Connect with us

Hi, what are you looking for?

သတင်း

Flydubai လေယာဉ် အနုကြမ်းစီးဖို့ ကြိုးစားမှုမှာ သုံးခဲ့တဲ့ လက်နက်က လေယာဉ်မှူး အခန်းထဲက ပုဆိန်လို့ဆို

အစ္စရေး ခရီးသည် အများစုကို တင်ဆောင်လာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူ တွဲဖက် လေယာဉ်မှူးဟာ သူ့ရဲ့ တိုက်ခိုက်မှုအတွက် လေယာဉ်မှူး အခန်းထဲက ပုဆိန်ကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - X/@HamdanMohammed

အစ္စရေး ခရီးသည် အများစုကို တင်ဆောင်လာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူ တွဲဖက် လေယာဉ်မှူးဟာ သူ့ရဲ့ တိုက်ခိုက်မှုအတွက် လေယာဉ်မှူး အခန်းထဲက ပုဆိန်ကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။

ဒါဟာ အိုမန် နိုင်ငံသား ဟမ်မမ် အယ်လ်ဟမ်မမ်မီက လေယာဉ်ကို အနုကြမ်းစီးဖို့အတွက် အိန္ဒိယသား လေယာဉ်မှူး စမစ် မစ်ချာဟာကို ဓားနဲ့ထိုးခဲ့ကြောင်း ခရီးသည်တွေရဲ့ ပြောဆိုမှုတွေနဲ့ ကွဲပြားနေပါတယ်။ ခရီးသည်တွေက တိုက်ခိုက်မှုမှာ တွဲဖက်လေယာဉ်မှူးဟာ ဓားကို သုံးခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းထောက်တွေဆီ ပြောကြားခဲ့ကြတာပါ။

စက်တင်ဘာ ၃၀ ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ ဒူဘိုင်းမြို့ကနေ အစ္စရေးရဲ့ တဲလ်အဗစ်ဗ် မြို့ဆီကို ပျံသန်းနေတဲ့ Flydubai လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ် ကြုံတွေ့ခဲ့တဲ့ ချောက်ချားစရာ ဖြစ်ရပ်အကြောင်း ပိုပြီးတိကျတဲ့ သတင်းအချက်အလက်တွေကို အခုအခါ ယူအေအီးက ထုတ်ပြန်လာခဲ့တာပါ။

အဲဒီဖြစ်ရပ်မှာ အယ်လ်ဟမ်မမ်မီဟာ မစ်ချာဟာကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် တိုက်ခိုက်ပြီးတဲ့နောက် လေယာဉ်ကို ပေ ၁၇၀၀၀ လောက် စိုက်ဆင်းသွားစေခဲ့ပါတယ်။ ဒါပေမဲ့ မစ်ချာဟာက ဒဏ်ရာတွေ ကြားကနေ လေယာဉ်မှူး အခန်းတံခါးကို ရအောင်ဖွင့်ပြီး အကူအညီ အော်ဟစ် တောင်းခံခဲ့တာကြောင့် ခရီးသည်တွေက တွဲဖက်လေယာဉ်မှူးကို ဝိုင်းဝန်းချုပ်နှောင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ခရီးသည်တွေအဖြစ် လိုက်ပါလာတဲ့ အရန်လေယာဉ်မှူး နှစ်ဦးက လေယာဉ်ကို ဝင်ရောက်ထိန်းချုပ်ပြီး ဆော်ဒီအာရေးဘီးယားမှာ အရေးပေါ် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ခရီးစဉ်အမှတ် FZ1073 လေယာဉ်ပေါ်မှာ အစ္စရေး နိုင်ငံသား အများစု ပါဝင်တဲ့ ခရီးသည် ၁၇၄ ဦး၊ ပြီးတော့ အမှုထမ်း ၈ ဦး လိုက်ပါလာပေမယ့် မစ်ချာဟာကလွဲပြီး ကြီးကြီးမားမား ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

အောက်တိုဘာ ၃ ရက်နေ့မှာတော့ ယူအေအီး ရှေ့နေချုပ်ရုံးက ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုပြီး အသေးစိတ်ကျတဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ရာမှာ တွဲဖက်လေယာဉ်မှူးဟာ တိုက်ခိုက်မှုအတွက် လေယာဉ်မှူး အခန်းထဲမှာ ရှိနေတဲ့ အရေးပေါ် အခြေအနေသုံး ပုဆိန် (crash axe)ကို အသုံးပြုခဲ့ကြောင်း အတည်ပြုထားပါတယ်။ ဒီထုတ်ပြန်ချက်ဟာ တွဲဖက်လေယာဉ်မှူးဟာ ဘယ်လိုဘယ်ပုံ လက်နက် ယူဆောင်သွားသလဲဆိုတဲ့ မေးခွန်းကို ရှင်းလင်းသွားစေပါတယ်။

အဲဒီ crash axe ပုဆိန်တွေဟာ အရေးပေါ် အခြေအနေ တစ်ခုခုမှာ မှန်တွေကို ခွဲတာမျိုး ကိစ္စတွေအတွက် အသုံးပြုဖို့ စီစဉ်ထားရှိတာပါ။ ကနဦးမှာတော့ မျက်မြင်သက်သေ ခရီးသည် အားလုံးလိုလိုက တွဲဖက်လေယာဉ်မှူးဟာ ဓားတစ်လက်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်ကြောင်း သတင်းဌာနတွေဆီ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါကြောင့် တွဲဖက်လေယာဉ်မှူးဟာ ဓားယူသွားလို့ ရတဲ့ထိ လုံခြုံရေး ပေါ့လျော့မှုတွေ ရှိခဲ့သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေခဲ့ပြီး အခုတော့ အသုံးပြုတဲ့ လက်နက်နဲ့ ပတ်သက်လို့ ယူအေအီးက ရှင်းလင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ အကြမ်းဖက်ဝါဒ ဆက်နွှယ် ပတ်သက်နိုင်တယ်လို့ ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့် အစ္စရေးကရော၊ ယူအေအီးကပါ အဲဒီလို တပ်အပ် မစွပ်စွဲသေးပါဘူး။ ယူအေအီး ရှေ့နေချုပ်က ဖြစ်စဉ်ကို သေချာ လေ့လာဆန်းစစ်နေပြီး နောက်ကွယ်က အကြောင်းခြင်းရာတွေကို စုံစမ်းနေတယ်လို့ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

အယ်လ်ဟမ်မမ်မီဟာ အိုမန်ရဲ့ Oman Air အလုပ်လုပ်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ အစွန်းရောက် အတွေးအမြင်တွေကြောင့် ထုတ်ပယ် ခံခဲ့ရကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ နောက်တော့ သူဟာ အိုမန် အမျိုးသား လေကြောင်းလိုင်းမှာလည်း အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ Flydubaiမှာ အလုပ်ဝင်နေတာကတော့ ၈ လလောက်ပဲ ရှိသေးတာ ဖြစ်ပါတယ်။

သူဟာ ဗြိတိန်ရဲ့ ဘက်ကင်ဟမ်ရှိုင်းယားနယူး တက္ကသိုလ်မှာ လေကြောင်းစီမံခန့်ခွဲမှု အထူးပြု အဝေးသင်ဘွဲ့ကို ၂၀၂၃ ခုနှစ်က ရရှိခဲ့ကြောင်း၊ ဒါပေမဲ့ ဗြိတိန်မှာတော့ လေယာဉ်မှူးသင်တန်း မတက်ခဲ့ကြောင်း သိရပါတယ်။

လေယာဉ် အနုကြမ်းစီးဖို့ ကြိုးပမ်းမှု ဖြစ်စဉ်မှာ ဒဏ်ရာတွေ ရနေလျက်သားနဲ့ အစွမ်းကုန် ကြိုးစားတွန်းလှန်ခဲ့တဲ့ အိန္ဒိယသား လေယာဉ်မှူး မစ်ချာဟာကတော့ ယူအေအီးမှာ ဆက်ပြီး ဆေးရုံတက်နေဆဲ ဖြစ်ပေမယ့် အခြေအနေ တည်ငြိမ် တိုးတက်လာနေကြောင်း ယူအေအီးနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူကို အစ္စရေးက တာဝန်ယူ စစ်ဆေး မေးမြန်းဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

လူတွေ မသေစေချင်လို့ အစွမ်းရှိသမျှ ကြိုးစားရုန်းကန်ခဲ့တာ ဖြစ်တယ်လို့ အနုကြမ်းစီးသူ တွဲဖက် လေယာဉ်မှူးကို ရနိုင်သမျှ ခုခံခဲ့တဲ့ အိန္ဒိယ လေယာဉ်မှူးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒုတိယ 9/11 အကြမ်းဖက် ဖြစ်စဉ်ကို ရှောင်လွှဲနိုင်ခဲ့တာလို့ဆို

သတင်း

ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် ဟားမားစ်ရဲ့ ထိပ်တန်း စစ်ဦးစီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Trending

Facebook