Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှနယ်ထဲက တပိုင်တနိုင်​ရွှေ​မျှော​တွေကို စစ်တပ်​လေ​ကြောင်းတိုက်ခိုက်ပြည်သူ ​သေဆုံးထိခိုက်မှုများ

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

(စစ်တပ်ဗုံးကြဲလို့ ဒဏ်ရာရသူကို ကူညီဖို့ကြိုးစား​နေတဲ့​ပြည်သူ​တွေ။ဓါတ်ပုံ-​ပေးပို့)

​အောက်တိုဘာ-၅၊၂၀၂၆။အိမ်သွင်/People’s Spring

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

အောက်တိုဘာလ ၅ရက် မွန်းလွဲ ၁နာရီ၂၀မိနစ်ခန့်ကစပြီး ဂျက်ဖိုက်တာနဲ့ အတွဲလိုက်ဗုံးကြဲတာ ၊ပစ်ခတ်တာ​တွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

” နေ့ခင်းကပစ်ပြီးနားသွားတယ်။ အခုညနေ ၄နာရီကျော်ကစပြီးတစ်စီးပြီးတစ်စီး ပစ်နေတာ။ ၂၀‌လောက်အထိ ထိခိုက်ထားတယ်လို့ ကြားတယ်။ ဒေသခံတွေလေ။ ပြေးစရာမြေမှ မရှိတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ဟုမ္မလင်းလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ကျွန်းလှနဲ့ တန့်ဆည်အပါအဝင်စစ်ကိုင်းတိုင်းထဲကမော်လူး၊ဗန်းမောက်၊အင်းတော်၊ဝန်းသို၊ကောလင်း၊ပင်လည်ဘူး၊ဖောင်းပြင်၊မော်လိုက်၊ခမ်းပါတ်နဲ့တမူးမြို့နယ်တွေကို ဗုံးကြဲဖို့အတွက် စစ်‌ကောင်စီကဟုမ္မလင်းလေတပ်ကိုအများဆုံးအသုံးပြုနေပါတယ်။

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်း အန္တရာယ်ကိုအထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့မတ်လ၁၅ရက်ညနေကလည်းသဖန်းဆိပ်ဆည်ထဲကရွှေမျောတွေကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားလို့ဒေသခံ၁၃ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Trending

Facebook