Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်းမှာ လုံခြုံရေး အကြောင်းပြပြီး ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင်ဖို့ စီစဉ်

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Getty Images

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

အရင်ကတည်းက ဘေဂျင်းမြို့တော် နယ်မြေထဲမှာ ဒရုန်းရောင်းချခွင့်တွေကို ပိတ်ပင် တားဆီးထားပြီး အခုတော့ နောက်တစ်ဆင့် ထပ်တိုးတင်းကျပ်မှုအဖြစ် ပိုင်ဆိုင်ခွင့်၊ လေပိုင်နက်ထဲ ဒရုန်းပျံသန်းခွင့်တွေကိုပါ ပိတ်ပင်လာတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်မှာ စတင် အသက်ဝင်မယ့် သတ်မှတ်ချက်အရ ဘေဂျင်းမြို့တော် ပိုင်နက်ထဲမှာ ပုဂ္ဂလိက ဒရုန်းပိုင်ဆိုင်မှု၊ ပျံသန်းစေမှုနဲ့ ရောင်းချမှု အားလုံးဟာ ဥပဒေ ချိုးဖောက်မှု ဖြစ်လာတော့မှာပါ။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး ဒရုန်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ဘေဂျင်းမှာ ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။

ဒရုန်းပိုင်ရှင်တွေအတွက် နစ်နာကြေး သဘောမျိုး ငွေကြေးထောက်ပံ့တာ၊ ဒါမှမဟုတ် တရားဝင် လိုင်စင်နဲ့ ဝယ်ထားတဲ့ ဒရုန်းတွေကို အစိုးရက ပြန်လည်သိမ်းဆည်း ဝယ်ယူပေးတာမျိုးတွေ စီစဉ်ပေးမယ်လို့လည်း ဆိုပါတယ်။ ဘေဂျင်းက ဒရုန်းပိုင်ရှင်တွေ အနေနဲ့ သူတို့ဒရုန်းတွေကို တခြားဒေသတွေဆီ လက်လွှဲ ပေးပို့ချင်တယ် ဆိုရင်လည်း ပို့ဆောင်ခ အခမဲ့နဲ့ ဝန်ဆောင်မှု ပေးမယ်လို့ မြို့တော် အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လတုန်းက လေယာဉ်ငယ် တစ်စီးဟာ ဘေဂျင်းရဲ့ အမြင့်ဆုံး မိုးပျံတိုက်ကြီးကို ဝင်တိုက်ခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့သလို လူ ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း ဘေဂျင်းရဲ့ လေပိုင်နက် လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုမိုကြီးထွားလာပါတယ်။

မေလကတည်းက ဘေဂျင်းမှာ ဒရုန်းရောင်းချမှုတွေကို တားဆီးပိတ်ပင်ခဲ့ပြီး လိုင်စင်နဲ့ ဝယ်ယူထားသူတွေကိုတော့ သူတို့ရဲ့ ဒရုန်းတွေ ဆက်လက် ပိုင်ဆိုင်ခွင့် ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ အခုလို တစ်ဆင့်တိုးပြီး တင်းကျပ်လိုက်ရတာကတော့ မြို့တော်ရဲ့ လုံခြုံရေးအတွက် လိုအပ်သလို ဆောင်ရွက်မှု ဖြစ်တယ်လို့ ဘေဂျင်း အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

အရင်ကတည်းက ဘေဂျင်းမှာ ဒရုန်းပျံသန်းစေမယ်ဆိုရင် အာဏာပိုင်တွေဆီက ခွင့်ပြုချက်ကို တောင်းခံဖို့ တင်းတင်းကျပ်ကျပ် ညွှန်ကြားထားပါတယ်။

ညွှန်ကြားချက် အသစ်အရ ဘေဂျင်းမှာ ဒရုန်းပျံသန်းခွင့်တွေကို တားမြစ်ထားပေမယ့် အကြမ်းဖက် တိုက်ဖျက်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းသုံး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ကယ်ဆယ်ရေးနဲ့ သုတေသနလို ကိစ္စမျိုးတွေ အတွက်တော့ ခြွင်းချက်ထား ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Facebook