Connect with us

Hi, what are you looking for?

သတင်း

KIA ထိန်းချုပ် ပန်ဝါဒေသက တရုတ်လုပ်ငန်းရှင်ပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲ၇ဦးသေ၊ ၁၁ဦး ဒဏ်ရာရ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

(ယမ်းဂို​ဒေါင်​ပေါက်ကွဲပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-​ပေးပို့)

အောက်တိုဘာ-၃၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းက ပန်ဝါဒေသ လဂွေရွာ စာသင်ကျောင်းအနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

“သေတာ ၇ယောက် ဒဏ်ရာရ ၁၁ယောက်။ တရုတ်ကုမ္ပဏီတစ်ခုရဲ့ယမ်းဂိုဒေါင် ပေါက်ကွဲသွားတာ။စာသင်ကျောင်းနားမှာ။ စာသင်ကျောင်း အကုန်ပျက်စီးတယ်” လို့ ကချင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း “တရုတ်လုပ်ငန်းရှင်တွေရဲ့ အရပ်ဖက်သုံး အမိုးနီးယားနိုက်ထရိတ် မတော်တဆ ပေါက်ကွဲမှုပါ” လို့ ပြောပါတယ်။

အဲဒီ ပေါက်ကွဲမှုဟာ ပြင်းထန်ခဲ့တာကြောင့် စာသင်ကျောင်းအဆောက်အအုံ၊ ကျောင်းဝန်ထမ်းတွေရဲ့ နေအိမ် အဆောက်အအုံတွေ အပါအဝင် နေအိမ်များစွာ ပျက်စီးခဲ့ကြောင်း ကချင်နဲ့ ရှမ်း​မြောက်က သတင်း​တွေကို​ဖော်ပြ​ပေး​နေတဲ့ 7Stars Newsက ဖော်ပြထားပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ပါဝင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ယမ်းဂိုဒေါင် ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတာဝန်ရှိသူ ဂိုဒေါင်ပိုင်ရှင်အား ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားကာ နစ်နာသူများ တရားမျှတမှုရရှိရေးစုံစမ်းစစ်ဆေးသွားမယ်လို့လည်း 7Stars News က ဖော်ပြထားပါတယ်။

အခုလို ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်စဉ်မျိုးဟာ အခြားတိုင်းရင်းသားတပ်တွေဖြစ်တဲ့ ၀တပ်(UWSA)၊ မိုင်းလားတပ်(NDAA)၊ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA) နယ်မြေတွေမှာလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ အခုနှစ်ပိုင်းအတွင်း UWSA၊ TNLAနဲ့ MNDAA တို့ရဲ့ နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေမှာ လူသေဆုံးထိခိုက်အများအပြားရှိခဲ့ပါတယ်။

“UWSA ၊ TNLA ၊ MNDAA ထိန်းချုပ်နေရာတွေပြီးရင် အခု KIA ထိန်းချုပ်ဒေသမှာ ထပ်ပြီလာတာဟာ စိုးရိမ်စရာပါ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးသင့်တယ်

အောက်ခြေမှာ ပြောထားပါတယ်ဆိုတာနဲ့မပြီးဘူး အစကတည်းက ပြည်သူတွေရှိတဲ့နေရာမှာ ယမ်း လက်နက်သိုလှောင်ရုံတွေ လုံးဝ မထားဖို့ ဥပဒေစည်းကမ်းချထားရမှာဖြစ်တယ်”လို့လည်း သတင်းရင်းမြစ်ကပြောပါတယ်။

လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ပြီးလက်နက်ကိုင်တပ်ဖွဲ့တွေဘက်က အခွန်ငွေရရှိခြင်းထက် ပြည်သူတွေဘေးကင်းရေးကို တာဝန်ယူမှုတာဝန်ခံမှုရှိစွာ လုပ်ဆောင်ကြဖို့လည်း ကချင်ပြည်သူအချို့က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

သတင်း

ကချင်ပြည်နယ်ꩻ ဗန်းမော်မြို့ကို စစ်တပ်က အင်အား ၁၀၀၀ ကျော် ဖြည့်တင်းထားပြီး အများစုဟာ စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က မန္တလေးဘက်ကနေ အင်အားတွေ ဖြည့်တင်းထားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Trending

Facebook