Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တိုက်ပွဲ စစ်တပ်ထံက လက်နက် ၇လက် KNLA ပူးပေါင်းတပ် ထပ်မံသိမ်းရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(ဖာပွန်ခရိုင်တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက် ၇လက်။ ဓာတ်ပုံ - KNU-MTD)

စက်တင်ဘာ ၂၇၊ ၂၀၂၆။ထားမြတ်/People’s Pring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တပ်မဟာ(၅)က ကရင်ဘာသာနဲ့.ထုတ်ပြန်ချက်ကိုလည်း ကရင်သတင်းရင်းမြစ်က ရှင်းပြထားရာ စက်တင်ဘာ ၂၅ရက်က စစ်ကောင်စီရဲ့ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကမမောင်း – ကတိုင်တိလမ်းပိုင်း ဘုရားကုန်းရှိ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ လက်နက်ငယ် ၇လက် သိမ်းရခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံ ဖော်ပြ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅) ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလလယ်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာ လက်နက်အချို့သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။

စက်တင်ဘာ ၁၄ရက်က ကတိုင်တိနဲ့ ကမမောင်းကြားရှိ စစ်ကောင်စီတပ်ကို KNLA တပ်ရင်း(၁၀၂) နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက် ရရှိခဲ့တာပါ။

တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာလဝက်အတွင်း စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၄၇ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကဗိုလ်ကြီးအဆင့်အပါအဝင် သေဆုံးသူ ၂၂ဦး ရှိပြီး ဒဏ်ရာရသူများလည်း ရှိတယ်လို့ ဆိုပါတယ်။

အထိနာတဲ့ စစ်တပ်ဟာ တပ်မဟာ(၅)နယ်မြေကို လေကြောင်း လက်နက်ကြီး ဒရုန်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ပြည်သူနေထိုင်ရာတွေကို ရမ်းသန်း ပစ်ခတ်တာတွေ ပြုလုပ်ခဲ့လို့နေအိမ် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အရပ်သား​တွေကိုပစ်မှတ်ထားတိုက်ခိုက်မှု​ကြောင့်လက်တုန့်ပြန်မယ်လို့ကောလင်းခရိုင်တပ်ရင်း(၁)ကထုတ်ပြန်

Facebook