Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ကုန်တင်လေယာဉ် ပြေးလမ်းချော်ပြီး ကားလမ်းပေါ်ရောက်၊ ၅ ဦးသေဆုံး

အမေရိကန်မှာ အရပ်ဖက် ကုန်တင်လေယာဉ်တစ်စီး ပြေးလမ်းကနေ ကျော်ထွက်ပြီး ကားလမ်းပေါ် ရောက်သွားတာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်မှာ အရပ်ဖက် ကုန်တင်လေယာဉ်တစ်စီး ပြေးလမ်းကနေ ကျော်ထွက်ပြီး ကားလမ်းပေါ် ရောက်သွားတာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Amazon Prime Air ကုမ္ပဏီရဲ့ ခရီးသည်တင် လေယာဉ်ဟာ စက်တင်ဘာ ၆ ရက်နေ့တုန်းက မီယာမီ နိုင်ငံတကာ လေဆိပ်ကို ဆင်းသက်ချိန်မှာ ပြေးလမ်းချော်မှု ဖြစ်ခဲ့တာပါ။

လေယာဉ်ဟာ ပြေးလမ်းကနေ ကျော်ထွက်သွားတဲ့နောက် လေဆိပ်ဘေး လမ်းပေါ်မှာ သွားလာနေတဲ့ ကားတွေကိုပါ အရှိန်ပြင်းပြင်း ဝင်တိုက်ခဲ့ပြီး မီးစွဲလောင်ခဲ့ပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေမှာတော့ လေယာဉ်ဟာ ရှေ့ဘီးရဲ့ ဝင်ရိုးတိုင် ကျိုးသွားပုံမျိုး ဦးစိုက်လျက်သား ရပ်တန့်နေတာကို တွေ့ရပါတယ်။

ကနဦး စုံစမ်းမှုတွေအရ Boeing 767-300 အမျိုးအစား လေယာဉ်ဟာ လေဆိပ် အပြင်ဖက်ကို အရှိန်နဲ့ ဆက်ပြီး ရွေ့လျားသွားရင်း ဆက်သွယ်ရေး တာဝါတိုင်တွေ၊ ကားတွေနဲ့ ဝင်ဆောင့်မိလို့ ရှေ့ဘီးဝင်ရိုး ကျိုးသွားခဲ့တာလို့ သိရပါတယ်။ လေယာဉ်ဟာ ပြေးလမ်းပေါ်က ကျော်ထွက်သွားတဲ့ အချိန်ထိ တစ်နာရီကို မိုင် ၁၃၀ မြန်နှုန်းမျိုးထိ ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံ မီးသတ်တပ်ဖွဲ့ အကြီးအကဲ ရေး ဂျာဒဲလားက အခင်းဖြစ်တဲ့ နေရာမှာ ၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၅ ဦးရှိကြောင်း၊ အဲဒီထဲက ၃ ယောက်က ဒဏ်ရာပြင်းကြောင်း ပြောပါတယ်။ လေယာဉ်နဲ့ တိုက်မိပြီးတဲ့နောက် ကားတွေထဲကနေ ထွက်မရဘဲ ပိတ်မိနေသူ ၂ ယောက်ကိုလည်း မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ခဲ့ရပါတယ်။ လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးတို့လည်း လေယာဉ်ထဲက ထွက်မရဘဲ ပိတ်မိနေပါတယ်။

အာဏာပိုင်တွေကတော့ လေယာဉ် မတော်တဆမှုအပြီး မီးလောင်မှုပါ ဖြစ်ခဲ့တဲ့အတွက် သေဆုံးသူတွေက ဘယ်သူတွေလဲ ဆိုတာကို လတ်တလော အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ သေဆုံးသူတွေဟာ လေယာဉ် အမှုထမ်းတွေလား၊ ယာဉ်မောင်းတွေလား ဆိုတာကိုလည်း မထုတ်ပြန်သေးပါဘူး။

ဆိုးရွားတဲ့ လေယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့နောက် လေဆိပ်ထဲက ပြေးလမ်းတွေ အားလုံးကို ပိတ်ထားခဲ့ရသလို လေဆိပ်အပြင်ဖက် အဝေးပြေးလမ်းပိုင်းကိုပါ ယာယီ ပိတ်ထားခဲ့ရပါတယ်။

အဲဒီလေယာဉ်ဟာ Amazon Prime Airက ငှားရမ်းထားပြီး ကုန်တင်လေကြောင်းလိုင်း 21 Airက ပိုင်ဆိုင်ကြောင်း၊ ပွာတိုရီကိုနိုင်ငံ၊ ဆန်ဟွမ်မြို့ကနေ ပျံတက်လာပြီး မီယာမီကို ဆင်းသက်ချိန်မှာ မတော်တဆမှု ဖြစ်ခဲ့ကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ 21 Airကတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Amazon Prime Airရဲ့ လေယာဉ်တစ်စီး လူအသေအပျောက်ဖြစ်တဲ့ မတော်တဆမှုမျိုး ကြုံရတာဟာ ပထမဆုံး ကိစ္စတော့ မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း Boeing 767-300 လေယာဉ်တစ်စီး မီယာမီကနေ ဟူစတန်ကို ပျံသန်းရင်း ထရီနီတီ ပင်လယ်ကွေ့နားမှာ ပျက်ကျခဲ့တာကြောင့် လိုက်ပါသွားသူ ၃ ဦးစလုံး သေဆုံးခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို ပိုပြီးမြန်မြန်၊ ပိုပြီးပြင်းပြင်းထန်ထန်နဲ့ နာနာကျင်ကျင် ထိုးနှက်သွားမယ်လို့ အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ အမေရိကန်တို့ဟာ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထားပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြသလို နှစ်ဖက်ကြား စစ်ရေးအရ တင်းမာမှုတွေဟာ ဆက်တိုက် ပြန်လည် မြင့်တက်လာနေပါတယ်။

နိုင်ငံတကာ

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။