Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နောက်တစ်ကြိမ် ရေကြီးနိုင်ခြေကြောင့် နီပေါနဲ့ နယ်စပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေ တရုတ် ဆိုင်းငံ့ထား

နီပေါနိုင်ငံနဲ့ ထိစပ်ရာ တိဘက်ကုန်းမြင့် ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို နောက်တစ်ကြိမ် ရေကြီးနိုင်တဲ့ အန္တရာယ်ကြောင့် တရုတ်က ဆိုင်းငံ့ထားပါတယ်။

ဓာတ်ပုံ - Reuters

နီပေါနိုင်ငံနဲ့ ထိစပ်ရာ တိဘက်ကုန်းမြင့် ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို နောက်တစ်ကြိမ် ရေကြီးနိုင်တဲ့ အန္တရာယ်ကြောင့် တရုတ်က ဆိုင်းငံ့ထားပါတယ်။

ဩဂုတ် ၂၆ ရက် မနက်ပိုင်းတုန်းက ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ ရေခဲမြစ်တစ်ခု ကျိုးပျက်ရာက နီပေါ-တိဘက် နယ်စပ်ဒေသတွေဆီ တောင်ကျရေတွေ ပမာဏ အမြောက်အမြား စီးဆင်းလာပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ ရွှံ့တွေအောက် နစ်မြုပ်ပြီး ရွာလုံးကျွတ် ပျောက်ကွယ်သွားတာမျိုးတွေပါ ကြုံခဲ့ရပါတယ်။

ဩဂုတ် ၂၈ ရက် မနက်ပိုင်းထိ နီပေါဖက်မှာ ၄၆၉ ဦးထက်မနည်း သေဆုံးပြီး ၉၁၀ ကျော် ပျောက်ဆုံးနေပါတယ်။ ဒေသတွင်းမှာ ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခုကြောင့် ဘုရားဖူး ဧည့်သည်တွေနဲ့ ခြေလျင်တောင်တက် ခရီးစဉ် တစ်ခုအတွက် နိုင်ငံတကာ တောင်တက်သမားတွေ ရောက်ရှိနေတာကြောင့် ပျောက်ဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၅၀၀ ကျော် ပါဝင်နေခဲ့ပါတယ်။

တရုတ်ဖက်ခြမ်းမှာတော့ သေဆုံးသူ စာရင်းကို ၃ ဦးသာ ထုတ်ပြန်ထားပေမယ့် ၅၅၈ ဦးထက်မနည်း ပျောက်ဆုံးနေပါတယ်။ တရုတ်အစိုးရဟာ ရေကြီးမှုဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ ဂျီရောင် နယ်စပ်ဧရိယာဆီ ကယ်ဆယ်ရေး အဖွဲ့ဝင် ၈၀၀ လောက် စေလွှတ်ပေးထားပြီး ပျောက်ဆုံးနေသူတွေကို အပူတပြင်း လိုက်ရှာနေပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဩဂုတ် ၂၈ ရက်နေ့မှာတော့ နောက်ထပ် အလားတူ တောင်ကျရေတွေ စီးဆင်းလာနိုင်တဲ့ အန္တရာယ်မျိုး ရှိကောင်းရှိလာနိုင်တာကြောင့် ကယ်ဆယ်ရေး မစ်ရှင်တွေကို ဆိုင်းငံ့ထားလိုက်ကြောင်း တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဟိမဝန္တာ တောင်တန်းဒေသမှာ ရေခဲမြစ် ကျိုးပျက်ပြီး သဘာဝ ရေတားအိုင်လိုမျိုး ဖြစ်တည်နေတဲ့ ရေကန်ကြီးမှာ ရေပမာဏ တိုးလာပြီး နောက်ထပ် အလုံးအရင်း လျှံကျလာမှာကို စိုးရိမ်ရတာကြောင့် ကယ်ဆယ်ရေးတွေ ဆိုင်းငံ့ထားဖို့ အစိုးရက ညွှန်ကြားထားတာလို့ CCTV သတင်းဌာနက ဆိုပါတယ်။

ကယ်ဆယ်ရေး အဖွဲ့အားလုံးဟာ တောင်ကျရေတွေ စီးဆင်းလာနိုင်တဲ့ နေရာတွေကနေ ရွှေ့ပြောင်းနေကြပြီး နောက်ထပ် ညွှန်ကြားချက်ကို စောင့်နေပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ မူလက အလုပ်လုပ်နေခဲ့တဲ့ နေရာကနေ အနည်းဆုံး တစ်ကီလိုမီတာ အကွာထိ ဆုတ်ခွာဖို့ လမ်းညွှန်ချက် ရထားပါတယ်။ အဲဒီဒေသက ရုတ်တရက် ရေကြီးမှု အန္တရာယ်ဟာ ကျော်လွန် ပြီးဆုံး မသွားသေးဘူးလို့လည်း CCTVက သတိပေးထားပါတယ်။

ရေကြီးမှု ဖြစ်ပွားရာ ဘိုတေးကောရှီမြစ်နားမှာ ဖြစ်ပေါ်နေတဲ့ သဘာဝ ရေတားကန်ရဲ့ ရေမျက်နှာပြင် ပြန်လည် မြင့်တက်လာမှုကို ဩဂုတ် ၂၇ ရက်နေ့မှာ စတင် ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ အဲဒီအခြေအနေသာ ပြောင်းလဲမသွားရင် ၇၂ နာရီအတွင်း နောက်ထပ် တောင်ကျရေ အလုံးအရင်း စီးကျမှုမျိုး ထပ်ကြုံနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒါဆို နီပေါမှာ နောက်ထပ်ရေခဲမြစ်ရေလွှမ်းမိုးမှု ဘယ်အချိန် ထပ်ဖြစ်မလဲ ဆိုတာ သိပ္ပံပညာရှင်တွေ ကြိုတင်ခန့်မှန်းနိုင်ပါသလား။

နိုင်ငံတကာ

နီပေါစစ်တပ်က ရေဘေးအတွင်းအသက်ရှင်ကျန်နေသူတွေကို ကယ်ဆယ်တဲ့ဗီဒီယိုမှတ်တမ်းတွေကို ထုတ်ပြန်လာပါတယ် ။

ဆောင်းပါး

ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။