Connect with us

Hi, what are you looking for?

သတင်း

ဝတ်မှုံရွှေရည်ရဲ့ဖက်ရှင်ဓာတ်ပုံတွေကို Vogue Thailand ဖြုတ်ချ

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်မိသားစုနဲ့ စီးပွားရေးဆက်နွယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်ဖြိုးကျော်ရဲ့ဇနီးသရုပ်ဆောင် ဝတ်မှုံရွှေရည်ဖက်ရှင်ဓာတ်ပုံတွေကိုဖော်ပြရာမှာကန့်ကွက်မှုတွေကြောင့် အဲဒီဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာတွေကနေ Vogue Thailand က ပြန်လည်ဖယ်ရှားလိုက်ပါပြီ။

စက်တင်ဘာ-၁၆၊၂၀၂၆။တေဇ/People’s Spring

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်မိသားစုနဲ့ စီးပွားရေးဆက်နွယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်ဖြိုးကျော်ရဲ့ဇနီးသရုပ်ဆောင် ဝတ်မှုံရွှေရည်ဖက်ရှင်ဓာတ်ပုံတွေကိုဖော်ပြရာမှာကန့်ကွက်မှုတွေကြောင့် အဲဒီဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာတွေကနေ Vogue Thailand က ပြန်လည်ဖယ်ရှားလိုက်ပါပြီ။

နိုင်ဖြိုးကျော်ဟာ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ စီးပွားဆက်နွယ်မှုရှိနေတာကြောင့် မိမိတို့ရဲ့ စံနှုန်းတန်ဖိုးတွေနဲ့ကိုက်ညီမှုမရှိတဲ့အတွက် ဝတ်မှုံရွှေရည်ရဲ့ဓာတ်ပုံတွေကို ဖယ်ရှားလိုက်တာလို့ ဖက်ရှင်မဂ္ဂဇင်း Vogue Thailand က ပြန်လည်ရှင်းလင်းထားတယ်ဆိုတာကိုနိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းရေးသားတင်ပြနေတဲ့ Cinema Boulevard ဖေ့ဘွတ်ခ်စာမျက်နှာက အသိပေးလာတာပါ။

Vogue Thailand ဖက်ရှင်မဂ္ဂဇင်းရဲ့မကြာသေးခင်ကဖော်ပြခဲ့တဲ့အစီ အစဉ်မှာမြန်မာ့အဝတ်အထည်အမှတ်တံဆိပ်တစ်ခုကိုဝတ်မှုံရွှေရည်ကကြော်ငြာပေးနေတဲ့ဓာတ်ပုံတွေတင်ဆက်ခဲ့တာဖြစ်ပြီး အဲဒီလို ဖော်ပြမှုကို Cinema Boulevard က ကန့်ကွက်စာထုတ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဝတ်မှုံရွှေရည်ရဲ့အမျိုးသားနို‌င်ဖြိုးကျော်ဟာ အာဏာသိမ်းမြန်မာစစ်တပ်ကိုအကျိုးစီးပွားအထောက်အပံ့ပေးနေသူခရိုနီတစ်ဦးအဖြစ် မှတ်တမ်းတွေမှာဖော်ပြခံရသူဖြစ်တယ်လို့Cinema Boulevard က ထောက်ပြခဲ့တာပါ။

နိုင်ဖြိုးကျော်ဟာအာဏာသိမ်းခေါင်းဆောင်ရဲ့သမီးခင်သီရိသက်မွန်နဲ့စီးပွားဖက်တွေပါ။

အာဏာမသိမ်းခင်က Seventh Sense ရုပ်ရှင်ထုတ်လုပ်ရေးမှာ အတူလုပ်ကိုင်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံရပြီးချိန်မှာလည်း လျှပ်စစ်မော်တော်ယာဥ်တွေတင်သွင်းရာမှာ ဆက်လက်လက်တွဲလုပ်ဆောင်နေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြည်ပခရီးစဉ်တွေမှာလည်း စီးပွားရေးလုပ်ငန်းရှင်အနေနဲ့ လိုက်ပါတာကိုတွေ့ရပါတယ်။

အဲဒီလိုအချက်အလက်တွေကို လျစ်လျုရှုပြီး တ်မှုံရွှေရည်ကို ဆွဲဆောင်မှုရှိပြီးအားကျဖွယ်သူတစ်ဦးအဖြစ်ပုံဖော်ပြသတာက Vogue ရဲ့ နိုင်ငံ တကာပရိသတ်အသိုင်းအဝိုင်းအမြင်မှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ လက်တွေ့အခြေအနေကိုမှေးမှိန်သွားစေခဲ့တယ်လို့ကန့်ကွက်စာမှာ Cinema Boulevard က ထည့်သွင်းရေးသားခဲ့ပါတယ်။

အဲဒီလို ကန့်ကွက်စာထုတ်ပြီးနောက်ရက်မှာပဲ Vogue Thailand က ဝတ်မှုံရွှေရည်ရဲ့ ဖက်ရှင်ဓာတ်ပုံတွေကိုလူမှုကွန်ရက်ကနေ ဖယ်ရှားလိုက်တာပါ။

ဆက်စပ်သတင်းများ