Connect with us

Hi, what are you looking for?

သတင်း

KIA စစ်ရေးဦးဆောင်ခဲ့တဲ့ အမှတ်(၁)စစ်ဒေသ ဖွဲ့စည်းမှု ၅နှစ်အတွင်း စစ်ကောင်စီတပ်သား သောင်းချီချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေးပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

(အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - အမှတ်-၁ စစ်ဒေသ)

စက်တင်ဘာ ၁၇၊ ၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

အဲဒီအခမ်းအနားကို NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။

အမှတ် (၁) စစ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက ဦးဆောင်ပြီး ၂၀၂၁ စက်တင်ဘာ ၁၇ရက်က တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ အမှတ်(၁) စစ်ဒေသမှုးအဖြစ် သူကွယ်လွန်ခဲ့ချိန် ၂၀၂၄ မေလအထိ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အမှတ် (၁) စစ်ဒေသအား ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C)ရဲ့ ကွပ်ကဲမှုဖြင့် PDF တိုင်းတာဝန်ခံများ ဦးစီးတဲ့စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ပါဝင် ဖွဲ့စည်းထားတာပါ။

Public Service Announcement

Public Service Announcement

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ်(၁) စစ်ဒေသ ၅နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့တဲ့ သ၀င်္ဏလွှာမှာ အမှတ် (၁) စစ်ဒေသ ဖွဲ့စည်းမှု (၅) နှစ်တာကာလအတွင်း မဟာမိတ်တပ်ဖွဲ့များနဲ့အတူ လက်တွဲပြီး မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများအပါအဝင် စစ်ရေးအောင်ပွဲများစွာကို ဖော်ဆောင်နိုင်ခဲ့ပြီး ကြီးမားကျယ်ပြန့်တဲ့ လွတ်မြောက်နယ်မြေ ပေါ်ပေါက်လာစေရန် စွမ်းဆောင် နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

“အဆိုပါကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သောင်းနှင့်ချီ၍ ချေမှုန်းနိုင်ခဲ့သလို ထောင်နှင့်ချီ၍ ဒဏ်ရာရရှိအောင် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နိုင်ခဲ့ပါသည်” လို့လည်း NUG ကာကွယ်ရေးရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အမှတ် (၁) စစ်ဒေသ တပ်ဖွဲ့ဝင် ရာပေါင်းများစွာရဲ့ အသက်နဲ့ ကိုယ်အင်္ဂါများ စွန့်လွှတ်ပေးဆပ်ခဲ့ရမှုအပေါ် လေးလေး နက်နက် ဦးညွှတ်အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း သဝဏ်လွှာပေးပို့ပါတယ်။

စစ်ရေးအောင်ပွဲများအပြင် ကျယ်ပြန့်တဲ့ လွတ်မြောက်ဒေသ ပေါ်ထွန်းလာစေရေး စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် အမှတ် (၁) စစ်ဒေသမှူးအဖြစ် တာဝန်ယူကွပ်ကဲခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း (ကွယ်လွန်) အား NUGက ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

အမှတ် (၁) စစ်ဒေသအနေနဲ့ ရန်သူချေမှုန်းရေးနဲ့ လွတ်မြောက်ဒေသ ထူထောင်ရေးတို့တွင် ထူးချွန်ပြောင်မြောက်တဲ့ စွမ်းရည်ကို သက်သေပြခဲ့ပြီးဖြစ်ရာ နောင်လာမည့်နှစ်များတွင် အောင်ပွဲများ ဆက်လက်ရယူပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး တော်လှန်ရေးပန်းတိုင်အရောက် ချီတက်နိုင်ပါစေလို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာ ပေးပို့ပါတယ်။

NUG ယာယီသမ္မတရဲ့ သဝဏ်လွှာမှာလည်း (၅) နှစ်တာကာလအတွင်း အမှတ် (၁) စစ်ဒေသအနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ် ခဲ့ရပြီး ပထမဦးဆုံး စစ်ဒေသမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်းလွမ်း တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ခဲ့တာဟာ ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှု ဖြစ်ကြောင်း ဖော်ပြက အသက်ခန္ဓာပေးဆပ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်များကို ဦးညွတ်ကြောင်း ပြောကြားပါတယ်။

” ရှေ့ဆက်ကာလတွင်လည်း စိန်ခေါ်မှုများ ဆက်လက်ရှိနိုင်သဖြင့် အခက်အခဲများကို သည်းခံကျော်ဖြတ်နိုင်သည့် စိတ်ဓာတ်၊ အချင်းချင်းယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဆက်လက်ခိုင်မာဖို့ လိုအပ်ပါသည်။ ထို့အပြင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် စစ်ရေးဆိုင်ရာ စွမ်းရည်များကို အချိန်နှင့်တပြေးညီ လေ့လာသုံးသပ်ကာ လိုက်လျောညီထွေ ပြင်ဆင်နိုင်ရန် လိုအပ်ပါသည်။ အထူး သဖြင့် ဒရုန်းနှင့် ခေတ်မီနည်းပညာများ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစား၍ သက်ဆိုင်ရာ ခေါင်းဆောင်များအနေဖြင့် ရေရှည်အမြင်ဖြင့် စွမ်းရည်မြှင့်တင်ရေးနှင့် စနစ်တကျ စီမံကိန်းရေးဆွဲ ရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုပါသည်” ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် NUG အနေနဲ့လည်း တော်လှန်ရေးရဲ့ ရေရှည်လိုအပ်ချက်တွေနဲပ မဟာဗျူဟာကျတဲ့ စီမံကိန်းတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်နဲ့ ရန်ပုံငွေတွေ တက်စွမ်းနိုင်သမျှ ဆက်လက်ပံ့ပိုးပေးမယ်လို့ အသိပေးပါတယ်။

ရှေ့ဆက်တာဝန်ထမ်းရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ အခွင့်အရေး များကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်ကြဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံရေးကို မိမိတို့ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ တန်ဖိုးထား ကာ ကာကွယ်စောင့်ရှောက်ကြဖို့ ယာယီသမ္မတက မှာကြားပါတယ်။

ဒါ့အပြင် လေးစားထိုက်သော အနာဂတ်တပ်မတော်ကို တည်ဆောက်နေကြတဲ့အလျောက် စည်းကမ်း လိုက်နာမှု၊ အမိန့်နာခံမှုနဲ့ တာဝန်သိစိတ်တို့ကို စံပြဖြစ်အောင် ကျင့်သုံးကြဖို့ မှာကြားပါတယ်။

တိုက်ရည်ခိုက်ရည်၊ စွမ်းရည်နဲ့ ကျွမ်းကျင်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလာအောင် အမြဲလုံ့လဝီရိယစိုက်ထုတ်ကြိုးပမ်းလေ့ကျင့်ကြဖို့ ယာယီသမ္မတက ပြောကြားခဲ့သလို ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာ၊ စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းဆိုင်ရာ စွမ်းရည်များကို အမြဲမပြတ် လေ့လာမြှင့်တင်ပြီး ရေရှည်အတွက် လိုအပ်သည့် စွမ်းရည်များကို တည်ဆောက်ကြဖို့ ပြောပါတယ်။

ဒါ့အပြင် အသက်၊ ခန္ဓာကိုယ်နဲ့ အချိန်များကို ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုကို အမြဲအမှတ်ရလျက် မိမိတို့၏ တာဝန်များကို ပိုမိုတန်ဖိုးရှိစွာ ဆက်လက်ထမ်းဆောင်ကြဖို့ ယာယီသမ္မတက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပျက်စီးသင်္ဘောကို ဆွဲခေါ်ပေးဖို့ လက်အောက်ငယ်သားက အသနားခံပေမဲ့ အရာရှိပါတဲ့ စစ်သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး