သြဂုတ်-၂၈၊၂၀၂၆။People’s Spring
နီပေါစစ်တပ်က ရေဘေးအတွင်းအသက်ရှင်ကျန်နေသူတွေကို ကယ်ဆယ်တဲ့ဗီဒီယိုမှတ်တမ်းတွေကို ထုတ်ပြန်လာပါတယ် ။
ရာဆူဝါ (Rasuwa) ခရိုင်ရှိ ရေအားလျှပ်စစ်စက်ရုံရဲ့ ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်နေတဲ့ ရုပ်သံမှတ်တမ်းလည်းပါဝင်ပါတယ် ။ဗီဒီယိုထဲမှာဥမင်လိုဏ်ခေါင်းအတွင်း အသက်ရှင်ကျန်ရစ်သူတွေဟာ ကယ်ဆယ်ရေးအဖွဲ့တွေရှိရာကို ရောက်ရှိဖို့ ထူထပ်တဲ့ ရွှံ့နွံတွေကြားကနေ တွားသွားပြီး ထွက်လာတာကို တွေ့ရပါတယ်။
ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် နီပေါစစ်သားတွေကလည်း ရွှံ့နွံတွေပေါ် တွားသွားပြီးကယ်ထုတ်ကြရတာကိုတွေ့ရပါတယ် ။နေရာအနှံ

Public Service Announcement
ရွှံ့နွံတွေကျန်ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့နွံတွေကြားခက်ခက်ခဲခဲကယ်တင်ကြရတာကိုတွေ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာထိုင်းစစ်တပ်က ရဟတ်ယာဉ်တွေအဓိကအသုံးပြုတာတွေ့ရပါတယ် ။
သြဂုတ် ၂၈ ရက် နံနက် ၉ နာရီအထိ့ နီပေါစစ်တပ်က လေကြောင်းအသုံးပြုပြီး ၇၂၄ဦးကို နေရာပြောင်းရွေ့ကယ်တင်ပေးခဲ့ပါတယ်။
အဲဒီအထဲမှာ နိုင်ငံခြားသား ၁၀၁ ဦးပါဝင်ပါတယ်။
မြေပြင်မှာရှာဖွေကယ်ဆယ်ရေးလုပ်ပြီး ကယ်ဆယ်ပေးခဲ့သူပေါင်း၂၀၀ ဦးရှိခဲ့သလို ဒဏ်ရာရသူ ၁၁၄၅ ဦးကိုဆေးဝါးကုသပေးခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ် ။
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နီပေါစစ်သား ၄၅၀၀ ခန့်အသုံးပြုပြီးရှာဖွေကယ်ဆယ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ် ။
သြဂုတ် ၂၆ ရက်မနက်ပိုင်းက ဟိမဝန္တာတောင်တန်းတွေနဲ့ထိစပ်တည်ရှိနေတဲ့ရေခဲမြစ်တစ်ခုကျိုးပေါက်ရာကနေ နိပေါ-တိဘက်နယ်စပ်ဒေသမှာ တောင်ပေါ်ဆူနာမိလို့ဆိုးရွားတဲ့ရေဘေးကြုံခဲ့ရတာပါ။ရေဘေးကြောင့် နီပေါမှာ သြဂုတ် ၂၈ ညနေပိုင်းအထိသေဆုံးသူ ၅၃၈ ဦးရှိပြီလို့ နီပေါရဲတပ်ဖွဲ့ကအတည်ပြုထားပါတယ် ။ ဒါ့အပြင် ၁၃၀၀ ဦးခန့်ဟာပျောက်ဆုံးနေပြီး ပျောက်ဆုံးနေသူတွေထဲမှာအမေရီကန်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေလည်းပါဝင်နေပါတယ်။


















































