ရာရသူတွေကို အဆောတလျင် ကုသပေးနိုင်ဖို့ ဒေသဆိုင်ရာ အရာရှိတွေကို ညွှန်ကြားထားကြောင်း ဖော်ပြခဲ့ပါတယ်။ နောက်ထပ် ရေကြီးမှုတွေ ဖြစ်လာနိုင်ခြေအတွက် ကြိုတင် သတိပေး စနစ်တွေ သေချာ ပြင်ဆင်ထားဖို့လည်း ရှီက လမ်းညွှန်ထားပါတယ်။

တရုတ် သမ္မတ လီကျန်းကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အရင်းအမြစ်အားလုံး ပုံအော အသုံးပြုဖို့ ပြောကြားထားသလို ပျောက်ဆုံးစာရင်း အတိအကျ ရရှိအောင် အားထည့် လုပ်ဆောင်ဖို့လည်း ညွှန်ကြားထားကြောင်း သိရပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

ဆောင်းပါး

(ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲပြင်တွေနဲ့ ရေခဲမြစ်တွေ အရည်ပျော်လာတဲ့အခါ)

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ တိဘက်ကုန်းမြင့် ဒေသနဲ့ နီပေါနိုင်ငံ နယ်စပ်နားမှာ ရုတ်တရက် အကြီးအကျယ် ရေကြီးမှုကြောင့် ကမ္ဘာ့လှည့် ခရီးသွားတွေ အပါအဝင် လူပေါင်း ရာနဲ့ချီ ပျောက်ဆုံးနေပါတယ်။

သတင်း

ရေဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေ မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ရေကြီးချိန်ကနေရာရွေ့ပြီး မျောပါလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုသတိပြုကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကသတိပေးပါတယ်။