Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်သစ်မှာ ကြုံတွေ့နေတဲ့ အဓိကရုဏ်း အခြေအနေတွေကို ထရမ့်လှောင်ပြောင်

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အကျပ်အတည်း ကြုံနေတဲ့ ပြင်သစ်ရဲ့ အခြေအနေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက် နောက်ပြောင်သွားပါတယ်။

ဓာတ်ပုံ - Reuters

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အကျပ်အတည်း ကြုံနေတဲ့ ပြင်သစ်ရဲ့ အခြေအနေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက် နောက်ပြောင်သွားပါတယ်။

အသုံးစရိတ်တွေ မြင့်တက်လာတာ၊ အစိုးရ ဝန်ဆောင်မှု စနစ်တွေ ဆုတ်ယုတ်လာတာကို မကျေနပ်ရာက ပြင်သစ်မှာ ဆန္ဒပြပွဲတွေ စတင်လာပြီး မကြာသေးခင် ရက်ပိုင်းတွေမှာတော့ အဓိကရုဏ်းဆန်ဆန် အခြေအနေတွေလည်း ပိုမို ဆိုးရွားလာခဲ့ပါတယ်။ ပါရီအပါအဝင် မြို့ကြီးတွေမှာ မီးရှို့မှုတွေ၊ လုယက်မှုတွေနဲ့ တခြားရမ်းကားရန်လိုမှုတွေလည်း ဖြစ်ပေါ်လာပြီး ရဲတပ်ဖွဲ့က ကိုင်တွယ်ထိန်းသိမ်းဖို့ ရုန်းကန်နေရပါတယ်။

ပြင်သစ်မှာ အဲဒီလို ဝရုန်းသုန်းကားတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ထရမ့်က နောက်တောက်တောက် သဘောမျိုး အရွှန်းဖောက် ပြောဆိုခဲ့ပြီး ပြင်သစ်ဆိုတာဟာ တော်လှန်ရေးတွေရဲ့ ဘူမိနက်သန် နေရာတစ်ခု ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

သူက ဒေါ်လာ ၅၀၀၀ ရလာရင် လှပပြီး ဆူပူမှုတွေ၊ တော်လှန်ရေးတွေ မရှိတဲ့ ပြင်သစ်ကို သွားကြမလားလို့ နောက်ပြောင်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒေါ်လာ ၅၀၀၀ ဆိုတာက နိုဝင်ဘာလ ကြားကာလ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီက လွှတ်တော် နှစ်ရပ်စလုံးမှာ ဆက်လက် အနိုင်ရမယ်ဆိုရင် အရွယ်ရောက်ပြီး အမေရိကန် နိုင်ငံသား တစ်ဦးစီအတွက် အစိုးရက ထောက်ပံ့ပေးမယ်လို့ ထရမ့်က ကမ်းလှမ်းထားတဲ့ ငွေကြေးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၆ ရက်နေ့တုန်းက ဂျော်ဂျီယာမှာရှိတဲ့ ဒယ်လ်တန်မှာ ပြုလုပ်တဲ့ မဲဆွယ်မှု တစ်ခုအတွင်း ထရမ့်က အဲဒီငွေကြေး ခွဲဝေပေးမယ့် ကိစ္စကို ထပ်လောင်းပြောဆိုရင်း ပြင်သစ်က အခြေအနေတွေကို အရွှန်းဖောက်သွားခဲ့တာပါ။ အဲဒီလို အလားတူ လှောင်ပြောင်တဲ့ စကားမျိုးကို နောက်တစ်နေ့၊ ကန်တက်ကီပြည်နယ်၊ ဟိုက်လန်းဟိုက်စ်မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲ တစ်ခုမှာ ထရမ့်က ထပ်ပြောခဲ့ပါသေးတယ်။

သူက ပြင်သစ်ဟာ တော်လှန်ရေးလုပ်ဖို့ အင်မတန် ကောင်းတဲ့ နေရာဖြစ်ကြောင်း၊ ဒါက မယုံနိုင်စရာဖြစ်ကြောင်း၊ ဒေါ်လာ ၅၀၀၀ ရလာရင် ပြင်သစ်ကိုသွားပြီး တော်လှန်ရေးမှာ ပူးပေါင်းသင့်ကြောင်း နောက်ပြောင် ပြောဆိုသွားပါတယ်။

အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကတော့ ပြင်သစ်က ဆန္ဒပြပွဲတွေမှာ ဖြစ်ပွားနေတဲ့ ရမ်းကားမှုတွေ၊ အဓိကရုဏ်းတွေကို ဝေဖန် ရှုတ်ချခဲ့သလို ဒီလိုတွေ ဖြစ်ကုန်တာဟာ ပြင်သစ်နဲ့ အနောက်ဥရောပ နိုင်ငံတွေက လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး လျော့ရဲလွန်းတာကြောင့် ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ပြင်သစ်မှာ ဆန္ဒပြပွဲတွေက ဆက်ပြီး အရှိန်ကောင်းနေဆဲ ဖြစ်သလို အစိုးရဟာ ပါရီမြို့တော်ရဲ့ အစိတ်အပိုင်းတချို့နဲ့ မြို့ကြီးတချို့တို့မှာ ညမထွက်ရ အမိန့်တွေပါ ထုတ်ပြန်ထားရပါတယ်။

ကိုးကား: NewsWatch Plus

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ရဲ့ ကြားကာလ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်အပေါ် လူထုထောက်ခံနှုန်းဟာ စံချိန်တင် ကျဆင်းလာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နောက်လထဲမှာ တရုတ်၊ ရုရှား သမ္မတတွေနဲ့ တွေ့ဆုံပြီး သုံးပွင့်ဆိုင် လက်နက် ထိန်းချုပ်ရေးကိစ္စ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီးပြီဆိုတဲ့ သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် သူ့အစိုးရရဲ့ စီမံကိုင်တွယ်မှုအပိုင်းမှာ လစ်ဟာမှုတွေ ရှိခဲ့တာကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဝန်ခံခဲ့ပါတယ်။