Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းအရှေ့ခြမ်းက စစ်ဘေးရှောင်တွေ စား၀တ်နေရေး အခက်တွေ့နေ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ဟာ စား၀တ်နေရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတချို့က ပြောပါတယ်။

(လက်ပံတန်းအရှေ့ခြမ်းက စစ်ဘေးရှောင်တွေ။ ဓာတ်ပုံ - လက်ပံတန်း ပကဖ)

စက်တင်ဘာ -၂၉၊၂၀၂၆။မိုမို/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ဟာ စား၀တ်နေရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတချို့က ပြောပါတယ်။

အဲဒီ ပြည်သူတစ်ထောင်ကျော်ဟာ အရင်က လက်ပံတန်းမြို့နယ်အနောက်ခြမ်း ရေငံကျေးရွာ ဒေသခံတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ်က စစ်တပ်အထိုင်ချတပ်စွဲကာ နေအိမ်တွေ မီးရှို့ခံရတာကြောင့် စစ်ရှောင်နေကြရတာလို့ ကူညီဆောင်ရွက်ပေးသူတချို့က ဆိုပါတယ်။

“စစ်ရှောင်ပြည်သူတွေ စုဖွဲ့နေထိုင်ကြတဲ့ တောတိုက် အိမ်စုတွေကို အခုလ ၁၄ ရက်မှာ မီးရှို့ခံရတာကြောင့် နှစ်ကြိမ်မြောက် ဒုက္ခရောက်ကြတာဖြစ်ပါတယ်”လို့ လက်ပံတန်းမြို့နယ်စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ ချက်ပြုပ်စားသောက်စရာ အိုးခွပ်၊အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့သူက အသိပေးပါတယ်။

စစ်ရှောင်ကူညီရေးအချက်အလက်‌တွေအရ အခုစက်တင်ဘာအတွင်း စစ်တပ်စစ်ကြောင်းက တောင်တန်းမြိုင်ကျေးရွာက နေအိမ် ၄၀၊ ရိုးမအတွင်းအခြေပြုနေထိုင်ကြတဲ့ နေအိမ် ၂၀ ၊ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတေါရဲ့ နေအိမ် ၈၂ လုံးနဲ့ ချင်းကုန်းရွာက ရန်ကုန်ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အိမ်ထောင်စုတစ်စုကို ဆန် ၄ပြည်နှုန်းနဲ့ အိမ်ထောင်စု ၁၀၀ အတွက် ပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သာယာဝတီခရိုင်တပ်ရင်း (၃) Myanmar Defense Force ကလည်း လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ရှောင်ပြည်သူတွေကို ပံ့ပိုးပေးဖို့ရှိပြီး ပါ၀င်လှူဒါန်းလိုသူတွေလည်း ကူညီကြဖို့တိုက်တွန်းထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှနဲ့ လက်ပံတန်းမြို့နယ်ကို ဩဂုတ်လလယ်ကစပြီး စစ်တပ်၊ရဲကွန်မန်ဒို ၊ ပြည်သူ့စစ်စုဖွဲ့ထားတဲ့ အင်အား ၄၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲ ၇ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ဆိုင်ထားတယ်လို့ တော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။

လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာနဲ့ ရေငံကျေးရွာမှာ စစ်တပ်ကအထိုင်ချထားပြီး မကြာခဏ လက်နက်ကြီး၊ဒရုန်းနဲ့ တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

Facebook