Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ စစ်ကြောင်း၊ ကင်းပုန်းနဲ့ ရိက္ခာကားတွေ တိုက်ခိုက်ခံရ

‌မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Screenshot

အောက်တိုဘာ-၂၀ ၊၂၀၂၆။ဖိုးသား/People’s Spring

‌မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ယောဒေသ (ဆော၊ လောင်းရှည်၊ကျောက်ထုမြို့နယ်)တွေမှာ ဖော်ဆောင်တဲ့ ဒရုန်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေအတွင်းက မှတ်တမ်းတချို့ဖြစ်တယ်လို့ ဆိုပါတယ်။

အသေခံဒရုန်းတွေနဲ့တိုက်ခိုက်မှုရုပ်သံမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းဖြတ်တောက်စက် အပါအ၀င် Drone GCS လို့ခေါ်တဲ့ မြေပြင်ထိန်းချုပ်ရေးစနစ်တွေကို တိုက်ခိုက်နိုင်ခဲ့တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

“ဆောကို အာဏာသိမ်းစစ်တပ်က အင်အား တောက် လျှောက်ဖြည့်နေတယ်။အထူးသဖြင့် ကျင်ဒွေးဘက် တိုက်ပွဲက တောက်လျှောက်ပဲ။ဒရုန်းနဲ့ တိုက်နေတာ တွေက ထိရောက်သင့်သလောက်ထိရောက်တယ်။အခုရက် ပိုင်း စစ်တပ်ယာဉ်တွေ တိုက်ခိုက်ခံရတာရှိပါသေးတယ်”လို့ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူက လူထုနွေဦးကို ပြောပါတယ်။

ဒါ့အပြင် ဆော-လောင်းရှည်လမ်းပိုင်းကို အပြည့်အ၀ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့အသိပေးပါတယ်။

စစ်တပ်က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၅ )- လောင်းရှည် နဲ့ ဆောလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး အင်အားရာနဲ့ချီသုံးပြီး ဇူလိုင်လကတည်းက စစ်ကြောင်းတွေနဲ့ လှုပ်ရှားနေတာဖြစ်ပါတယ်။

လက်ရှိ စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် ဆောမြို့နယ်က ကားလမ်းတချို့ကို တော်လှန်ရေးတပ်တွေက အသုံးပြုခွင့်ပိတ်ထားပါတယ်။

ဆောမြို့နယ်ထဲက အဓိကလမ်းပိုင်းတွေနဲ့ ချင်း ပြည်နယ်တောင်ဘက် မင်းတပ်နဲ့ ကန်ပက်လက် မြို့တွေကို ထိန်းချုပ်ချင်‌နေတဲ့ စစ်တပ်က မေလကစပြီး စက်တင်ဘာလကုန်အထိ ဆောမြို့နယ် ကို ၅လအတွင်းပို့ခဲ့တဲ့ အင်အား ၄၅၀၀ ၀န်းကျင်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ဆောမြို့နယ်၊လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ် ကျင်ဒွေးမြို့ဘက်ကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာ နောက်ဆုံးပတ်ကတည်းက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။

သတင်း

ဒေသခံတွေ ရေဘေးအပြင် စစ်ဘေးကြုံနေ၊ စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ ခရစ်ယာန်ဘုရားကျောင်းပျက်စီး