Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါ စစ်စခန်း မီးလောင်မှုမှာ ၄ ဦးသေပြီး ဒဏ်ရာပြင်းသူလည်း အများအပြားရှိ

မြက်ခြောက်တွေမှာ မီးကူးစက်ရာက စတင်တယ်လို့ ယုံကြည်ရတဲ့ ကနေဒါ စစ်စခန်း မီးလောင်မှုမှာ တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကနေဒါ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

မြက်ခြောက်တွေမှာ မီးကူးစက်ရာက စတင်တယ်လို့ ယုံကြည်ရတဲ့ ကနေဒါ စစ်စခန်း မီးလောင်မှုမှာ တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကနေဒါ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က အယ်လ်ဘာတာ ပြည်နယ်မှာရှိတဲ့ ဝါးရိုက် ကြည်းတပ်စခန်းမှာ ကျည်အစစ်တွေ အသုံးပြုပြီး လေ့ကျင့်ပစ်ခတ်နေချိန်မှာ မီးကူးစက် လောင်ကျွမ်းမှုတွေ ဖြစ်ပွားပြီး လူသေဆုံးမှုတွေ ကြုံတွေ့ခဲ့တာပါ။ အစောပိုင်း သတင်းတွေက လူ ၇ ဦး သေဆုံးတယ်လို့ ဖော်ပြခဲ့ပေမယ့် အောက်တိုဘာ ၁၈ ရက်နေ့မှာ ကနေဒါ စစ်တပ်က ၄ ဦးသေပြီး အပြင်းအထန် ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို အတိအကျ မထုတ်ပြန်သေးပေမယ့် ကျည်အစစ်တွေ အသုံးပြုပြီး လက်တွေ့ ပစ်ခတ် လေ့ကျင့်မှုတွေကနေ မြက်ခြောက်တွေမှာ မီးပွားကျပြီး တငွေ့ငွေ့ လောင်ကျွမ်းရာက စတင်တယ်လို့ ယုံကြည်ရပါတယ်။ အဲဒီနောက် တစ်နာရီကို ၉၆ ကီလိုမီတာနှုန်းလောက်ထိ အားကောင်းတဲ့ လေပြင်းတွေ တိုက်ခတ်ရာက လေ့ကျင့်ရေး ကွင်းထဲမှာ ရှိနေတဲ့ ကနေဒါ စစ်သားတွေဆီ မီးတွေ ကူးစက်ကုန်တာ ဖြစ်ဖွယ် ရှိနေပါတယ်။

ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးက ငြိမ်းချမ်းနေတဲ့ ကာလတွေအတွင်း အခုဖြစ်ရပ်ဟာ ကနေဒါ မြေပေါ်မှာ တပ်ဖွဲ့ဝင်တွေ အများဆုံး ထိခိုက်သေဆုံးရတဲ့ ကြေကွဲစရာ ဖြစ်ရပ်တစ်ခု အနေနဲ့ မှတ်တမ်းဝင်သွားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသက်ပေးခဲ့ရတဲ့ ရဲရင့်တဲ့ တပ်ဖွဲ့ဝင်တွေ အားလုံးအတွက် တစ်နိုင်ငံလုံးက ကြေကွဲ ဝမ်းနည်းနေကြောင်းလည်း ကာနေးက အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာရသူ အရေအတွက်ကို အသေးစိတ် မသိရသေးပေမယ့် ၃၁ ယောက်လောက်ဟာ ဒဏ်ရာ အတော်လေး ပြင်းထန်တယ်လို့ Globe and Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဝါးရိုက် စစ်စခန်းမှာ စစ်မှုထမ်း ၁၃၀၀ လောက် တပ်စွဲထားပါတယ်။ အယ်ဘ်ဘာတာရဲ့ အက်ဒ်မန်တန်မြို့ကနေ အရှေ့ဖက် ၂၁၀ ကီလိုမီတာလောက် အကွာမှာ တည်ရှိတဲ့ ဝါးရိုက်ဟာ နိုင်ငံရဲ့ အကြီးဆုံး စစ်စခန်းတွေထဲက တစ်ခုပါ။ စစ်စခန်းရဲ့ မြောက်ဖက်မှာ ကပ်လျက်တည်ရှိတဲ့ ဝါးရိုက် မြို့လေးကတော့ လူပေါင်း ၆၆၀၀ လောက် နေထိုင်ပါတယ်။ ပြီးတော့ လေ့ကျင့်ရေး စခန်းတစ်ခုကိုပါ ပူးတွဲ ဖွင့်လှစ်ထားပါတယ်။

စစ်စခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နောက် အက်မန်တန်မှာရှိတဲ့ ကျန်းမာရေး ဌာနတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ဌာနတွေမှာ လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဓိပ္ပါယ်ကတော့ အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်တယ် ဆိုတာပါ။

စစ်စခန်းမှာ လောင်တဲ့မီးဟာ အနီးတဝိုက် လူနေဧရိယာ တချို့ကိုပါ ကူးစက်ခဲ့ပေမယ့် ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းရတဲ့ အခြေအနေမျိုးထိတော့ မကျယ်ပြန့်ခဲ့ဘူးလို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ