Connect with us

Hi, what are you looking for?

သတင်း

ရေစကြို သစ်ကြီးတော လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၂ ဦးရဲ့ အချက်အလက်တွေထုတ် ပြန်၊ (၁)နှစ်ခွဲကလေးငယ်ကနေ (၈၀)အရွယ် အဘွားအိုအထိ ပါဝင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် တစ်နှစ်ခွဲကလေးငယ်ကနေ အသက် ၈၀ အရွယ် အဘွားအိုအထိ ပါဝင်ပြီး သေဆုံးခဲ့သူ ၁၂ ဦးရဲ့ အချက်အလက်တွေကို ရေစကြိုသတင်းအချက်အလက်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

(သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံံ- U Pyay

အောက်တိုဘာ ၂၀၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် တစ်နှစ်ခွဲကလေးငယ်ကနေ အသက် ၈၀ အရွယ် အဘွားအိုအထိ ပါဝင်ပြီး သေဆုံးခဲ့သူ ၁၂ ဦးရဲ့ အချက်အလက်တွေကို ရေစကြိုသတင်းအချက်အလက်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်း ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂) ဦး၊ သက်ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦး သေဆုံးခဲ့ရကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက အသိပေးပါတယ်။

သေဆုံးသူတွေဟာ

Public Service Announcement

Public Service Announcement

(၁) မောင်အောင်ဖုန်းခန့် (၂၃ နှစ်)

(၂) ဒေါ်ညို (၈၀ နှစ်)

(၃) ဒေါ်ကြည်ဝင်း (၇၀ နှစ်)

(၄) ကိုသန်းလင်း (၃၀ နှစ်)

(၅) မအေးမြတ်သူ (၂၉ နှစ်)

(၆) မောင်ဆန်းလင်းအောင် (၂၅ နှစ်)

(၇) မအိသက်လျာမင်း (၁၈ နှစ်)

(၈) မအေးသန်းကြွယ်ရဲ့ကလေး ( ၁ နှစ် ၆ လ)

(၉) ကိုဖိုးချွန် (၃၅ နှစ်)

(၁၀) မောင်ရဲလင်းသူရိန် (၇ နှစ်)

(၁၁) ဒေါ်အေးသန်းကြွယ် (၃၉ နှစ်)

(၁၂) ဦးအောင်ဌေး (၆၅ နှစ်) (ပိတ်သင်းကပ်ရွာ)

တို့ဖြစ်ကြောင်း အထက်ပါကော်မတီက ထုတ်ပြန်ပါတယ်။

နံပါတ် စဥ်(၁၁)က ဒေါ်အေးသန်းကြွယ်ဟာ (၁)နှစ်ခွဲကလေးရဲ့မိခင်ဖြစ်ပြီး သားအမိ ၂ဦးလုံး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

အဲဒီစာရင်းဟာ ဒီကနေ့အချိန်အထိ အတည်ပြုရရှိထားတဲ့ သစ်ကြီးတောရွာမှ (၁၁) ဦး၊ ပိတ်သင်းကပ်ရွာမှ (၁) ဦးတို့ရဲ့ ဒေသခံသေဆုံးသူစာရင်းတွေဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူတွေ၊ ပြင်းထန်ဒဏ်ရာရသူတွေနဲ့ဆေးကုသဖို့ အခက်အခဲမျိုးစုံကြုံတွေ့နေရပြီး၊ အခင်းဖြစ်ပွါးတဲ့နေ့က အပိုင်းပိုင်းပြတ်ထွက်ပြီး အသားစတွေကိုသာ သင်္ဂြိလ်ပေးခဲ့ရသူတွေလည်းရှိကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ထပ်မံအသိပေးပါတယ်။

အခြားသတင်းရင်းမြစ်တွေ ပြောကြားချက်အရ သေဆုံးသူ (၁၅) ဦး အထိ ရှိလာပြီလို့လည်း သိရပါတယ်။

“ဟုတ်ပါတယ်၊ အတည်မပြုနိုင်လို့ပါ။ ဈေးလာရောင်းတဲ့သူတွေ၊ ခရီးသွာဧည့်သည်တွေဆို မသိနိုင်ကြဘူး၊ အခုဟာက ရွာခံတွေ စာရင်းကောက်ယူလို့ရတာ အတည်ပြုနိုင်တာပါ”လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) ကနေ အသေခံဒရုန်းနှစ်စီး၊ ညောင်ဦးနဲ့ မကွေးဘက်ကနေ ရောက်ရှိလာတဲ့ MI-35 ရဟတ်ယာဉ်တွေ၊ Jetfighter တွေဟာ သစ်ကြီးတောရွာက စတားလင့် အင်တာနက်ဆိုင်အပါအဝင် ပိတ်သင်းကပ်ကျေးရွာနဲ့ သစ်ကောက်ဆိပ်ကျေးရွာတွေဆီကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ National University of Computer Studies (NUCS)မှာ ပညာသင်ကြားလနေတဲ့ BATCH-2 မှ ကျောင်းသား Kiyotaka ဆိုသူလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း Student Representative Committee (NUCS) အလုပ်အမှုဆောင်အဖွဲ့က အသိပေးပါတယ်။

အောက်တိုဘာ ၁၈ရက်မှာလည်း စစ်တပ်က သစ်ကောက်ဆိပ်ရွာကို အသေခံဒရုန်းနှစ်စီးနဲ့ လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်အာဏာသိမ်းစစ်တပ်ဟာအောက်တိုဘာ ၁၈ရက် နေ့လယ်ပိုင်းက ပခုက္ကူမြို့နယ်၊ အုန်းတောရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြန်တာကြောင့် အမျိုးသမီး (၄)ဦးနဲ့ အမျိုးသား (၁) ဦး၊ စုစုပေါင်း (၅) ဦး သေဆုံးခဲ့ပြန်ပါတယ်။ သေဆုံးသူ အမျိုးသမီး (၄) ဦးထဲမှာ အသက် (၈) နှစ်အရွယ် ကလေးမလေးတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ​ကြောင့် သုံးရက်အတွင်း ​ရေစကြိုနဲ့ ပခုက္ကူမြို့နယ်တို့ကို စစ်တပ်ကဗုံးကြဲလို့ပြည်သူ(၂၀)ဦးထက်မနည်း​သေဆုံးခဲ့ပါတယ်။

ရေစကြိုနယ်ဗုံးကြဲခံရမှု​ကြောင့် သစ်ကြီးတောရွာအပါအဝင် ဝက္ကတော၊ ပိတ်သင်းကပ် နဲ့ သစ်ခေါက်ဆိပ်ရွာတို့က ဒေသခံပြည်သူ​တွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ။ ဒါ့အပြင်စိုက်ပျိုးရေးနဲ့ ဝမ်းစာအတွက်အားထားရတဲ့ကျွဲနွားတိရစ္ဆာန်​တွေလည်း ဗုံးဆံကြောင့် ဒဏ်ရာပြင်းထန်စွာရပြီးသေဆုံးခဲ့ကြရတာရှိပါတယ် ။

ဒါဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူ​တွေနဲ့ သူတို့ရဲ့ လူမှုစီးပွားဘဝကို ပြာကျ​အောင်လုပ်တဲ့ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ စစ်ရာဇဝတ်မှု (War Crime) ကို ဗြောင်ကျကျ ကျူးလွန်လိုက်တာပဲဖြစ်တယ်လို့အမျိုးသားညီညွတ်​ရေးအစိုးရက​ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောဆိုတဲ့ ရွာလေးတစ်ရွာဟာ သာမန်နေ့တွေလိုပဲအမွှေးတိုင်လုပ်သူကလုပ်၊ အိမ်အလုပ် လုပ်သူကလုပ်နဲ့ ဖြတ်သန်းနေကြတယ်။ သစ်ကြီးတောရွာဟာ နာလန်ထတာ သိပ်မကြာသေးဘူးရယ်။ တခြားအညာဒေသက ရွာတွေလိုပဲ သစ်ကြီးတောဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှု​တွေကို ခံခဲ့ရတယ်။

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီးက ပြောပါတယ်။