Connect with us

Hi, what are you looking for?

သတင်း

ကသာဒေသတွင်း စစ်ရေးအခြေအနေ တော်လှန်ရေးတပ်တွေ သတိပေး

စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။

(အင်းတော် PDF က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - အင်းတောင် PDF)

အောက်တိုဘာ ၆၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။

အင်အား ၂၀၀ထက်မနည်းပါတဲ့ ခမရ(၃၀၉)တပ်ရင်းစစ်ကြောင်းဟာ သြဂုတ် ၅ရက်ကနေထွက်လာတာဖြစ်ပြီး အင်းတော်မြို့ဘက်ကို ဦးတည်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“အင်းတော်မြို့ထဲလည်း သတိထားရမယ်။ ကသာကနေ စစ်ကြောင်း လှုပ်လာတယ်။ ၃၀၉ကနေ ထွက်လာတယ်။ ထီးချိုင့်ဘက်လည်း တိုးလာတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကသာ-အင်းတော် လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားသလို ထီးချိုင့်- အင်းတော်လမ်းပိုင်းမှာလည်း စစ်တပ်ကအင်အားဖြည့်တင်းထားတယ်လို့ သတင်းရရှိပါတယ်။ စစ်တပ်က ထီးချိုင့်မြို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကတဆင့် အင်အားတွေပို့ဆောင်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ရွှေကူ-ငါးအိုးလမ်းမကြီးကို အသုံးမပြုဘဲ သတ်မှတ်ထားတဲ့လမ်းကနေသာ ပြည်သူတွေသွားလာကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကအောက်တိုဘာ ၅ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို့ KIA က ဇွန်လ ၈ရက်မှာလည်း အသိပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းက ထီးချိုင့်၊အင်းတော်၊ ကသာမြို့တွေဟာ နယ်ချင်းဆက်နေပြီး ကချင်ပြည်နယ်ရွှေကူမြို့နဲ့လည်း ဆက်စပ်နေပါတယ်။

ကသာမြို့မှာ စစ်တပ်က မြို့တွင်းမှာတပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ မတ်လက ခမရ(၃၀၉)တပ်ရင်းကနေထွက်လာတဲ့ စစ်ကြောင်းကိုအင်း‌တော်နဲ့ ကသာမြို့ကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်က အရာရှိအချို့အပါအဝင် ၃၃ဦး သေဆုံးပြီး စစ်သုံ့ပန်း၃၁ ဦးဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လမှာလည်း ကသာမြို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ကစစ်ဘေးရှောင်တွေခိုလှုံနေတဲ့ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ၂၅ ရက် ညနေပိုင်းတိုက်ပွဲမှာ ခမရ(၃၀၉)တပ်ရင်းကို စစ်ကူနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ စစ်တပ်ရဟတ်ယာဉ် သုံးစီးထဲက တစ်စီးကို PDFပူးပေါင်းတပ်တွေပစ်ခတ်လို့ ထိမှန်ပြီး မဘိမ်းမြို့နယ် ငအိုး ဘောလုံးကွင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း

တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

သတင်း

ရန်ကုန် - ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook