Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အသက် ၅၈ နှစ် အရွယ်မှာ ဘယ်လောက် ကြံ့ခိုင်နေသလဲဆိုတာ ပြသခဲ့တဲ့ မွန်ဂိုလီးယား သမ္မတ

စစ်တပ်စခန်း တစ်ခုကို သွားရောက်လည်ပတ်ရင်း မွန်ဂိုလီးယား သမ္မတက အသက် ၅၈ နှစ် အရွယ်မှာ သူ့ရဲ့ ကာယခွန်အား ဘယ်လောက် သန်စွမ်းသလဲ ဆိုတာကို ပြသသွားခဲ့ပါတယ်။

စစ်တပ်စခန်း တစ်ခုကို သွားရောက်လည်ပတ်ရင်း မွန်ဂိုလီးယား သမ္မတက အသက် ၅၈ နှစ် အရွယ်မှာ သူ့ရဲ့ ကာယခွန်အား ဘယ်လောက် သန်စွမ်းသလဲ ဆိုတာကို ပြသသွားခဲ့ပါတယ်။

သမ္မတ အွတ်ခ်နားဂင်း ခူးရယ်ဆွတ်ခ်ဟာ စစ်သားတွေ ကိုယ်ကာယ လေ့ကျင့်တဲ့ နေရာမှာ ကီလိုဂရမ် ၁၀၀ အလေးချိန်ကို ရင်ဘတ်အားနဲ့ တွန်းတင်တဲ့ လေ့ကျင့်မှု ပုံစံကို အကြိမ် ၂၀ လုပ်ပြခဲ့ပါတယ်။ ကိုယ်တိုင်က စစ်တပ် အရာရှိဟောင်း တစ်ဦးဖြစ်တဲ့ သမ္မတဟာ ရှပ်အင်္ကျီနဲ့ လည်စည်းကို ဝတ်ဆင်ထားလျက်သားနဲ့ပဲ သူ့ရဲ့ ကာယကြံ့ခိုင်မှုကို စစ်သားတွေနဲ့ အစိုးရ အရာရှိတွေ ရှေ့မှာ ပြသခဲ့တာ ဖြစ်ပါတယ်။

အလေးမပြနေတဲ့ သူ့ရဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာလည်း လျင်လျင်မြန်မြန် ပျံ့နှံ့သွားပါတယ်။ သမ္မတဟာ အဲဒီစစ်စခန်းကို စက်တင်ဘာ ၁၀ ရက်နေ့တုန်းက သွားရောက် လည်ပတ်ခဲ့တာပါ။ သူဟာ တပ်ထဲမဝင်ခင်တုန်းက ကာယဗလနဲ့ ကိုယ်ခံပညာတွေကိုလည်း လိုက်စားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ စစ်မှုထမ်းခဲ့ပြီး အဲဒီကနေ နိုင်ငံရေး နယ်ပယ်ဆီ ကူးပြောင်းလာခဲ့တာပါ။

သူဟာ ဂီတာတီး ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်ပြီး Palsလို့ နာမည်ပေးထားတဲ့ Rockဂီတ အဖွဲ့တစ်ခုမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် Harley-Davidson မော်တော်ဆိုင်ကယ် အားပေးနှစ်သက်သူတွေ စုဝေးထားတဲ့ ကလပ်တစ်ခုကိုပါ ဦးစီး ထူထောင်ထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ကိုးကား: CNA

ဆက်စပ်သတင်းများ