Connect with us

Hi, what are you looking for?

သတင်း

အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံခဲ့ရတဲ့အမျိုးသမီးငယ်တဦးအရေးပေါ် ‌‌‌ဆေးရုံတင်ထားရပြီး တဦး‌ အသတ်ခံရ

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

(​ဒေသတစ်ခုမှာ​တွေ့ရတဲ့ အာဏာသိမ်းစစ်တပ်ကစစ်သား​တွေ(ပုံအ​​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-စစ်​ကောင်စီ )

အောက်တိုဘာ-၇-၂၀၂၆။ကတ်သရင်း/ People’s Spring

အမျိုးသမီးငယ် ‌‌‌‌‌‌‌တွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့ စစ်တပ်စစ်​ကြောင်းဟာနွားထိုးကြီးမြို့တွင်းကိုပြန်ဝင်သွားပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးငယ်တဦး သေဆုံးခဲ့သလို ၊တဦးဟာအရေးပေါ် ဆေးရုံတက်ကုသ နေရတယ်လို့ ‌‌‌ဒေသခံ တွေကပြောပါတယ်။

နွားထိုးကြီးမြို့တွင်းတပ်စွဲထားတဲ့ တပ်မ(၄၄) လက်​အောက်ခံစစ်သား​တွေ၊ ပြည်သူ့စစ်​တွေ၊ပျူစောထီး​တွေနဲ့ ရဲကွန်မန်ဒိုဆိုတဲ့ရဲ​တွေပါဝင်တဲ့ အင်အား၂၀၀ ခန့်ပါ စစ်ကြောင်းဟာနွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာမှာတပ်စွဲခဲ့ပါတယ်။တပ်စွဲပြီးအောက်တိုဘာလ ၅ ရက်နေ့၊ည၇နာရီမှာမူးယစ်​သောက်စာ၀းကာ ပတ်ကင်းလှည့်ချိန် ရွာထိပ်အစွန်က တောထဲတိုက်က စစ်ဘေးရှောင်နေတဲ့ ပြည်သူ တွေကို တွေ့သွားခဲ့ပါတယ်။

စစ်​ဘေး​ရှောင်​တွေထဲက အိမ်ထောင်သည်အမျိုးသမီးတဦး၊အသက် ၁၄နှစ်အရွယ်မိန်းက​လေးငယ်တဦး၊ အသက်၁၈နှစ်အရွယ် အမျိုးသမီးငယ်နဲ့ အသက်၂၀နှစ်အရွယ် အမျိုးသမီးနှစ်ဦး စုစု​ပေါင်း ၅တို့ကို ဖမ်းဆီးသွားပါတယ် ။ အိမ်ထောင်သည် အမျိုးသမီးကို သူမရဲ့ခင်ပွန်းကလိုက်​ခေါ်တာ​ကြောင့် ပြန်လွှတ် ပေးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့်အသက်မပြည့်သေးတဲ့ မိန်းက လေးငယ်အပါအဝင် အမျိုးသမီးငယ် ၄ဦးကို စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေကနှိပ်စက်ညှင်းပန်းပြီးအုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပါတယ်။ဖမ်းသွားပြီး​​နောက်​နေ့မှာ အမျိုးသမီး၃ဦးဟာ ဒဏ်ရာ တွေနဲ့ ပြန်လွတ် မြောက်ခဲ့ပါတယ်။

“နှစ်‌ ယောက်က ညီအမ တွေ။သူတို့ကတော့ ဟန်မပျက်အလုပ်လုပ် နေကြမယ့် မျက်နှာနဲ့ လည်ပင်းတွေမှာဒဏ်ရာတွေရထားတယ်လို့ သိရတယ်။ တယောက်ကတော့ ဆေးရုံအ‌ ရေး ပေါ်တက် နေရတုန်းပဲ။ပျောက်နေတဲ့တယောက်က သတ်ပစ်လိုက်ကြတယ်လို့ သတင်းရထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

​အောက်တိုဘာ ၆ ရက်မနက်ပိုင်းမှာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေ ပြန်လွတ်လာပြီးတဲ့နောက် စစ်တပ်ကအုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့သတင်းထွက်ခဲ့ပြီး ​အောက်တိုဘာ ၇ ရက်မှာ စစ်​တပ်စစ်​ကြောင်းဟာမြို့တွင်းကို ပြန် ဝင်သွားတာလို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်မှာ စစ်တပ်စစ်​ကြောင်း​က မြင်းခြံခရိုင်၊တောင်သာမြို့နယ်ရှိ စွာ​တွေကအမျိုးသမီး​တွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ပါသေးတယ် ။ ​တောင်သာမြို့နယ်၊ရုံးစည်ကြီးရွာကအသက်၁၆နှစ် အရွယ် ကနေ အသက်၆၀ အရွယ်အထိ အမျိုးသမီး ၇ ဦးကို စက်တင်ဘာလ၁၀ ရက်နေ့ကနေ ၁၆ ရက် နေ့အထိ စစ်သား​တွေက ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့တာလို့ ​ဒေသခံနဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

အလားတူ သံဘိုရွာမှာလည်း အမျိုးသမီးငယ်တချို့ကို စစ်သား​တွေကထပ်မံ အ‌‌ဓမ္မပြုကျင့်ခဲ့ကြသေးတယ်လို့ အဲဒီစစ်​ကြောင်းကဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ထွက်ဆိုခဲ့ပါတယ်။

ဒါ့အပြင် အိမ်ကြီးတောရွာကိုလည်းစစ်တပ်က စစ်ကြောင်းထိုးကာအသက် ၁၆နှစ်အရွယ်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ သတ်ဖြတ်ခဲ့ကြပါတယ်။

အဆိုပါ ရွာ​တွေက အမျိုးသမီး၂၀ကျော်ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခိုင်းခဲ့သူဟာ စစ်တပ်က ဗိုလ်မှူးကျော်မင်းဖြစ်တယ်လို့ အဲစစ်​ကြောင်းကဖမ်းမိတဲ့စစ်သုံ့ပန်းကထွက်ဆိုပါတယ်။စစ်တပ် အဓမ္မကျင့်ခဲ့တဲ့ အမျိုုးသမီးတွေထဲက မိန်းက​​လေးငယ်အချို့ဟာ အဖြစ်ဆိုးကြုံပြီး​နောက် ကိုယ်တိုင်အဆုံးစီရင်သွားတာရှိခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ရွာ​တွေကို စစ်​ကြောင်းထိုးအကြမ်းဖက်သတ်ဖြတ်ပြီး အမျိုးသမီး​တွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်တဲ့စစ်​ကြောင်းကို ​​ဒေသတွင်းPDF ၊ပကဖနဲ့ ​တော်လှန်​ရေးတပ်​တွေက၂၀၂၅ အောက်တိုဘာ၉ ရက်မှ ၁၂ရက် နေ့အထိမလှိုင်မြို့နယ် အိမ်ကြီးတောရွာအနီးတိုက်ခိုက်ရာ ဗိုလ်မှူး​ကျော်မင်း အပါအဝင်စစ်သား ၂၀ ကျော် မလှိုင်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့ပြီး ၅ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာ​ကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

သတင်း

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook