Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေဘေးမှာ အသက်ရှင်ကျန်သူတွေကိုလိုက်လံကယ်ဆယ်တဲ့ ဗီဒီယိုမှတ်တမ်းတွေကို နီပေါစစ်တပ်ထုတ်ပြန်

နီပေါစစ်တပ်က ရေဘေးအတွင်းအသက်ရှင်ကျန်နေသူတွေကို ကယ်ဆယ်တဲ့ဗီဒီယိုမှတ်တမ်းတွေကို ထုတ်ပြန်လာပါတယ် ။

Screenshot

သြဂုတ်-၂၈၊၂၀၂၆။People’s Spring

နီပေါစစ်တပ်က ရေဘေးအတွင်းအသက်ရှင်ကျန်နေသူတွေကို ကယ်ဆယ်တဲ့ဗီဒီယိုမှတ်တမ်းတွေကို ထုတ်ပြန်လာပါတယ် ။

ရာဆူဝါ (Rasuwa) ခရိုင်ရှိ ရေအားလျှပ်စစ်စက်ရုံရဲ့ ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်နေတဲ့ ရုပ်သံမှတ်တမ်းလည်းပါဝင်ပါတယ် ။ဗီဒီယိုထဲမှာဥမင်လိုဏ်ခေါင်းအတွင်း အသက်ရှင်ကျန်ရစ်သူတွေဟာ ကယ်ဆယ်ရေးအဖွဲ့တွေရှိရာကို ရောက်ရှိဖို့ ထူထပ်တဲ့ ရွှံ့နွံတွေကြားကနေ တွားသွားပြီး ထွက်လာတာကို တွေ့ရပါတယ်။

ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် နီပေါစစ်သားတွေကလည်း ရွှံ့နွံတွေပေါ် တွားသွားပြီးကယ်ထုတ်ကြရတာကိုတွေ့ရပါတယ် ။နေရာအနှံ

Public Service Announcement

Public Service Announcement

ရွှံ့နွံတွေကျန်ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့နွံတွေကြားခက်ခက်ခဲခဲကယ်တင်ကြရတာကိုတွေ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာထိုင်းစစ်တပ်က ရဟတ်ယာဉ်တွေအဓိကအသုံးပြုတာတွေ့ရပါတယ် ။

သြဂုတ် ၂၈ ရက် နံနက် ၉ နာရီအထိ့ နီပေါစစ်တပ်က လေကြောင်းအသုံးပြုပြီး ၇၂၄ဦးကို နေရာပြောင်းရွေ့ကယ်တင်ပေးခဲ့ပါတယ်။

အဲဒီအထဲမှာ နိုင်ငံခြားသား ၁၀၁ ဦးပါဝင်ပါတယ်။

မြေပြင်မှာရှာဖွေကယ်ဆယ်ရေးလုပ်ပြီး ကယ်ဆယ်ပေးခဲ့သူပေါင်း၂၀၀ ဦးရှိခဲ့သလို ဒဏ်ရာရသူ ၁၁၄၅ ဦးကိုဆေးဝါးကုသပေးခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ် ။

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နီပေါစစ်သား ၄၅၀၀ ခန့်အသုံးပြုပြီးရှာဖွေကယ်ဆယ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ် ။

သြဂုတ် ၂၆ ရက်မနက်ပိုင်းက ဟိမဝန္တာတောင်တန်းတွေနဲ့ထိစပ်တည်ရှိနေတဲ့ရေခဲမြစ်တစ်ခုကျိုးပေါက်ရာကနေ နိပေါ-တိဘက်နယ်စပ်ဒေသမှာ တောင်ပေါ်ဆူနာမိလို့ဆိုးရွားတဲ့ရေဘေးကြုံခဲ့ရတာပါ။ရေဘေးကြောင့် နီပေါမှာ သြဂုတ် ၂၈ ညနေပိုင်းအထိသေဆုံးသူ ၅၃၈ ဦးရှိပြီလို့ နီပေါရဲတပ်ဖွဲ့ကအတည်ပြုထားပါတယ် ။ ဒါ့အပြင် ၁၃၀၀ ဦးခန့်ဟာပျောက်ဆုံးနေပြီး ပျောက်ဆုံးနေသူတွေထဲမှာအမေရီကန်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေလည်းပါဝင်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံက အထပ်မြင့် တိုက်ခန်းတစ်ခုရဲ့ လုံခြုံရေး သံပန်းမှာ ခေါင်းညပ်ပြီး တွဲလောင်းဖြစ်နေတဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ပြုတ်ကျမသွားအောင် ဒေသခံတွေက ခွေးခြေခုံ တစ်ခုနဲ့ ခံထားပေးခဲ့ပြီး နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

ရေဘေးနဲ့ မြေပြိုဘေး ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ ဒီကနေ့ ရုပ်အလောင်း ၁လောင်း ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံ အလယ်ပိုင်းက ကုန်းမြင့်ဒေသတွေမှာ ရေကြီးမှုတစ်ခု ကြုံတွေ့ခဲ့ပြီး အိမ်တွေ၊ အဆောက်အအုံတွေ၊ တံတားတွေ ရေစီးနဲ့ မျောပါ ပျက်စီးကုန်သလို လူ ၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်ထဲကမမြဆည် တာဘောင်အိကျမှုပိုဆိုးလာပြီး ကျိုးကျမယ့်အန္တရာယ်ကြောင့် ဆည်အောက်ဖက်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာတိမ်း​ရှောင်နေကြရပါတယ်။