Connect with us

Hi, what are you looking for?

သတင်း

ဂွေးချိုရွာ ပျူစောထီးစခန်း တော်လှန်ရေးတပ်တွေတိုက်ခိုက်၊ စစ်တပ်က လေကြောင်းကအပြင်းအထန်ခုခံ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

(ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်နေစဉ်။ ဓာတ်ပုံ- Screengrab)

အောက်တိုဘာ-၆၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြိးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၅ နာရီခွဲက ဂွေးချိုပျူစောထီးစခန်းကို ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်း နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေစကြိုမြို့နယ်က ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အပြီးသတ်မသိမ်းပိုက်ဘဲဆုတ်ခွာခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် တိုက်ခိုက်မှုအတွင်းမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ ၃၀ ၀န်းကျင်ရှိပြီး တော်လှန်ရေးရဲဘော် ၃ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်ပါဘူး။

ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို ပခုက္ကူခရိုင် အမှတ် (၂ ၊ ၃ ၊ ၁၀) တပ်ရင်း ၊ ရေစကြိုတပ်ပေါင်းစု၊ one more စစ်ကြောင်း(မြင်းခြံ)၊ ကြယ်တံခွန်စစ်ကြောင်း ၊ဒေါင်းညီနောင်၊ မြိုင်ပကဖ (ဒရုန်းအဖွဲ့) ၊ KNLAတပ်ရင်း၂၇ နယ်စီးမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း(၁) တို့နဲ့ အတူ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်တလော စစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေ အနေနဲ့ လေကြာင်း၊လက်နက်ကြီးရန်ကို အထူးဂရိုစိုက်ဖို့လည်းရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက တိုက်တွန်းထားပါတယ်။

“ဂွေးချိုက ရေစကြို-ပခုက္ကူလမ်းပိုင်းမှာရှိတယ်။ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်လောက် အကြာမှာ ပျူရွာဖြစ်ခဲ့တာ။အင်အားက ရွာခံပျူများတယ်။အားလုံးဆိုရင်တော့ ၇၀ လောက်ရှိလိမ့်မယ်”လို့ ရေစကြိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ် ။

ဒါ့အပြင် ဂွေးချိုကျေးရွာဟာ တိုက်နယ်ရဲစခန်းရှိတဲ့အပြင် ကျေးရွာအတွင်းမှာ ကာကင်းတွေကို အခိုင်အမာတည်ဆောက်ထားပြီး နင်းမိုင်းတွေ အများအပြားအသုံးပြုထားကာ စစ်တပ်ရဲ့ အခိုင်မာ ‌ခြေကုပ်နေရာတခုဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းပျက်စီးခဲ့ကြောင်း အင်းတော်ကြီးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook