Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပျော်စီး ခရုစ်သင်္ဘောတွေပေါ်မှာ ရောဂါကူးစက်မှုတွေကို အမေရိကန် CDC စောင့်ကြည့်နေ

ခရုစ် သင်္ဘောလိုင်းတွေပေါ်မှာ ရောဂါ ကူးစက်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဌာနရဲ့ ထဲထဲဝင်ဝင် စစ်ဆေးမှုတွေ လိုအပ်လိမ့်မယ်လို့လည်း CDC တာဝန်ရှိသူတွေက ပြောပါတယ်။ Royal Caribbean ခရုစ် သင်္ဘောလိုင်းပိုင် Odyssey of the Seas အပျော်စီး သင်္ဘောပေါ် လိုက်ပါ စီးနင်းဖို့ စီစဉ်နေသူ တစ်ဦးကတော့ လက်ရှိ သတင်းတွေကြောင့် အတော်လေး စိတ်ပူနေမိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ကိုဗစ်ရောဂါ ပျံ့နှံ့ ကူးစက်မှုတွေ ကြုံခဲ့တဲ့ အပျော်စီး ခရုစ်သင်္ဘော တချို့ရဲ့ အခြေအနေကို အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း သိရပါတယ်။

ရောဂါ တားဆီးထိန်းချုပ်ရေး ဌာန (CDC)က ကိုဗစ် ကူးစက်မှု အခြေအနေတွေ ကြုံနေတဲ့ သင်္ဘောပေါင်း ၆၀ ကျော်လောက်ဟာ အမေရိကန်တဝိုက် ကမ်းလွန်ရေပြင်တွေမှာ ရှိနေတယ်လို့ ပြောပါတယ်။ တချို့ သင်္ဘောတွေက ကာရေဘီယန် ဒေသတွင်း နိုင်ငံတွေမှာ ကမ်းကပ်ခွင့် တောင်းခံခဲ့ပေမယ့် သက်ဆိုင်ရာ နိုင်ငံ အစိုးရတွေက ငြင်းဆန်ခဲ့တဲ့နောက် အမေရိကန်ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။

ခရုစ် သင်္ဘောလိုင်းတွေပေါ်မှာ ရောဂါ ကူးစက်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဌာနရဲ့ ထဲထဲဝင်ဝင် စစ်ဆေးမှုတွေ လိုအပ်လိမ့်မယ်လို့လည်း CDC တာဝန်ရှိသူတွေက ပြောပါတယ်။ Royal Caribbean ခရုစ် သင်္ဘောလိုင်းပိုင် Odyssey of the Seas အပျော်စီး သင်္ဘောပေါ် လိုက်ပါ စီးနင်းဖို့ စီစဉ်နေသူ တစ်ဦးကတော့ လက်ရှိ သတင်းတွေကြောင့် အတော်လေး စိတ်ပူနေမိတယ်လို့ ဝန်ခံခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းက အဲဒီ သင်္ဘောပေါ် လိုက်ပါလာသူ ၅၅ ဦးကို ဆေးစစ်ကြည့်တဲ့အခါ ကိုဗစ်ရောဂါ ဖြစ်ပွားနေကြောင်း Positive အဖြေတွေ ထွက်ပေါ်ခဲ့ပါတယ်။ သင်္ဘောပေါ် လိုက်ပါလာသူ အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး ထိုးထားသူတွေ ဆိုပေမယ့် ကူးစက်မှုတွေ ကြုံခဲ့တာလို့ သင်္ဘောလိုင်းက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ဒီသင်္ဘောကို ကာရေဘီယန် ကျွန်းစု နိုင်ငံတွေဖြစ်တဲ့ ကူရက်ရှိုနဲ့ အာရူးဘားတို့က ကမ်းကပ်ခွင့် ငြင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံးတော့ ခရုစ်သင်္ဘောဟာ စီစဉ်ထားတဲ့ လမ်းကြောင်းတွေမှာ ခရီးတစ်ထောက် မနားဖြစ်တော့ဘဲ ဖလော်ရီဒါကို ပြန်လှည့်ခဲ့ရပါတယ်။ Odyssey of the Seasလိုပဲ တခြား ခရုစ်သင်္ဘောတွေလည်း တူညီတဲ့ အခြေအနေတွေ ကြုံနေရပါတယ်။ ဥပမာ အနေနဲ့ Carnival Freedom ခရုစ်သင်္ဘောကြီး ဆိုရင်လည်း ကာရေဘီယန် ကျွန်းတစ်ခုဖြစ်တဲ့ ဘိုနာရီမှာ ကမ်းကပ်ခွင့် မရခဲ့ပါဘူး။

Carnival Freedom သင်္ဘောပေါ်မှာလည်း လိုက်ပါလူတွေထဲက အရမ်းနည်းပါးတဲ့ ပမာဏဟာ ဆေးစစ်ရလဒ် Positive ထွက်ပေါ်ခဲ့ကြောင်း ပိုင်ရှင် သင်္ဘောလိုင်းက ထုတ်ပြန်ထားပါတယ်။ CDCကတော့ ဒီလို ပြဿနာတွေ ကြုံနေတဲ့ သင်္ဘောတွေနဲ့ ပတ်သက်လို့ စုံစမ်း သိရှိသမျှ သတင်း အချက်အလက်တွေကို ထုတ်ပြန်သွားမှာ ဖြစ်ပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေလည်း ပြုလုပ်သွားမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။