Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် သွင်းကုန်တွေအပေါ် ကနေဒါရဲ့ တုံ့ပြန် အခွန်စည်းကြပ်မှု စတင်အသက်ဝင်

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။

အမေရိကန်နဲ့ ကနေဒါတို့ကြားမှာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့တဲ့နောက် နှစ်နိုင်ငံကြား သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်တိုးကောက်ဖို့ အကြောင်းဖန်လာပါတယ်။ ပြီးတော့ လက်ရှိ အချိန်ထိ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု တစ်ခုခု ရရှိအောင် ညှိနှိုင်းနိုင်မယ့် အလားအလာမျိုးလည်း မတွေ့ရသေးပါဘူး။

ညှိနှိုင်းမှုတွေ အထမမြောက်ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကနေဒါရဲ့ ဒေါ်လာ ၂၀ ဘီလီယံဖိုးလောက် သွင်းကုန်တွေအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်စည်းကြပ်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးကလည်း အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေနဲ့ ထပ်တူထပ်မျှ တုံ့ပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက်နေ့မှာ စတင် အသက်ဝင်မယ့် ကနေဒါရဲ့ တန်ပြန် အခွန်စည်းကြပ်မှုတွေမှာတော့ အမေရိကန်ဖက်ကနေ တင်သွင်းတဲ့ သံမဏိထည်တွေ၊ ပရိဘောဂတွေ၊ ချည်သား တီရှပ်တွေနဲ့ တခြားကုန်စည် အမျိုးအစားတချို့ အကျုံးဝင်လာမှာပါ။ အခွန်စည်းကြပ်မှု နှုန်းထား အသစ်တွေဟာ ကုန်စည်တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ မြင့်တက်သွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက အမေရိကန်ရဲ့ ငါးနဲ့ ကျောက်ပုစွန် တင်သွင်းမှုတွေ အပေါ်မှာပါ အခွန်စည်းကြပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြည်တွင်းမှာ အပြင်းအထန် ကန့်ကွက်မှုတွေ ရှိလာတာကြောင့် စာရင်းထဲကနေ ပြန်ဖယ်ရှားခဲ့ရပါတယ်။ အခွန်စည်းကြပ်နှုန်း မြှင့်လိုက်တဲ့အခါ ကုန်စည်စျေးတွေလည်း တိုးလာတာတဲ့အတွက် စားသုံးသူတွေဖက်မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အမေရိကန်နဲ့ ကနေဒါ အစိုးရတွေက ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ခု ရဖို့ စိတ်အားထက်သန်နေကြောင်း အသီးသီး ပြောဆိုထားပေမယ့် ဩဂုတ် လကုန်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြယ်ပြီးနောက်ပိုင်း ညှိနှိုင်းမှုတွေ ပြန်စမယ့် အရိပ်အယောင်မျိုး မတွေ့ရသေးပါဘူး။

ကာနေးကတော့ နှစ်နိုင်ငံစလုံး အကျိုးရှိစေပြီး အရှည်တည်တံ့နိုင်မယ့် သဘောတူညီမှု တစ်ခု ရရှိဖို့ အမေရိကန်နဲ့ ညှိနှိုင်းသွားလိုကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာတော့ အမေရိကန်ရဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျေမီဆန် ဂရီရာက ကနေဒါရဲ့ တန်ပြန် အခွန်စည်းကြပ်မှုကို ဝေဖန်ခဲ့ပြီး အမေရိကန်က နောက်ထပ် ကနေဒါ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေ ထပ်တိုးနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အမေရိကန်နဲ့ ကနေဒါတို့ဟာ ကမ္ဘာပေါ်မှာ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုး အမြင့်ဆုံး နိုင်ငံတွေအဖြစ် ရပ်တည်နေပြီး ၂၀၂၅ ခုနှစ် စာရင်းအရ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၉၀၀ ဘီလီယံ နီးပါးလောက် ရှိခဲ့ပါတယ်။ လတ်တလောမှာ နှစ်ဖက် ကုန်သွယ်ခွန်တွေ အပြိုင်မြှင့်တင်လာတဲ့အတွက် အမေရိကန်နဲ့ ကနေဒါ ကုမ္ပဏီတွေဟာ နောက်ဆက်တွဲ ဖြစ်လာမယ့် သက်ရောက်မှုတွေအတွက်လည်း အပူတပြင်း အဖြေရှာနေရပြီ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ လုပ်ငန်း အခြေမစိုက်ရင် လေယာဉ်တွေ ရောင်းချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကနေဒါ လေယာဉ်ကုမ္ပဏီ Bombardierကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို ပိုပြီးမြန်မြန်၊ ပိုပြီးပြင်းပြင်းထန်ထန်နဲ့ နာနာကျင်ကျင် ထိုးနှက်သွားမယ်လို့ အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ အရပ်ဖက် ကုန်တင်လေယာဉ်တစ်စီး ပြေးလမ်းကနေ ကျော်ထွက်ပြီး ကားလမ်းပေါ် ရောက်သွားတာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ အမေရိကန်တို့ဟာ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထားပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြသလို နှစ်ဖက်ကြား စစ်ရေးအရ တင်းမာမှုတွေဟာ ဆက်တိုက် ပြန်လည် မြင့်တက်လာနေပါတယ်။