Connect with us

Hi, what are you looking for?

သတင်း

ကရင်မျိုးဆက်သစ်ခေါင်းဆောင်မျာပေါ် ထွန်းလာရေး KNU ခေါင်းဆောင်တွေနဲ့ လူငယ်တွေ ညီလာခံကျင်းပ

ကော်သူးလေတည်ဆောက်ရေးအတွက် နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျွမ်းကျင်ကရင်လူငယ်များနဲ့ ကရင်အမျိုးသားတော်လှန်ရေးအကြား မျိုးဆက်ကြား ပေါင်းကူးချိတ်ဆက်မှု ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ညီလာခံ တရပ်ကျင်းပခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

(ညီလာခံကျင်းပစဥ်။ဓာတ်ပုံ - KNU)

အောက်တိုဘာ-၄၊၂၀၂၆။ထားမြတ်/People’s Spring

ကော်သူးလေတည်ဆောက်ရေးအတွက် နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျွမ်းကျင်ကရင်လူငယ်များနဲ့ ကရင်အမျိုးသားတော်လှန်ရေးအကြား မျိုးဆက်ကြား ပေါင်းကူးချိတ်ဆက်မှု ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ညီလာခံ တရပ်ကျင်းပခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ကော်သူးလေနယ်မြေ တနေရာမှာ စက်တင်ဘာ ၂၈ရက်ကနေ ၃၀ ရက်အထိ ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက်ကရင်မျိုးဆက်ကြား ခေါင်းဆောင်မှုညီလာခံ ( KILC)ကိုKNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းဦးဆောင်တဲ့ KNUခေါင်းဆောင်တွေ၊ ကရင်လူငယ်ပညာရှင်တွေ၊ ဌာနအသီးသီးမှ ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူတွေ စုစုပေါင်း လူဦးရေ ၁၃၀ ကျော် တက်ရောက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

“KILC သည် မျိုးဆက်များအကြား အသိပညာ၊ အတွေ့အကြုံနှင့် တန်ဖိုးများ လက်ဆင့်ကမ်းနိုင်ရေးနှင့် ကော်သူးလေ၏ ရေရှည်တည်တံ့သော အနာဂတ်အတွက် တာဝန်ယူဆောင်ရွက်နိုင်မည့် ခေါင်းဆောင်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ပူးပေါင်းဆွေးနွေးဖလှယ်သည့် ညီလာခံတစ်ရပ် ဖြစ်ပေသည်” လို့ KNUက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ်ညီလာခံရဲ့ ဆောင်ပုဒ်မှာ “KAWTHOOLEI TOGETHER – CROSSING THE BRIDGE: COMMITTED TO BUILDING KAWTHOOLEI TOGETHER” ဖြစ်ပြီး ဆွေးနွေးမှုများမှ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုသို့ ရွှေ့ပြောင်းကာ မျိုးဆက်များအကြား ပူးတွဲခေါင်းဆောင်မှုနဲ့ ကော်သူးလေရဲ့ အနာဂတ်အတွက်စုပေါင်းတာဝန်ယူမှုကိုလက်တွေ့ဆောင်ရွက်သွားဖို့ ရည်ရွယ်ကြောင်း ဖော်ပြပါတယ်။

ညီလာခံမှာ KNU ခေါင်းဆောင်တွေက သူတို့ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ လက်ရှိ ကြုံနေရတဲ့ စိန်ခေါ်မှုတွေ အကြောင်း မျှဝေခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကရင်လူငယ်များ ပါဝင်ဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍများကို စကားဝိုင်းဆွေးနွေးပွဲများနဲ့ အပြန်အလှန်မေးမြန်းဆွေးနွေးမှုများမှတစ်ဆင့် ဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကရင်ဘွဲ့ရလူငယ်များ၊ ပညာရှင်များနဲ့ ကျွမ်းကျင်သူများရဲ့ အသိပညာ၊ အတွေ့အကြုံများကို KNUရဲ့ အုပ်ချုပ်ရေး၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကော်သူးလေတည်ဆောက်ရေးလုပ်ငန်းတွေမှာ ပိုထိရောက်စွာ ပါဝင်အသုံးချနိုင်ရေး လူ့စွမ်းအားအရင်းအမြစ်များ ချိတ်ဆက်စုစည်းနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Trending

Facebook