Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား လောင်စာဆီ ထုတ်လုပ်ရေး အဆောက်အအုံတွေကို မတိုက်ခိုက်ဖို့ ယူကရိန်းကို ထရမ့် တိုက်တွန်း

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့ရှိ ကုန်သိုလှောင်ရုံများ မီးလောင်ကျွမ်းနေစဉ်။ ဓာတ်ပုံ - AP

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ အဓိက ဝင်ငွေလမ်းကြောင်း တစ်ခုဖြစ်တဲ့ လောင်စာ တင်ပို့ရောင်းချမှုတွေကို ဖြတ်တောက်ဖို့ရော၊ ပြည်တွင်း ဖူလုံမှု လျော့ကျသွားစေဖို့ပါ ရေနံချက် စက်ရုံတွေ၊ ရေနံသိုလှောင်ရုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေခဲ့ပါတယ်။

ဒါပေမဲ့ အီရန်စစ်ပွဲကြောင့် နိုင်ငံတကာမှာ လောင်စာဆီ စျေးတွေ မြင့်တက်နေတဲ့ အခြေအနေမှာ ဒီလုပ်ရပ်က ကိစ္စတွေကို ပိုပြီး ဆိုးရွားသွားစေနိုင်တာကြောင့် ယူကရိန်းဟာ ရုရှားရဲ့ ဒီဇယ်ဆီ ထုတ်လုပ်ရေးဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ခိုက်သင့်တော့ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအနေနဲ့ ရုရှားရဲ့ ဒီဇယ်ချက်လုပ်မှု စွမ်းရည်ကို ကျဆင်းသွားအောင် ထိုးနှက်နေတာဟာ ကမ္ဘာကြီးကို ထိခိုက်အောင် လုပ်နေတာနဲ့ တူတူပဲလို့လည်း ထရမ့်က အိုင်ယာလန်ကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေချိန် စက်တင်ဘာ ၁၃ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ဇီလန်စကီး လုပ်ရမယ့် ကိစ္စတစ်ခုရှိကြောင်း၊ ရုရှားရဲ့ ဒီဇယ်ဆီ ထုတ်လုပ်မှုတွေကို ထိုးနှက် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ ဖြစ်ကြောင်း၊ အဲဒီလို လုပ်နေတာက ဒီဇယ်ပြတ်လပ်မှု ဖြစ်ပေါ်လာစေကြောင်း ထရမ့်က ပြောပါတယ်။ တစ်ဖက်မှာတော့ တစ်ကမ္ဘာလုံးအတွက် လောင်စာဆီနဲ့ စွမ်းအင် အကျပ်အတည်းတွေ ဖြစ်ပေါ်လာစေတဲ့ အီရန်စစ်ပွဲဟာ ထရမ့်ရဲ့ အမိန့်ကြောင့် စတင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်မှာ ရထားတွေ၊ ထရပ်ကားကြီးတွေ၊ လှေတွေ၊ လယ်ထွန်စက်တွေအတွက် အဓိက အသုံးပြုတဲ့ ဒီဇယ်ဆီစျေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ နိုင်ငံသမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် တစ်ဂါလံကို ၆ ဒေါ်လာ အထက်ထိ မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်က အစ္စရေးနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီလမှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့နောက် အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ချလိုက်ခြင်းဟာ ကမ္ဘာ့စွမ်းအင် တင်ပို့ရောင်းချမှု ရပ်ဝန်းတစ်ခုလုံးကို ကမောက်ကမ ဖြစ်လာစေခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ အမေရိကန်မှာ ဒီဇယ်ဆီ စျေးတက်လာတာဟာ အီရန်စစ်ပွဲကြောင့် မဟုတ်ဘဲ ရုရှားမှာ ယူကရိန်း လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေကြောင့် ဆိုတာမျိုး အပြစ်ဖို့ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ ရေနံချက်စက်ရုံနဲ့ ဆီလှောင်ကန်တွေကို တိုက်ခိုက်နေသလို ရုရှားကလည်း ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေဟာ စစ်ရေးအရ တရားဝင် ပစ်မှတ်တွေလို့ ကြွေးကြော်ပြီး တိုက်ခိုက်နေပါတယ်။

လေ့လာသူတွေကတော့ စစ်ပွဲတွေအပြင် တရုတ်ကလည်း ဒီဇယ်တင်ပို့မှုတွေနဲ့ ပတ်သက်လို့ ပိုပြီး တင်းကျပ် ကန့်သတ်ထားခြင်းက နိုင်ငံတကာမှာ စျေးနှုန်းတွေ မြင့်တက်လာမှုကို ပိုမို တွန်းအားပေးနေကြောင်း သုံးသပ်ထားကြပါတယ်။

ထရမ့်ဆီက မှတ်ချက်စကား ထွက်ပေါ်မလာခင် နာရီပိုင်း အလိုမှာ ယူကရိန်းက တာတာစတန်မှာရှိတဲ့ ရုရှား ရေနံချက် စက်ရုံတစ်ခုကို တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ရုရှားရဲ့ ကျူးကျော်စစ် စတင်ခဲ့တဲ့ ၂၀၂၂ နောက်ပိုင်း ယူကရိန်းဟာ ရုရှားရဲ့ ရေနံချက်နဲ့ ရေနံသိုလှောင် စက်ရုံတွေကို အကြိမ်ပေါင်း ၃၀၀ ကျော် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။