Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ၆တန်းကျောင်းသား ၁ဦး သတ်ဖြတ် ရုပ်အလောင်းဖျောက်ခံရ

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန်-၁၀၊၂၀၂၆။စိုင်းနောင်/People’s Spring

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မြောက်ဒဂုံမြို့နယ်၊ (၃၉/A) ရပ်ကွက်မှာ နေထိုင်တဲ့ မောင်မင်းခန့်ဇော်ဟာ ဇွန်လ ၈ရက် ညနေ ၄နာရီခန့်က နေအိမ်က ထွက်သွားပြီး ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေက လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေတင်ပြီး အကူအညီတောင်းခဲ့သလို ရဲစခန်းမှာလည်း အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာတော့ ရေကန်တစ်ခုအတွင်း သေဆုံးနေတဲ့ ရုပ်ရုပ်အလောင်းကိုပြန်တွေ့ရတာလို့ မြောက်ဒဂုံမြို့နယ်၊ (၃၉/A) ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ကျနော်တို့လည်းလိုက်ရှာတာပဲ ဘယ်လိုမှ စုံစမ်းလို့မရဘူး။ ရေကန်ထဲမှာပေါ်နေလို့ သွားကြည့်တော့မှတွေ့တာ။ ဒဏ်ရာတွေရှိတယ်ပြောကြတယ်။ အသတ်ခံထားရတာတဲ့”လို့ ၎င်းက ဆိုပါတယ်။

မောင်မင်းခန့်ဇော်ရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက” တူလေးဆုံးပြီ။ ရေကန်ထဲမှာ။ အသတ်ခံထားရပါတယ်။လုပ်ရက်လိုက်ကြတာ “လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

ပျောက်ဆုံးသွားတဲ့ညနေကစပြီး မိသားစုဝင်တွေက ” ပြည်သူတွေရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေပါသည်”လို့ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် ဆက်တိုက်အကူအညီတောင်းခဲ့ကြပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ လူပျောက်မှုတွေ၊ အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ၊ လုယက်မှုတွေနဲ့လူသတ်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။

ယခုရက်ပိုင်းမှာပဲ နေပြည်တော်က ကိုယ်ပိုင်ကျောင်းတစ်ခုမှာ ကလေးချင်းဖြစ်ပွားတဲ့ ပြဿနာကနေ လူကြီးချင်းသတ်ဖြတ်တဲ့အထိ ဖြစ်ပွားခဲ့သလို ပဲခူးတိုင်း၊ကဝမြို့မှာလည်း ကလေးငယ် ၂ဦးအပါအဝင် ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။