Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံမှာအိမ်ဆောက်ပစ္စည်းဆိုင်ရှင် ဓားနဲ့ခုတ်ခံရပြီးသေဆုံး

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်၊ (၄၂) ရပ်ကွက် ၊ဦးဝိစာရလမ်းပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်မှာဒီနေ့ မွန်းလွဲပိုင်းကအမျိုးသားသုံးဦးဝင်ရောက်ပြီးဓားနဲ့ခုတ်တာကြောင့်ဆိုင်ရှင်အမျိုးသား​သေဆုံးသွားတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

မြောက်ဒဂုံ ဦးဝိစာရလမ်းပိုင်းတစ်နေရာကိုတွေ့ရပုံ ( ပုံဟောင်း - Google Map)

အောက်တိုဘာ- ၅ ၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်၊ (၄၂) ရပ်ကွက် ၊ဦးဝိစာရလမ်းပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်မှာဒီနေ့ မွန်းလွဲပိုင်းကအမျိုးသားသုံးဦးဝင်ရောက်ပြီးဓားနဲ့ခုတ်တာကြောင့်ဆိုင်ရှင်အမျိုးသား​သေဆုံးသွားတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

အောက်တိုဘာ ၅ ရက်၊မွန်းလွဲပိုင်း ၁၂ နာရီခန့်က ဦးဝိစာရလမ်းပေါ်ကနေအိမ်နဲ့တွဲဖွင့်ထားတဲ့ အိမ်ဆောက်ပစ္စည်းဆိုင်ထဲကို အမျိုးသားသုံးဦးဝင်ရောက်လာပြီးနောက် ဓားခုတ်မှုဖြစ်တာပါ။

အမျိုးသားသုံးဦးအနက်တစ်ဦးက ဆိုင်အပေါက်ဝမှာရပ်နေပြီး ကျန်တဲ့ နှစ်ဦးက ဆိုင်ရှင်အမျိုးသားကို ဓားနဲ့ခုတ်တာလို့ ​မြောက်ဒဂုံအ​ခြေစိုက်လူမှုကူညီရေးလုပ်ကိုင်သူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“အမျိုးသမီး(ဆိုင်ရှင်ဇနီး)ကိုလည်း လက်သီးနဲ့ထိုးသွားတယ်”လို့ သူက ဆိုပါတယ်။

ဆိုင်ရှင်ဇနီး အပြင်ကရောက်ရှိလာချိန် အိမ်ပေါက်ဝမှာစောင့်နေတဲ့အမျိုးသားကထိုးပြီးချုပ်ခဲ့ပေမယ့် ရုန်းထွက်ပြီး ပတ်ဝန်းကျင်ကိုအကူအညီတောင်းခဲ့တာကြောင့် အနုကြမ်းဝင်စီးတဲ့ သူသုံးဦးစလုံးထွက်ပြေးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

မြောက်ဒဂုံမြို့ခံအမျိုးသမီးတစ်ဦးကတော့ဖြစ်စဉ်ဟာအိမ်ဆောက်ပစ္စည်းဆိုင်ကိုအမျိုးသားသုံးဦးက အနုကြမ်းစီးခဲ့တယ်ဆိုတာကိုသိထားရတယ်လို့ ပြောပါတယ်။

ဆိုင်ရှင်အမျိုးသားဟာ ဘယ်ဘက်လည်ပင်း ၊ဘယ်ဘက်ပါးစောင်၊ဂုတ်၊ကျောပြင် ၊ဘယ်ဘက်လက်ချောင်းနဲ့ညာဘက်လက်မောင်းတွေမှာ ဓားဒဏ်ရာတွေရရှိခဲ့ပြီးမြောက်ဥက္ကလာဆေးရုံကြီးဆီပို့ဆောင်ရာမှာ ဆေးရုံရောက်ပြီး ငါးမိနစ်အကြာမှာပဲ သေဆုံးသွားတယ်လို့ ဝန်းရံမှုးလူမှုကူညီရေးအသင်းက ဖေ့ဘွတ်ခ်မှာ အသိပေးထားပါတယ်။

ဓားနဲ့ခုတ်သွားတဲ့အမျိုးသားတွေကိုတော့ အာဏာသိမ်းစစ်တပ်က ဒီနေ့ ညပိုင်းအထိ ဖမ်းမိတာမရှိသေးဘူးလို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအ​ထွေ​ထွေကုန်ဈေးနှုန်း​တွေကြီးလာပြီး ကျပ်တည်းလာတာ၊အလုပ်အကိုင်​တွေရှားပါးတာ ၊တရားဥပ​ဒေစိုးမိုးမှုမရှိ​တော့ဘဲ လူမိုက်​​တွေကို စစ်တပ်နဲ့ရဲ​တွေကပျူ​စောထီး၊သတင်း​ပေး ၊ရပ်​ကျေးအုပ်ချုပ်​ရေး​ပိုင်းမှာပါ တာဝန်​ပေး​​နေတာ၊တရားဥပ​ဒေစိုး​မိုး​​ရေးလုပ်​နေသူ​တွေအဂတိမှု​တွေများလာတာ စတာတွေ​ကြောင့် ရာဇဝတ်မှု​တွေပိုများလာတယ်လို့​ပြည်သအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ အသက်(၃၁) နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး နေအိမ်ရှေ့တင် ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံလမ်းမပေါ်မှာရှိတဲ့ Snoopy Mobile ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်‌တွေ လဲကျခဲ့ပါတယ်။

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Trending

Facebook