Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လှောင်အိမ်ထဲ ဝင်လာတဲ့လူကို ကိုက်သတ်ခဲ့တဲ့ ကျားကို ဖျက်ဆီးမှာ မဟုတ်ကြောင်း ဗြိတိန် တိရစ္ဆာန်ရုံ အတည်ပြု

ဗြိတိန်က တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူကို ကိုက်သတ်ခဲ့တဲ့ ကျားတစ်ကောင်ကို ဖျက်ဆီးပစ်မှာ မဟုတ်ကြောင်း တိရစ္ဆာန်ရုံဖက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - SWNS

ဗြိတိန်က တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူကို ကိုက်သတ်ခဲ့တဲ့ ကျားတစ်ကောင်ကို ဖျက်ဆီးပစ်မှာ မဟုတ်ကြောင်း တိရစ္ဆာန်ရုံဖက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက ဒွန်ကက်စတာမှာရှိတဲ့ ယော့ခ်ရှိုင်းယား သားရိုင်းဥယျာဉ်ထဲက ကျားလှောင်အိမ်ထဲ ဝင်သွားတဲ့ အမျိုးသား တစ်ယောက်ကို အယ်လ်တိုင်ဆိုတဲ့ ကျားတစ်ကောင်က ကိုက်သတ်ခဲ့တာ ဖြစ်ပါတယ်။

ယော့ခ်ရှိုင်းယား တောင်ပိုင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူဟာ အောက်တိုဘာ ၁၀ ရက်နေ့က ကျားလှောင်အိမ်ထဲ ဝင်သွားတာကို တွေ့ခဲ့ရကြောင်း၊ သူဟာ ကျားကိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ ကျားကတော့ ထိခိုက်ဒဏ်ရာ မရခဲ့သလို လွတ်မြောက်သွားတာလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ လူသေမှု အပြီးမှာ တိရစ္ဆာန်ရုံကို ယာယီ ပိတ်ထားလိုက်ပါတယ်။ ဝန်ထမ်းတွေ အနေနဲ့ အဲဒီဖြစ်ရပ်ကနေ စိတ်ပိုင်းဆိုင်ရာ ပြန်ပြီး နာလန်ထူလာမယ့် အချိန်ထိ တိရစ္ဆာန်ရုံကို ပြန်ဖွင့်ဦးမှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျားလှောင်အိမ်ထဲ ဝင်သွားတဲ့ အမျိုးသားတစ်ဦး ကျားကိုက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့ သတင်းကို ကြားသိခဲ့ကြောင်း၊ ကယ်ဆယ်ရေး အဖွဲ့တွေ အရေးပေါ် သွားရောက်ခဲ့ပေမယ့် လူနာဟာ အခင်းဖြစ်တဲ့ နေရာမှာတင် သေဆုံးနေပြီ ဆိုတာကို ဝမ်းနည်းစရာ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ အမျိုးသားဟာ ဘာအကြောင်းကြောင့် ကျားလှောင်အိမ်ထဲ ဝင်သွားခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

လူသေဆုံးစေခဲ့တဲ့ ကျားကိုတော့ ဖျက်ဆီးပစ်မယ့် အစီအစဉ် မရှိဘူးလို့ တိရစ္ဆာန်ရုံဖက်က အတည်ပြုထားပါတယ်။ အယ်လ်တိုင်ကို ဘာလုပ်ပစ်မလဲ ဆိုတာကို စိုးရိမ်တကြီး ဆက်သွယ် မေးမြန်းသူတွေ အများကြီး ရှိခဲ့ကြောင်း၊ အခုဖြစ်စဉ်ကို အကြောင်းပြုပြီး အယ်လ်တိုင်ကို ငြင်သာတဲ့နည်းနဲ့ ဇီဝိန်ချွေ ဖျက်ဆီးတာမျိုး လုံးဝ မလုပ်ဘူးဆိုတာ အခိုင်အမာ ပြောလိုကြောင်း တိရစ္ဆာန်ရုံက ကြေညာခဲ့ပါတယ်။

ယော့ခ်ရှိုင်းယား သားရိုင်းဥယျာဉ်ကို ၂၀၀၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျားတွေအတွက် သီးသန့် ဧရိယာကိုတော့ ၂၀၁၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဇုန်ဟာ ကမ္ဘာပေါ်မှာ မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးထိ ရှားပါးနေတဲ့ ဆိုက်ဘေးရီးယား ကျားတွေကို သဘာဝအတိုင်း ထိန်းသိမ်း စောင့်ရှောက်ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီကျား အရေအတွက်ဟာ အကောင်ရေ ၇၅၀ ဝန်းကျင်သာ ကျန်တော့ပြီး ၅၀၀ လောက်ကတော့ သဘာဝအတိုင်း သစ်တောကြီးတွေထဲမှာ ရှင်သန်နေထိုင်ကြပါတယ်။

ကိုးကား: UPI

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU)ကနေ ဗြိတိန် ခွဲထွက်ခဲ့တဲ့ ၂၀၁၆ ခုနှစ် Brexit မဲခွဲဆုံးဖြတ်မှုတွေမှာ ရုရှားက ကျိန်းသေပေါက် ဝင်စွက်ဖက်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် လေတပ်စခန်းကနေ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ရုပ်သိမ်းခဲ့တာဟာ ခြိမ်းခြောက်မှု အခြေအနေတချို့ ကြုံနေတာကြောင့် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် သုတေသန လုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင် ထောက်ပံ့ပြီး သူလျှိုလုပ်ငန်းတွေအတွက် အသုံးချနေနိုင်ကြောင်း ဗြိတိန် ထောက်လှမ်းရေးဌာန MI5က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ဝေဟင်ဆီဖြည့် အထောက်အပံ့မျိုး ကူညီပေးသွားမယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

Facebook