Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့မှာ စစ်တပ်က ကင်းထောက်လေယာဉ်ပျံသန်းမှု ခပ်စိပ်စိပ်လုပ်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

(၂၀၂၄ ဩဂုတ် ၁၃ ရက်က လားရှိုးလေဆိပ်မှာ လုံခြုံရေးယူထားတဲ့ MNDAA တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ- The Kokang)

ဩဂုတ်−၃၀၊၂၀၂၆အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သြဂုတ်တတိယပတ်ကစပြီး စစ်တပ်က ကင်းထောက်လေယာဉ်ပျံသန်းမှုတွေပိုများလာတာလို့ ဒေသခံတွေက ပြောပါတယ်။သြဂုတ်၂၈ရက်နဲ့ ၂၉ရက်မှာ စစ်တပ်ကင်းထောက်လေယာဉ် ၂စီး ၂ရက်ဆက် အနိမ့်ပျံသန်းမှုရှိခဲ့တယ်လို့ လားရှိုးမြို့ဒေသခံတွေက ပြောပါတယ်။

” ပုံမှန်အခြေနေတော့မဟုတ်ဘူး ဖြစ်နေတယ်။ နေရတာတော့ အမှန်တကယ် ကျီးလန့်စာစားပဲ။ ဒီရက်ထဲ ပိုသာတယ်။ စစ်တပ်က ကင်းလှည့် အင်အားပြတာတွေလည်းရှိတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ PDF ပါဝင်တဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ဩဂုတ်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးမြို့ကို သိမ်းယူခဲ့ပြီး MNDAAက ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်ကပြီးခဲ့တဲ့ ၂၀၂၅ ဧပြီမှာ ပြန်လည်တောင်းယူထားပါတယ်။

စစ်တပ်က မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။ စစ်တပ်နဲ့ MNDAA အကြိမ်ကြိမ်ညှိနှိုင်းနေ ပေမယ့် ပြေလည်မှုမရသေးပါဘူး။

စစ်တပ် ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း ‌မြို့ပေါ်ကို ရှော့တိုက်ဒုန်းနဲ့ လေးကြိမ်တိုက်ခိုက်ခံထားရပါတယ်။

ဖေဖော်ဝါရီ ၇ရက်၊ဖေဖော်ဝါရီ ၁၁ရက်၊ဧပြီ ၂၃ရက်နဲ့ ဇူလိုင် ၉ရက်တွေမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ဇူလိုင် ၉ရက်က ဖြစ်စဉ်မှာ ရပ်ကွက်(၆)က အရပ်သားအမျိုးသမီး ၁ဦးသေဆုံးပြီး ရပ်ကွက်(၁၀)က ၁ဦး ဒဏ်ရာရသွားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ‌ကျောက်မဲ၊ ကွတ်ခိုင်၊ နန့်ဖက်ကာနဲ့မူဆယ်မြို့နယ်တွေမှာ ကင်းထောက်လေယာဉ်နဲ့ဂျက်ဖိုက်တာပျံသန်းမှုတွေ ရှိခဲ့ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော်( KIA) ထိန်းချုပ်ထားတဲ့ နမ့်ဖက်ကာမြို့ကို သြဂုတ် ၁၄ရက်ညပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိ MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကိုလည်း ၂၀၂၅ ဇူလိုင် ၃၀ရက်မှာ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၇ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုပြီး တော်လှန်‌ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့တွေကို ပြန်လည်တောင်းယူနေပါတယ်။

မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှာ နောင်ချို၊သီပေါ၊ လားရှိုး၊သန္နီ၊ကွတ်ခိုင်၊မူဆယ်မြို့တို့ပါဝင်ပါတယ်။ စစ်တပ်က နောင်ချို၊သီပေါနဲ့ လားရှိုးမြို့ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး လားရှိုးမြို့ပတ်ဝန်းကျင်ကကျေးရွာတွေနဲ့သန္နီ၊ကွတ်ခိုင်မြို့ကို MNDAA၊နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊မူဆယ်မြို့နယ်က နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားပါတယ်။

နယ်စပ်ကုန်သွယ်ရေးဟာ အစိုးရအချင်းချင်းဆောင်ရွက်ရတာဖြစ်လို့ ဘယ်ကြားခံ အဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ဇူလိုင် ၉ ရက်က ပြုလုပ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ကင်းထောက်လေယာဉ်နဲ့ဂျက်ဖိုက်တာပျံသန်းမှုတွေ ပိုများလာတာလို့ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...

Facebook