Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ခေါင်လန်ဖူးရှိ ရှေ့တန်းစစ်ကြောင်းတွေကို လေကြောင်းက ရိက္ခာခဲယမ်းချပေး

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ စစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ပူးပေါင်းစစ်ကြောင်းတွေကို စစ်တပ်က လေကြောင်းကနေ ရိက္ခာဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၇ရက်၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ စစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ပူးပေါင်းစစ်ကြောင်းတွေကို စစ်တပ်က လေကြောင်းကနေ ရိက္ခာဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ်ဒေသရှိ စစ်တပ်ရဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကို KIA ပူးပေါင်းတပ်က စက်တင်ဘာ တတိယပတ်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်တပ်နဲ့ ပြည်သူ့စစ်ကလည်း အဲဒီ စခန်းပြန်ရရေး တန်ပြန်ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

လတ်တလော ခေါင်လန်ဖူးဒေသ တိုက်ပွဲအခြေအနေဟာ နှစ်ဖက်ဆိုင်ထားဆဲဖြစ်ပြီး စစ်တပ်ဘက်က လေယာဉ်နဲ့ ရိက္ခာခဲယမ်းချပေးတာတွေရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အဓိကကတော့ ပူတာအိုကနေ ထောက်ပို့လေယာဉ်နဲ့ ပျံသန်းပြီးမှ လောလောဆယ် ရင်ဆိုင်ထားတဲ့ ကျနော်တို့ သိမ်းပိုက်ထားတဲ့ အမတ်ပေါ်ဒေသရဲ့ ချောင်းဖျားဘက်မှာ သူတို့ရဲ့ စစ်ကြောင်းရှိတဲ့ဘက်ကို သူတို့က ရိက္ခာထုပ်နဲ့ ခဲယမ်းတွေချတာ သုံးကြိမ်လောက်ရှိပါပြီ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြီးခဲ့တဲ့ တပတ်အတွင်း လေယာဉ်ကနေ ရိက္ခာခဲယမ်းချပေးတဲ့ အခြေအနေကို ပြောပြပါတယ်။

လတ်တလောမှာ စစ်တပ်အနေနဲ့ ရဟတ်ယာဉ်ကွင်း အသိမ်းခံထားရတာကြောင့် ရဟတ်ယာဉ်နဲ့ စစ်အင်အားပို့နိုင်ခြင်းမရှိဘူးလို့လည်း ပြောပါတယ်။

” အနီးပတ်ဝန်းကျင်မှာလည်း ရဟတ်ယာဉ်ကွင်းမရှိဘူး။ ရဟတ်ယာဉ်ကွင်းရှိတာဆိုလို့ ပြည်သူ့စစ်ဌာနချုပ် ရှိန်းခေါင်ရယ် ခေါင်လန်ဖူးရယ် ဒီနှစ်ခုပဲရှိတော့တယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်တဲ့နေရာကို လူအင်အား တိုက်ရိုက်ရဟတ်ယာဉ်နဲ့ ပို့ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ လောလောဆယ်အခြေအနေ သူတို့ရဲ့ ရိက္ခာထုပ်နဲ့ခဲယမ်းထုပ်တွေ ချတဲ့အခြေအနေကို ကြည့်လို့ရှိရင် ဒီလေယာဉ်ကွင်းဘက်ကို သူတို့ နောက်ထပ် တဖန် တန်ပြန်စစ်ဆင်ရေးပုံစံမျိုး လုပ်လာနိုင်တဲ့ အခြေအနေ အနည်းအကျဉ်းတွေ့ရတာဖြစ်တယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခု တိုက်ပွဲဖြစ်ရာဒေသတွေမှာ ကျေးရွာတွေမရှိဘဲ ဝေးလံခေါင်ဖျားတဲ့ ဒေသဖြစ်လို့ စစ်တပ်တွေအနေနဲ့ လေယာဉ်က ချပေးတဲ့ ရိက္ခာသာရှိတယ်လို့လည်း ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဇူလိုင်လအတွင်းက နယ်ခြားမှတ်တိုင် (၃၀)ပေါ်က စစ်တပ်စခန်းအချို့ သိမ်းရသလို စက်တင်ဘာလမှာလည်း ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကို သိမ်းရခဲ့တာပါ။

ခေါင်လန်ဖူးဒေသ တိုက်ပွဲမှာ စစ်တပ်ဟာ နယ်မြေခံ ပြည်သူ့စစ်တွေကို ရှေ့တန်းကထား တိုက်ခိုက်ခိုင်းနေလို့ တိုက်ပွဲတွေမှာ ပြည်သူ့စစ်တွေ သေဆုံးထိခိုက်များပြားနေကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာ​ကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

သတင်း

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

Facebook