Connect with us

Hi, what are you looking for?

သတင်း

နေရာပေါင်းစုံမှာ တိုက်ပွဲ၀င်ဖို့ စုဖွဲ့မှုသင်တန်းပြီးပြီလို့ BLDF တပ် ထုတ်ပြန်

အညာအပြင် အခြားဒေသတွေမှာတိုက်ပွဲ၀င်ဖို့ စုဖွဲ့မှုသင်တန်းပြီးစီးပြီလို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Burma Liberation Democratic Front - BLDF

စက်တင်ဘာ-၁၅၊၂၀၂၆။ဖိုးသား/People’s Spring

အညာအပြင် အခြားဒေသတွေမှာတိုက်ပွဲ၀င်ဖို့ စုဖွဲ့မှုသင်တန်းပြီးစီးပြီလို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စုဖွဲ့မှုသင်တန်းပြီးစီးတာကြောင်း သင်တန်းဆင်းပွဲကို မနေ့က(စက်တင်ဘာ ၁၄ ရက်) အညာဒေသ တနေရာမှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“အညာဒေသအပြင် အခြားဒေသတွေမှာလည်း စစ်ရေးလှုပ်ရှားမှူတွေ လုပ်ဆောင်နိုင်ဖို့အတွက် ပြုလုပ်ရတာဖြစ်ပါတယ်။ ဒေသအသီးသီးမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်ပြီဆိုတာကို ပြည်သူတွေကိုလည်းအသိပေးပါတယ်”လို့ BLDF တာ၀န်ရှိသူက သင်တန်းဆင်းပွဲနဲ့ပတ်သက်လို့ လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စုဖွဲ့၊ ပြင်ဆင်၊ တိုက်ပွဲ၀င်” ဆိုတဲ့အတိုင်း စုဖွဲ့ပြင်ဆင်တဲ့ရည်ရွယ်ချက်ဟာ တိုက်ပွဲဝင်သွားဖို့ရှိနေတယ်ဆိုတာကိုလည်း သူကထပ်လောင်း အသိပေးပါတယ်။

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က နေ ၂၀၂၄ ဇွန်လ ၂၇ ရက်မှာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Burma Liberation Democratic Front – BLDF)လို့ ပြောင်းလဲ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အခုနှစ် ပထမနှစ်ဝက်အတွင်းမှာပဲ စစ်ရေးလှုပ်ရှားမှုပေါင်း ၁၀ ကြိမ်ရှိခဲ့တယ်လို့ BLDF က အသိပေးထားပါတယ်။

အဲဒီထဲက ၂ကြိမ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG၀ရဲ့ ကာကွယ်ရေး၀န်ကြီးဌာနနဲ့ မဟာမိတ်တွေထံ ရဲဘော်တွေပို့ပေးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

တခြား ၈ကြိမ်က တပ်ဖွဲ့အခြေစိုက်ရာဒေသတွေက စစ်ရေးလှုပ်ရှားမှုတွေဖြစ်ပြီး တိုက်ပွဲတွေမှာ ရဲဘော်၂ဦး ကျဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ BLDF က ဆိုပါတယ်။

မုံရွာ၊ပုလဲ၊ယင်းမာပင်၊မြင်းမူ နဲ့ ချောင်းဦးမြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ရာဂဏန်း အထိရှိနိုင်ပြီး လက်နက် ၂လက် သိမ်းရရှိခဲ့တယ်လို့လည်း BLDF ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

Facebook