Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်က IMF-ကမ္ဘာ့ဘဏ် အစည်းအဝေး ကျင်းပတဲ့ နေရာနားမှာ လူပေါင်းရာနဲ့ချီ စုဝေးဆန္ဒပြ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်တို့ အစည်းအဝေး ကျင်းပတဲ့ နေရာနားမှာ လူပေါင်း ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - AP

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်တို့ အစည်းအဝေး ကျင်းပတဲ့ နေရာနားမှာ လူပေါင်း ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က IMF-ကမ္ဘာ့ဘဏ် အစည်းအဝေး ကျင်းပနေရာ မိဖုရားကြီး သီရိခေတ် နိုင်ငံတော် ကွန်ဗန်းရှင်း စင်တာနားမှာ ဆန္ဒပြမယ့်သူတွေ စုဝေးခဲ့ကြပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ IMFကို ဆန့်ကျင်တဲ့ ပြည်သူ့ကွန်ရက်ဆိုတဲ့ အစုအဖွဲ့က စင်တာနားမှာ စုဝေးခဲ့ပေမယ့် အစည်းအဝေး ကျင်းပတဲ့ နေရာထိ မရောက်အောင် ရဲတွေက တားဆီးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လူပေါင်း ၆၀၀ လောက် ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ မြို့ထဲက လမ်းမကြီး တချို့မှာ လှည့်လည် ချီတက်ခဲ့ကြပြီး စတုတ္ထရာမ လမ်းဆုံနားမှာတော့ ရဲတွေက ပိတ်ဆို့ တားဆီးခဲ့ပါတယ်။ နောက်တော့ နှစ်ဖက် ဆွေးနွေး ညှိနှိုင်းကြပြီး ခပ်လှမ်းလှမ်း နေရာတစ်ခုထိ ဆုတ်ခွာပေးဖို့ ဆန္ဒပြသူတွေက သဘောတူခဲ့ပါတယ်။

ဆန္ဒပြသူတွေက ကမ္ဘာ့ဘဏ်နဲ့ IMFတို့ဟာ ထိုင်းက လူ့အဖွဲ့အစည်းတွေကို ထိခိုက်နစ်နာစေမယ့် စီမံကိန်းတွေကို အားပေး ထောက်ခံနေတယ်လို့ စွပ်စွဲထားပါတယ်။ ဆန္ဒပြသူတွေက ဆွေးနွေးပွဲ ရလဒ်တွေကို စောင့်ကြည့်ပြီး လိုအပ်ရင် ကန့်ကွက်ဖို့အတွက် အောက်တိုဘာ ၁၆ ရက်နေ့ထိ လူစုထားမယ်လို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့ပိုင်းစီးပွားရေးစင်္ကြံ (EEC)လို စီမံကိန်းတွေကို ကမ္ဘာ့ဘဏ်နဲ့ IMFက အားပေးနေကြောင်း၊ ထိုင်းအစိုးရကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေကို ခွင့်ပြုထားသလို ပြည်သူ့ကြွေးမြီတွေလည်း တိုးလာနေကြောင်း ဆန္ဒပြသူတွေက ဆိုပါတယ်။ အဲဒီလို စီမံကိန်းတွေနဲ့ မူဝါဒတွေဟာ ဒေသခံ လူထုရဲ့ အသက်မွေးဝမ်းကြောင်းမှုတွေကို ထိခိုက်နစ်နာစေတယ်လို့လည်း ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ဘန်ကောက်ရဲ့ လူကူးခုံးတံတားတွေပေါ်မှာ ဆိုင်းဘုတ်တွေ ချိတ်ဆွဲချိန်မှာ ရဲတွေနဲ့ နည်းနည်း အခြေအတင် ဖြစ်ခဲ့ပါတယ်။ မူလက ရဲတွေက အဲဒီလို ချိတ်ဆွဲတာကို ခွင့်ပြုပေမယ့် နောက်တော့ လာရောက် တားမြစ်ရာက ပြဿနာ စခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြ ချီတက်ပွဲကို အဓိက ဦးဆောင်နေသူ တစ်ဦးက ဒီချီတက်မှုဟာ IMF-ကမ္ဘာ့ဘဏ် အစည်းအဝေးကို နှောင့်ယှက်ဖို့ မဟုတ်ဘဲ လူထုရဲ့ ထိခိုက်နစ်နာမှုတွေကို ဖော်ထုတ်ပြဖို့သာ ရည်ရွယ်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးသူငယ် လိင်အမြတ်ထုတ်မှုနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေအတွက် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (အင်တာပိုလ်)က အလိုရှိကြောင်း Red Notice ထုတ်ပြန်ထားတဲ့ တောင်ကိုရီးယား အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ နိုင်ငံရေးကနေ အနားယူပြီး အေးအေးချမ်းချမ်း နေထိုင်သွားဖို့ ဆန္ဒရှိနေကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

သတင်း

လုပ်သား​တွေအ​ပေါ်အမြတ်ထုတ်​နေတဲ့ပွဲစားတွေကိုဖမ်းဆီးအ​ရေးယူ​ပေးဖို့​တောင်းဆို

နိုင်ငံတကာ

ဘုရင့်မိဖုရားကြီးက လေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးကို တစ်ကိုယ်တော် မောင်းနှင် ပျံသန်းပြခဲ့တဲ့ ကိစ္စဟာ ထိုင်းပြည်သူတွေကြားမှာ လူပြောအများဆုံး သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။