အောက်တိုဘာ၊၂၀၂၆။People’s Spring
စူပါအယ်လ်နီညိုကြောင့်မြန်မာနိုင်ငံမှာလည်းခြောက်လအတွင်း (၂၀၂၆ ဇွန်လကနေ ၂၀၂၇ ဖေဖော်ဝါရီ လအထိ)လူပေါင်း (၁၂၀၀ ) ဝန်းကျင်သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab ကခန့်မှန်းတွက်ချက်ထားပါတယ်။
ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab က လူပေါင်း ၄၅၁,၀၀၀ အန္တရာယ်ရှိနေပြီလို့ အဓိပ္ပါယ်ရတဲ့ (451,000
at Risk ) သုတေသနစာတမ်းမှာ ၂၀၂၆ ဇွန်လကနေ ၂၀၂၇ ဖေဖော်ဝါရီလအထိ ၉ လအတွင်း လူပေါင်း လေးသိန်းခွဲကျော် သေဆုံးနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ် ။

Public Service Announcement
၂၀၂၆ စက်တင်ဘာကနေ ၂၀၂၇ ဖေဖော်ဝါရီလအထိခြောက်လအတွင်းမှာဆိုရင် ကမ္ဘာတစ်ဝန်း လူပေါင်း ၂၃၉,၀၀၀ လောက်သေဆုံးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ် ။ အမှန်တကယ်သေဆုံးမှုဟာ ခန့်မှန်းထားတာရဲ့ အတိုးအလျှော့ ၁၁,၀၀၀ လောက်ရှိနိုင်တယ်လို့လည်းဖော်ပြထားတာပါ ။
မြန်မာနိုင်ငံဟာလည်း ၂၀၂၆ စက်တင်ဘာလကနေ ၂၀၂၇ ဖေဖော်ဝါရီလအထိ ခြောက်လအတွင်း လူပေါင်း ၁၂,၀၀ သေဆုံးနိုင်ပြီး အတိုးအလျှော့ ၉၀ ဦးလောက်ရှိနိုင်တယ်လို့ Climate Impact Lab ကခန့်မှန်းထားတာပါ။ဖေဖော်ဝါရီလဟာ မြန်မာနိုင်ငံမှာဆောင်းရာသီပဲရှိသေးပြီး ပိုမိုပူးပြင်းတဲ့နွေရာသီကာလမှာ အယ်လ်နီညိုကြောင့် လူဘယ်လောက်ထပ်မံသေဆုံးနိုင်တယ်ဆိုတာကိုတော့ သုတေသနစာတမ်းမှာမတွက်ချက်ထားသေးပါဘူး ။
ဒီအစီရင်ခံစာကို အမေရိကန်နိုင်ငံ၊ ချီကာဂို တက္ကသိုလ်မှာ ရာသီဥတု သက်ရောက်မှု သုတေသနဌာနကို ထူထောင်ထားသူ ပရော်ဖက်ဆာ မိုက်ကယ် ဂရင်းစတုန်းအပါအဝင် ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတာဖြစ်ပါတယ် ။
အယ်လ်နီညိုဟာလာမယ့်လပိုင်းတွေအတွင်းအရှိန်ပိုမိုမြင့်တက်လာပြီးအင်ဒိုနီးရှားကနေ အိန္ဒိယထိ အာရှတောင်ပိုင်း ဒေသတွေ၊ နိုက်ဂျီးရီးယားကနေ အမေရိကန်ထိ ကျယ်ပြန့်တဲ့ ရပ်ဝန်းကြီးတွေမှာ ပြင်းပြင်းထန်ထန်သက်ရောက်ထိခိုက်နိုင်ကြောင်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။
အပူကြောင့်သေဆုံးမှုတွေဟာ ဒေသအလိုက် အရမ်းများပြားလာနိုင်ပြီး သက်ဆိုင်ရာ အစိုးရတွေ၊ အာဏာပိုင်တွေ အနေနဲ့ လိုအပ်တဲ့ တုံ့ပြန်ကိုင်တွယ်မှု အစီအစဉ်တွေကို ကြိုတင် ပြင်ဆင် ရေးဆွဲထားဖို့လည်း ပညာရှင်တွေကတိုက်တွန်းခဲ့ပါတယ်။
အယ်လ်နီညိုနဲ့ ဆက်စပ်လို့ ကမ္ဘာအနှံ့မှာ သေဆုံးသူ အရေအတွက် ၄၅၁၀၀၀ လောက် ရှိနိုင်တယ်လို့ ပညာရှင်တွေကခန့်မှန်းထားတဲ့အပြင်၂၀၂၇ ဇွန် နဲ့ ဇူလိုင်လတွေမှာ အယ်လ်နီညိုကြောင့် သေပျောက်နှုန်းက ပိုတောင် မြင့်မားနိုင်သေးတယ်လို့ ဆိုပါတယ်။
အခုခြောက်လအတွင်း ရာသီဥတု ပူပြင်းမှုနဲ့ ဆက်စပ်တဲ့ သေဆုံးမှုတွေ အများဆုံး ကြုံတွေ့နိုင်တဲ့ နိုင်ငံတွေကတော့ နိုက်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ဆူဒန်၊ အိန္ဒိယနဲ့ ဘရာဇီးတို့ ဖြစ်နိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။
သုတေသန စာတမ်းခန့်မှန်းချက်မှာမြန်မာနိုင်ငံကတော့ စူပါအယ်လ်နီညိုနဲ့ဆက်စပ်ပြီးလူသေဆုံးမှုအများဆုံး နိုင်ငံ ၅၀ ထဲမှာပါဝင်ပါတယ် ။ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေထဲမှာလူပေါင်း ၁၅,၈၀၀ သေဆုံးနိုင်တဲ့ အိန္ဒိယ ၊လူပေါင်း ၅,၀၀၀ သေဆုံးနိုင်တဲ့ထိုင်းတို့က မြန်မာနိုင်ငံထက် အခြေအနေပိုဆိုးနေပါတယ်။ စူပါအယ်လ်နီညိုကြောင့် ခြောက်လအတွင်းလူအများဆုံးသေဆုံးနိုင်တဲ့နိုင်ငံ ၅၀ ထဲမှာ တရုတ်မပါဝင်ပါဘူး။
သိပ္ပံပညာရှင်တွေကလက်ရှိ အယ်လ်နီညို ဖြစ်စဉ်ဟာ ထူးထူးကဲကဲ ပြင်းထန် ကြမ်းတမ်းလွန်းကြောင်း ပြောဆိုထားပြီး တချို့ကတော့ ဂေါ်ဇီလာ အယ်လ်နီညိုလို့တောင် တင်စားကြပါတယ်။
အရေးပေါ် အခြေအနေတုံ့ပြန်မှုတွေ၊ပိုပြီး ကောင်းမွန်တဲ့ ပြင်ဆင်လေ့ကျင့်မှုတွေ စီစဉ်ထားနိုင်ရင်တော့ အယ်လ်နီညိုကြောင့် သေဆုံးမယ့် အသက်တွေကို ထိထိရောက်ရောက် လျှော့ချနိုင်လိမ့်မယ်လို့ ဘာကလေမှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ ပါမောက္ခ တစ်ဦးဖြစ်ပြီး အစီရင်ခံစာကို ပူးပေါင်း ရေးသားခဲ့သူ ဒေါက်တာ တမ်မာ ကာလီတန်က ပြောကြားခဲ့ပါတယ်။
ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေကကမ္ဘာ့ စားနပ်ရိက္ခာ ကဏ္ဍကိုပါ ထိခိုက်လာနိုင်ပြီးကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီး (WFP)ကတော့ အယ်လ်နီညို ဒဏ်ကြောင့် လူပေါင်း သန်း၅၀လောက်အကြီးအကျယ်ဆာလောင်မွတ်သိပ်မှုပြဿနာမျိုးကြုံလာရနိုင်ကြောင်း သတိပေးထားပါတယ်။ဒါ့အပြင် အစားအသောက်စျေးတွေမြင့်တက်လာနိုင်ကြောင်း ဩဂုတ်လမှာ သတိပေးထားပါတယ်။
၁၈၇၇ နဲ့ ၁၈၇၈ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အယ်လ်နီညို ဖြစ်စဉ်တုန်းကလည်း အငတ်ဘေး ဆိုက်မှုတွေ ကြုံခဲ့ပြီးဘရာဇီး၊အိန္ဒိယနဲ့တရုတ်တို့မှာ ပြင်းပြင်းထန်ထန် သက်ရောက် ခံစားခဲ့ရသလို လူပေါင်း သန်း ၅၀ ကျော် သေကြေပျက်စီးခဲ့ဖူးကြောင်း သိရပါတယ်။
ဒါ့အပြင်လက်ရှိကြုံတွေ့နေတဲ့ စူပါအယ်လ်နီညိုအပူလှိုင်းဖြတ်မှုဟာအမြင့်ဆုံးအဆင့် (peak) အခြေအနေ မရောက်သေးတာတောင် အပူဒဏ်နဲ့ ပတ်သက်လို့ စံချိန်ဟောင်းတွေကို ဆက်တိုက် ချိုးဖျက်နေကြောင်း မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။
“အံ့ဩတုန်လှုပ်စရာကောင်းလောက်အောင် ပြင်းထန်တယ်”လို့တချို့မိုးလေဝသပညာရှင်တွေကရည်ညွှန်းပြီးတချို့ကတော့ ‘ဂေါ်ဇီလာ အယ်လ်နီညို’လို့တင်စားသုံးနှုန်းတဲ့အပူလှိုင်းဖြတ်မှု ဖြစ်စဉ်ဟာအမြင့်ဆုံး၊အပြင်းထန်ဆုံး အခြေအနေကိုရောက်လာဖို့ လအတော်ကြာလိုပါသေးတယ်။ အဲဒီလို အမြင့်ဆုံး အဆင့်ကိုမရောက်သေးတာတောင်မှ အယ်လ်နီညိုဒဏ် အဓိက သက်ရောက် ခံစားရတဲဲ့ နယ်မြေတွေမှာ အပူချိန်အမြင့်ဆုံး စံချိန်အသစ်တွေကို တင်နေတာ ဖြစ်ပါတယ်။
နောက်ဆုံးတိုင်းတာရရှိမှုတွေအရပစိဖိတ် သမုဒ္ဒရာထဲက အယ်လ်နီညို အားအကောင်းဆုံး ဇုန်တွေမှာ အပူချိန် မြင့်တက်နှုန်းဟာ ၃.၀၅ ဒီဂရီ ဆဲလ်ဆီးရပ်စ် တိုးလာနေပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက စံချိန်တင်ခဲ့ဖူးတဲ့အပူချိန်တိုးနှုန်း ၃.၀၂ ဒီဂရီဆဲလ်ဆီးရပ်စ်ကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။ ပြီးတော့နှစ်ပေါင်း၁၅၀အတွင်းသိပ္ပံနည်းကျတိုင်းတာရရှိဖူးသမျှအမြင့်ဆုံးအပူချိန်လည်း ဖြစ်လာပါတယ်။
ပညာရှင်တချို့ကတော့ကမ္ဘာပေါ်မှာအယ်လ်နီညိုဖြစ်စဉ်တွေ အခါအားလျော်စွာကြုံရတတ်ပေမယ့် လက်ရှိအခြေအနေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၁,၀၀၀ အတွင်းကမ္ဘာကြီးမှာအပြင်းထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်း ပြောပါတယ်။မိုးလေဝသနဲ့ရာသီဥတုကြောင့်ကမ္ဘာ့အပူချိန် မြင့်တက်လာတာကို လူသားတွေရဲ့စနက်ကြောင့် ပိုပြီး အပူဖြည့်ပေးသလိုလည်း ဖြစ်နေပါတယ်။အဲဒီအခြေအနေနှစ်ခု ပေါင်းစပ်သွားတဲ့အခါ လာမယ့် ၂၀၂၇ ခုနှစ်ဟာ ကမ္ဘာပေါ်မှာကြုံဖူးသမျှ အပူချိန် မှတ်တမ်းဟောင်းတွေကို ချိုးဖျက်ပြီး အပူဆုံးနှစ် ဖြစ်လာဖို့ တာစူနေတယ်လို့လည်းဆိုပါတယ်။
အယ်လ်နီညိုဟာ အပူချိန် လွန်လွန်ကဲကဲ မြင့်တက်စေပေမယ့် တချို့ဒေသတွေမှာတော့ မိုးသည်းသည်းထန်ထန် ရွာပြီး ရေကြီးမှုတွေ ပိုဆိုးလာအောင် ပြောင်းလဲ သက်ရောက်စေပါတယ်။



















































