Connect with us

Hi, what are you looking for?

News

ကျွန်းလှမှ PDFသားအဖတိုက်ပွဲဝင်ရင်း ဖခင်ကျဆုံးပြီးသားဖြစ်သူအဖမ်းခံရ

“သားအဖနှစ်ယောက်စလုံး PDFထဲ ဝင်ပြီး စစ်ကောင်စီကို တော်လှန်တာ။ အဖေက စစ်တပ်ကပစ်တဲ့ သေနတ်ကျည်ထိမှန်သေဆုံးခဲ့ပြီး သားကို ဖမ်းသွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်ကို လက်နက်ကိုင်ခုခံတိုက်ပွဲဝင်နေသည့် ကျွန်းလှမြို့ခံသားအဖနှစ်ဦးအနက် တစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီး တစ်ဦးကိုဖမ်းဆီးသွားသည်။

ကျွန်းလှမြို့၊ ကန်ဇွန်းအင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်တွင်လေကြောင့်မှ တိုက်ခိုက်ခဲ့ပြီး အဆိုပါ​နေ့တွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်သားအဖ နှစ်ဦးမှ ဖခင်ဖြစ်သူကျဆုံးကာ သားဖြစ်သူဖမ်းဆီးခံရခြင်းဖြစ်​ကြောင်း ကျွန်းလှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“သားအဖနှစ်ယောက်စလုံး PDFထဲ ဝင်ပြီး စစ်ကောင်စီကို တော်လှန်တာ။ အဖေက စစ်တပ်ကပစ်တဲ့ သေနတ်ကျည်ထိမှန်သေဆုံးခဲ့ပြီး သားကို ဖမ်းသွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

သေဆုံးသူသည် ဗေထိဟုလူသိများသည့် အသက် ၄၀ အရွယ်ခန့်အမျိုးသားဖြစ်ပြီး ၄င်း၏ သားဖြစ်သူ သတင်းနောက်ဆက်တွဲကိုမူ မကြားသိရသေးကြောင်း ကျွန်းလှဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ကျွန်းလှမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ အ​ကောင်းဆုံးခုခံကာကွယ်​နေပြီး စစ်​ကောင်စီတပ်များ ​သေဆုံးထိ့ခိုက်မှု များပြားလာပြီး​နောက် စစ်​ကောင်စီတပ်က ​​လေယာဥ်များအသုံးပြုတိုက်ခိုက်​နေခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းသည် အကြမ်းဖက်စစ်ကောင်စီတပ်အား လက်နက်ကိုင်တော်လှန်ရေးတွင် တစ်တိုင်းလုံးအား​ကောင်း​သောတိုင်းဖြစ်သည်။ စစ်ကောင်စီက လေ​ကြောင်းအသုံးပြု၍ မကြာခဏတိုက်ခိုက်ခံနေရသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက​ပျောက်ကြားစစ်​ရေးနည်းဖြင့်ခုခံတိုက်ပွဲဝင်နေကာ လက်နက်ရရှိရေး လူထုက ကူညီရန် တောင်းဆိုထားသည်။ စစ်ကိုင်းတိုင်းတွင်စစ်အာဏာရှင်ပြုတ်ကျရေးလူထုသပိတ်များလည်း နေ့စဥ် ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။